ကိုးကန့်တပ်နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ နေသွားဖို့ ကာကွယ်ရေးဝန်ကြီးပြော –
#dvbtvnews #digitalfirst
ငြိမ်းချမ်းရေးယူထားတဲ့ ကိုးကန့်တပ် MNDAA အဖွဲ့နဲ့ညီအစ်ကိုတွေလို ချစ်ခင်ရင်းနှီးစွာ အတူ ယှဥ်တွဲနေသွားဖို့ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးက ပြောပါ တယ်။
လာရှိုးမြို့ကို ပြန်လည်ဝင်ရောက်အခြေချမယ့် ခြေလျင်၊ခြေမြန်တပ်တွေနဲ့ လက်ရုံး တပ်တွေကို ဧပြီ ၂၂ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင် မောင်အေးက ပြောဆိုခဲ့တာလို့ နေပြည်တော်သ တင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။
“မင်းတို့ဘာမှကြောက်စရာမလိုဘူး အရင်ကလို ကိုးကန့်တွေက ပစ်တာ ခတ်တာ လုပ်မှာမဟုတ်ဘူး ငြိမ်းချမ်းရေးယူပြီးပြီ ဒို့ညီအစ်ကိုတွေဖြစ် သွားပြီ တစ်ခုခုဆို ကိုးကန့်တပ်တွေက ကာကွယ် ပေးလိမ့်မယ့် ဟိုရောက်ရင်လည်း လာကြိုလိမ့် မယ် တိုင်တိုင်ပင်ပင်လုပ်ကြ “လို့ ပြောခဲ့တာလို့ ရှင်းပြပါတယ်။
မနေ့က မနက် ၁၀ နာရီကနေ ၁ နာရီအတွင်းခမရ ၅၅၇ ၊ခမရ ၅၅၂ ၊ခလရ ၅၀၇ ၊ခလရ ၆၈ နဲ့ သံ ချပ်ကာ၊ အမြောက်၊ ဆေးနှင့်ဆက်သွယ်ရေး၊ စ စ်အင်ဂျင်နီယာတပ်ရင်းတွေကို စစ် ယာဥ်တန်း ကားအစီးရေ ၇၄ စီးနဲ့ကနဦးပို့ဆောင်ခဲ့တယ်လို့ ရခမနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဒီဗွီဘီ ကိုပြောပါတယ်။
“ရမခလက်အောက်ခံတပ်တွေကို အကုန်ပြန်ထိုင် မှာ မိသားစုဝင်တွေတော့မခေါ်သေးဘူး တပ်နေ ရာအကုန်ပြန်ချ သန့်ရှင်းရေးလုပ် အဲ့ဒါတွေပြီးမှ ခေါ်မှာ ကိုးကန့်တပ်က ဗိုလ်မှုး ချုပ်ရယ် ကစထမှုး ၁ ရယ်တရုတ်ကိုယ်စားလှ ယ်ရယ်က နေရာချပေးတာ “လို့ ပြောပါတယ်။
တရုတ်ရဲ့ညှိနှိုင်းပေးမှု့ကြောင့် လားရှိုးကိုပြန်ရခဲ့ တဲ့အတွက် ပြည်လည်တည်ဆောက်ရေးကာလ မှာ တပ်ရင်းတပ်ဖွဲ့တွေအနေနဲ့တရုတ်မကောင်း ကြောင်းမပြောကြရန် စစ်ခေါင်းဆောင်က ဧပြီ ၂၁ ရက်နေ့က ပြင်ဦးလွင်တပ်နယ်မှာ ပြုလုပ်တဲ့ အစ ည်းအဝေးမှာ ပြောဆိုခဲ့ပါသေးတယ်
လားရှိုးကိစွမှာ တပ်က မကျေနပ်တဲ့သူတွေရှိနေပြီး လားရှိုးကိုတရုတ်က အုပ်ချုပ်နေသလိုခံစားရလို့ တစ်ခုခုဆို တရုတ်ကိုအကြောင်းကြားပြီးမှလုပ်ရမယ်ဆိုတဲ့အပေါ် တပ်တွင်းမှာ ဝေဖန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်
ဧပြီလ ၁၉ ရက်နေ့ကတည်းက လားရှိုးမြို့ကိုရောက်နေတဲ့ တရုတ်ကိုယ်စား လှယ်တိန့်ရှီကျွင်း ဦးဆောင်တဲ့အဖွဲ့ဟာ ပစ်ခတ်တိုက်ခိုက်မှု့စောင့် ကြည့်ရေးအဖွဲ့ကို ဖွဲ့ထားပြီး စစ်တပ်နဲ့ရဲ၊စရဖနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေနေရာချပေးနေတယ်လို့ အဲ့ဒီမှာ ရောက်နေတဲ့ ခမရတပ်ရင်းတခုနဲ့ နီးစပ်တဲ့ သတင်းအရင်းမြစ်က ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က သြဂုတ်လ ၃ ရက် ၁၀၂ ၇ စစ်ဆင်ရေးဒုတိယလှိုင်းမှာ အရှေ့မြောက်တို င်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA နဲ့တော်လှန်ရေးပူးပေါင်းတ ပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
#ကနေဦးသတင်း #myanmar