ဆော့လော်မြို့နယ်ရှိ စစ်တပ်၏ ပွိုင့်-၁၄၈၉ စခန်းကုန်းကို KIA က တိုက်ခိုက် သိမ်းပိုက်

by

in

ဆော့လော်မြို့နယ်ရှိ စစ်တပ်၏ ပွိုင့်-၁၄၈၉ စခန်းကုန်းကို KIA က တိုက်ခိုက် သိမ်းပိုက်
ရန်ကုန်၊ ဩဂုတ် ၃၁
ကချင်ပြည်နယ်၊ ဆော့လော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပွိုင့်-၁၄၈၉ စခန်းကုန်းကို KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း KIA ၏ စစ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ဆော့လော်မြို့နဲ့ ဆတီးကြော အကြားရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၁၀၅ ၊ ခလရ ၂၉၈ နှင့် ပြည်သူ့စစ် အင်အား ၈၀ ခန့် ပူးပေါင်း တပ်စွဲထားသော ပွိုင့်-၁၄၈၉ စခန်းကုန်းကို KIA တပ်မဟာ ၇ က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆော့လော်မြို့နဲ့ ဆတီးကြော အကြားက ပွိုင့်-၁၄၈၉ စခန်းကို ၃၀ ရက်နေ့ မွန်းလွဲပိုင်းက KIA တပ်မဟာ ၇ က အပြီးသတ် တိုက်ခိုက် သိမ်းပိုက်လိုက်ပါပြီ စစ်ခွေး သေစာရင်းနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေကတော့ မသိရသေးဘူး” ဟု KIA ၏ စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။