ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို တစ်ပြိုင်နက် တိုက်ခိုက်၊ ဒု-တပ်ရင်းမှူးအပါအဝင် (၂၀)ကျော်သေဆုံး
မေ ၂၊ ၂၀၂၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းက ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါကျေးရွာများ အပါအဝင် နောင်ကုန်းတံတားတွေမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ် ဒု-တပ်ရင်းမှူးအပါအဝင် စစ်သား (၂၀)ကျော်သေဆုံးခဲ့တယ်လို့သိရပါတယ်။
အဆိုပါစစ်ကောင်စီတပ်တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး အပါအဝင် (၂၀)ကျော် သေဆုံးခဲ့သလို၊ အများအပြားလည်း ထိခိုက်ဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြပြီး၊ တိုက်ပွဲများအတွင်းမှ လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ (၃၀)ကျော်နဲ့ ခဲယမ်းများ၊ စစ်သုံးပစ္စည်း အမြောက်များကို သိမ်းဆည်းရရှိတယ်လို့ အမျို