ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီမှရဲမေများအပါအဝင်အမျိုးသမီးများလက်နက်ချဟုဆို
ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း/People’s Spring
ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ
ရဲမေများအပါအဝင် အမျိုးသမီး ၁၀၀ ကျော် လက်နက်ချရာကိုယ်ဝန်ဆောင်များပါဝင်နေကြောင်းစစ်ရေးရင်းမြစ်အချို့ကပြောသည်။
“၂၁ထဲက ရဲမေ ၁၀၀ ကျော် လက်နက်ချတယ်။ကိုယ်ဝန်ဆောင်တွေပါတယ်” ဟု စစ်ရေးရင်းမြစ်တဦးကပြောသည်။ ထိုကြောင့် စစ်ကောင်စီကကိုယ်ဝန်ဆောင်ရဲမေများကို အသုံးပြုနေခြင်းဖြစ်ကြောင်း အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကဆက်ပြောသည်။
သို့သော်အခြားစစ်ရေးရင်းမြစ်တဦးကမူ စစ်ကောင်စီတပ်စွဲရာစခန်းများမှ အမျိုးသမီးများကိုဖမ်းမိသည်မှာမှန်သော်လည်း စကခ ၂၁ မှမဟုတ်ဘဲ မြို့ထဲရှိ စခန်းများမှဖြစ်ကာ ၊၎င်းတို့မှာ ရဲမေ ဟုတ် ၊မဟုတ် မသိကြာင်းပြောသည်။
ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာ
မိတ် ပူးပေါင်းတပ်များက ဗန်းမော်မြို့ရှိ စစ်ကောင်
စီ လက်ကျန်စခန်း များ ၊တပ်ရင်းများ ၊တပ်ရင်းဌာနချုပ်များအားလုံးကို တပြိုင်တည်း ထိုးစစ်ဆင်နေပြီး တိုက်ပွဲများပြင်းထန်နေသည်ဟုစစ်ရေးသတင်းရင်းမြစ်ကပြောသည်။
“ဗန်းမော်ဂွင်မှာ ရဲတွေလက်နက်ချတာမှန်တယ်။ ရဲမေတွေ။ ပိတ်မိနေတာ ကြာပြီဆိုတော့အိမ်
ထောင်သည်ရဲမေတွေလည်း ဗိုက်ကြီးတွေနဲ့လေ”ဟု CDM ရဲတစ်ဦးကလည်းပြောသည်။
KIA နှင့် ပူးပေါင်းတပ်က ဧပြီ ၂ ရက်မှ ၂၂ ရက်အထိ ထိုးစစ်ကို စစ်ကိုင်းငလျင်ကြောင့်ရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးများလုပ်ကိုင်နိုင်ရန် ယာယီပ်နားခဲ့သည်။ထို့နောက် ဧပြီ ၂၅ ရက်မှစ၍ ပြန်လည်ထိုးစစ်ဆင်နေရာ စကခ ၂၁ ၏ ကာကင်းစခန်းအချို့ကိုထပ်မံ သိမ်းပိုက်ရရှိခဲ့ပြီး အရာရှိအပါအဝင် စစ်သုံ့ပန်းများကို KIA က ဖမ်းဆီးရမိထားသည်ဟု သတင်းရရှိသည်။
စကခ ၂၁ကို ခုခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များစတင်ဆုတ်ခွာထွက်ပြေးနေပြီး တိုက်ပွဲပြင်း
ထန်နေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
ထို့အပြင် စစ်ကောင်စီသည် မြစ်ကြီးနား-မိုး
ကောင်း -ဖားကန့်လမ်း နှင့် အင်းတော်ကြီး-ကာမိုင်း -ဖားကန့်လမ်းပိုင်းတို့မှတဆင့် ဖားကန့်ကို အင်အားဖြည့်ရန် ကြိုးစားနေရာ အဆိုပါလမ်းပိုင်းနှစ်ခုစလုံး၌ တိုက်ပွဲများပြင်းထန်နေသည်။
ဗန်းမော်တိုက်ပွဲအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်
ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ရန်ကြိုးစားနေသော်လည်းဆက်သွယ်မရသေးပေ ။ KIA နှင့် ပူးပေါင်းတပ်များက ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှစ၍ ကချင်ပြည်နယ်၏ ဒုတိယမြို့တော်ကို သိမ်းပိုက်ရန် စတင်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
(စစ်ရေးပြအခမ်းအနားတစ်ခူတွင်တွေ့ရသော
စစ်ကောင်စီတပ်ဖွဲ့ဝင်အမျိုးသမီးများ။
ဓါတ်ပုံ-Getty Images )
