မန္တလေးPDF ထိန်းချုပ်ထားတဲ့မတ္တရာအရှေ့ခြမ်းကိုစစ်ကောင်စီစစ်ကြောင်းထိုးလို့တိုက်ပွဲတွေဖြစ်
ဧပြီ-၂၃၊၂၀၂၅။ရှိန်း/People’s Spring
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ထိန်း
ချုပ်ထားတဲ့မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်
ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်
တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေ နဲ့ နယ်ခံ တော်လှန်ရေးတပ်တွေဆီကသိရပါတယ်။
မတ္တရာမြို့နယ်အရှေ့ခြမ်းကဖယောင်းတောင်သတ္တုတွင်း၊ကျောက်တံတား နဲ့ ထန်းပင်ကုန်ကျေး
ရွာတို့ဘက်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေတိုက်ပွဲတွေဖြစ်ပွားနေတာပါ။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (ရှမ်းမန်းစစ်ဆင်ရေး)မှာမန္တလေးPDF နဲ့မဟာမိတ်တွေကစဥ့်ကူးမြို့ကို သိမ်းပိုက်ခဲ့သလို့ မတ္တရာမြို့နယ် အရှေ့ခြမ်းက စစ်တပ်တပ်စွဲရာစခန်းပေါင်း၄၀ခန့်ကိုထိုးစစ်ဆင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဖယောင်းတောင်သတ္တုတွင်းတပ်စခန်း ၊ ဆည်တော်ကြီး စစ်စခန်း ၊ လေကြောင်းရန်ကာကွယ်ရေးတပ် စခန်း စတဲ့ စစ်တပ်စခန်းတွေပါဝင်ပါတယ် ။
မတ္တရာမြို့နယ်အနောက်ခြမ်းကိုလည်းဒေသခံတော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးပြီးတိုက်ခိုက်ပြီးပြန်လည်ထိန်းချုပ်ခဲ့ပါတယ် ။ ဒါအပြင် မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကိုပါ
စစ်ကောင်စီကသင်္ကြန်အပြီးမှာစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ် ။ စစ်ကောင်စီဟာ
ဧပြီ ၂ ရက်ကနေ ဧပြီလကုန်အထိယာယီအပစ်ရပ်တယ်လို့ကြေညာပေမယ့် မြေပြင်မှာစစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်က သတင်းရင်းမြစ်တဦးက
သင်္ကြန်အပြီးမှာစစ်ကောင်စီတပ်က မန္တလေးPDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ရှမ်းကို
ထိုးစစ်ဆင်ဖို့ကြိုးစားနေတာဖြစ်တယ်လို့ ပြောပါတယ် ။ အဲလိုတိုက်ခိုက်တာမှာ စစ်ကောင်စီတပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းက မြောင်းသစ်ကုန်းကျေးရွာကို ဧပြီလ၂၀ ရက်နေ့ မှာ ခေတ္တသိမ်းယူနိုင်ခဲ့ပေမယ့် တော်လှန်ရေးတပ် တွေက ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ပြီးပြန်လည်သိမ်းယူသွားတယ်လို့ အထက်ပါသတင်းရင်းမြစ်ကဆက်ပြောပါတယ်။
မတ်လ ၂၇ ရက်ကလှုပ်ခဲ့တဲ့ဖျက်အားပြင်းငလျင်ကြီးကြောင့် မန္တလေးမြို့ အပါအဝင် မန္တလေးတိုင်းကမြို့အချို့ဟာလူသေဆုံး ၊ပျက်စီးဆုံးရှုံးမှုများ
ပြားခဲ့ပေမယ့် စစ်ကောင်စီတပ်က မန္တလေးမြို့ အ
နီးက မတ္တရာမြို့နယ်ကို စစ်ကြောင်းထိုးတိုက်ခိုက်နေတာဖြစ်ပါတယ် ။
စစ်ကောင်စီဟာ မတ္တရာအရှေ့ခြမ်းကိုစစ်ကြောင်းထိုးတိုက်ခိုက်တာမှာ မန္တလေးတောင်ခြေမှာရှိတဲ့
အမှတ်(၉၅) ခြေလျင်တပ်ရင်း(ခလရ ၉၅) နဲ့ နန်းတွင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်တွေက စစ်သားတွေကို စစ်ကူတွေဆက်တိုက်ပို့ဆောင်ထားတယ်လို့သိရပါတယ်။ဒါ့အပြင်မတ္တရာမြို့နယ် နဲ့ ပုသိမ်ကြီးမြို့ နယ်အစပ်တွေအထိ အထိုင်စခန်းတွေပြုလုပ်ပြီး အင်အားဖြည့်တင်းနေတာလို့သိရပါတယ်။
မတ္တရာမြို့နယ်အတွင်းကတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကလည်း စစ်ကောင်စီတပ်က မတ္တရာမြို့နယ်ထဲကို အင်အားထပ်တိုးနေသလို လေကြောင်း၊လက်နက်ကြီးပစ်ကူနဲ့ ထိုးစစ်ဆင်နေတာလို့ဆိုပါတယ်။ ဒါကြောင့် မတ္တရာမြို့နယ်အတွင်းမှာတိုက်
ပွဲတွေပြင်းထန်လာနိူင်ဖွယ်ရှိတယ်လို့ သူကပြောပါတယ်။
၂၀၂၄ နှစ်ကုန်ပိုင်းကတည်းစစ်ကောင်စီတပ်ဟာ
မန္တလေး PDF ထိန်းချုပ်ထားတဲ့ မတ္တရာမြို့နယ်အရှေ့ခြမ်းကို ထိုးစစ်ဆင်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် ရှေ့မတိုးနိုင်ဖြစ်ခဲ့တာပါ။
မန္တလေး PDFက ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၂
ရက်နေ့မှာ စစ်ရေးသတင်းထုတ်ပြန်ခဲ့တာမှာ စစ်ကောင်စီတပ်ဟာ မတ္တရာမြို့နယ်အတွင်း လက်
နက်ကြီးပစ်ခတ်မှုတွေသာမက မြေပြင်စစ်ကြောင်းတွေပါ အင်အားဖြည့်တင်းလာတာကြောင့် ဖယောင်းတောင် ၊ ထန်းပင်ကုန်းကျေးရွာနဲ့ မြို့ကုန်းကျေးရွာတစ်ဝိုက်မှာတိုက်ပွဲတွေဖြစ်ပွါးနေတယ်လို့ဖော်ပြခဲ့ပါတယ် ။အဲဒီနောက်ပိုင်းတိုက်ပွဲသတင်းမထုတ်ပြန်သေးပေမယ့် စစ်တပ်ဟာ
ယားယီအပစ်ရပ်ကြေညာခဲ့ပေမယ့် ဧပြီ ၁ ရက်ကနေ ဧပြီ ၁၉ ရက်အထိ မတ္တရာ ၊စဥ့်ကူး၊သပိတ်ကျင်း မြို့နယ်တွေကို ၁၈ ကြိမ်ဗုံးကြဲခဲ့ပြီး ကလေးငယ်တွေအပါအဝင် ပြည်သူ အနည်းဆုံး ၄၁ ဦးသေဆုံးပြီး ၊ ၅၈ ဦးဒဏ်ရာရတယ်လို့ မန္တလေး
PDF က ဧပြီ ၁၉ ရက်ကထုတ်ပြန်ခဲ့ပါတယ်။
(မန္တလေး PDF က ၂၀၂၄ နှစ်လယ်ပိုင်းမှာ
မတ္တရာမြို့နယ်အရှေ့ခြမ်းက ရေနံသာရဲစခန်းကိုသိမ်းပိုက်ပြီးနောက်တွေ့ရစဥ်။ဓါတ်ပုံ-MDY-PDF)
