မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်၊ မတ်လ ၂၈ ရက်နေ့ စစ်ကိုင်းငလျင်ကြီးအပြီး တစ်လပြည့်ချိန် နောက်ဆက်တွဲငလျင်များ လှုပ်နေဆဲ
ရန်ကုန်၊ ဧပြီ ၂၇
မန္တလေးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိသော ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ်ရကြောင်း NUG ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ၏ ပြောကြားချက် အရ သိရှိရသည်။
ယနေ့ ဧပြီလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀ နာရီ ၂၅ မိနစ်အချိန်ခန့် မန္တလေးတိုင်း၊ မန္တလေးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄ ဒသမ ၄ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန က ယနေ့ညပိုင်း သတင်းထုတ်ပြန်သည်။
ယနေ့ည ၁၀ နာရီ ၂၅ မိနစ်အချိန် မန္တလေး၊ စစ်ကိုင်းနှင့် ပြင်ဦးလွင်တို့တွင် သိသာသော ငလျင်လှုပ်ခတ်မှုထပ်ဖြစ်၍ ပြည်သူများ အထိတ်တလန့်ဖြစ်ကြကြောင်း၊ မန္တလေးမြို့ပေါ်မှ ပြည်သူတချို့မှာ နေထိုင်ရာ အိမ်များမှ လမ်းမပေါ်သို့ ဆင်းပြေးကြကြောင်း သိရှိရသည်။
“မနက်ဖြန် ငလျင်ကြီးလှုပ်တာ တစ်လ ပြည့်မယ်လို့ တွေးနေတုန်းပဲရှိသေးတယ် အသံကြီးနဲ့ ငလျင်လှုပ်တယ်။ ၂ ချက်တိတိ ယိမ်းထိုးသွားတာ။ ဒီညတော့ လမ်းပေါ်မှာပဲ အိပ်လိုက်တော့မယ်” ဟု မန္တလေး၊ မဟာအောင်မြေမြို့နယ်၊မှ ပြည်သူတစ်ဦးက ဆိုသည်။
အလားတူ စစ်ကိုင်းနှင့် ပြင်ဦးလွင်တို့တွင်လည်း ယနေ့ ည ၁၀ နာရီ ၂၅ မိနစ်အချိန် ငလျင် သိသိသာသာ လှုပ်ခတ်သွားသည်ဟု ဒေသပြည်သူများက ဆိုကြသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့၊ မြန်မာစံတော်ချိန် ည ၁၀: ၂၅ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်း၊ မန္တလေးမြို့အနီး မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ ရစ်ခ်တာစကေး ၄.၄ အဆင့်နှင့် အင်အားအသင့်အတင့်ရှိသည့် မြေငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်။
မတ်လ ၂၈ ရက်နေ့ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ချိန်မှစတင်ပြီး တစ်လပြည့်သည်အထိ နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၇ လှုပ်ခတ်ခဲ့ပြီးဖြစ်သည်။
ဓာတ်ပုံ- ဧပြီလဆန်းပိုင်း ငလျင်ကို စိုးရိမ်မှုကြောင့် လမ်းပေါ် နေထိုင်ကြရသည့် ပြည်သူများ။
မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ပြည်သူများ အထိတ် တလန့်ဖြစ် (ရုပ်/သံ)