မုန်းမြို့အနီးရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်

by

in

မုန်းမြို့အနီးရှိ စစ်ကောင်စီ ခြေကုပ်စခန်းများကို KNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်
ဧရာဝတီတိုင်းမ်
မေ ၂ ရက်

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်မှုနယ်မြေ မူးမြို့နယ်(မုန်း) အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများကို ပြီးခဲ့သည့် ဧပြီ ၂၈ ရက်နေ့ စခန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ထံမှ သိရသည်။
စစ်ကောင်စီလက်‌အောက်ခံ တပ်များဖြစ်သည့် ခလရ-၆၀ တပ်ရင်း၊ ခလရ-၇၃ တပ်ရင်း တို့မှ ထိုးစစ်ဆင်ကာ ခြေကုတ်ယူ စခန်းချထားသည့် နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ရန်မျိုးအောင်၊ ရွာကြီးအင်းကျွန်းကုန်း(နိုကလော်)၊ တောင်စုကျေးရွာများ ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဒု-တပ်ရင်းမှူး နှင့် အရန်တာဝန်ခံဗိုလ်တစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်အများအပြားထိခိုက်သေဆုံးကာ ဒဏ်ရာရရှိမှုများရှိပြီး လက်နက်ခဲယမ်းအများအပြား ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် အဆိုပါကျေးရွာများတွင် တပ်စွဲထားမှုကြောင့် ဒေသခံများမှာ ၎င်းတို့၏ပိုင်ဆိုင်မှုများကိုထား၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရပြီး ဒုက္ခများစွာ ကြုံတွေ့ခဲ့ကြရကြောင်း KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ – ကရင်အမျိုးသားအစည်းအရုံး
#ကျောက်ကြီး #မုန်း #စစ်ကောင်စီ #စခန်း #စခန်းသိမ်း #KNLA #တိုက်ပွဲ #Ayeyarwaddy_Times