ရန်ကုန်လေဆိပ်အခွန် တိုးမြှင့်ကောက်ခံ
——————————————-
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထွက်ခွာမယ့် ခရီးသွားဧည့်သည်တွေအားလုံး မေ ၁၂ ရက်ကစပြီး လေဆိပ် အခွန်အဖြစ် ပြည်ပခရီးစဉ်အတွက် ၂၅ ဒေါ်လာနဲ့ ပြည်တွင်း ခရီးစဉ်အတွက် ကျပ်တစ်သောင်းခွဲ တိုးမြှင့် ကောက်ခံမှာ ဖြစ်တယ်လို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်ထားပါတယ်။
အခုလို တိုးမြှင့်လိုက်တဲ့ လေဆိပ်အခွန်ကို မေလ ၁၂ ရက် မတိုင်မီ လက်မှတ်ဝယ်ယူထားတဲ့ ခရီးသည်တွေ အနေနဲ့လည်း သက်ဆိုင်ရာ လေကြောင်းလိုင်းတွေ ဒါမှမဟုတ် ခရီးသွားအေဂျင်စီတွေဆီ ဆက်သွယ်ပြီး ထပ်မံ ပေးဆောင်ရမယ်လို့ ဆိုပါတယ်။
ခရီးသည်ဝန်ဆောင်ခ(PSC)ဆိုတာ လေဆိပ်(ဒါမှမဟုတ်) လေယာဉ်ကွင်းတွေမှာ ခရီးသည်တွေကို ဆောင်ရွက် ပေးတဲ့ ဝန်ဆောင်မှုအတွက် ကောက်ခံတဲ့ အခကြေးငွေဖြစ်ပြီး Airport Tax (လေဆိပ်အခွန်)လို့လည်း ခေါ်ဆိုကာ လေယာဉ်လက်မှတ်ဈေးနှုန်းထဲမှာ တစ်ပါတည်း ထည့်သွင်းရောင်းချရတယ်လို့ သိရပါတယ်။