ချင်းတော်လှန်ရေးတပ် ထိုးစစ် အညာလွင်ပြင်ထိ ရောက်လာ
/MFP ၊ ဧပြီ- ၂၂
စစ်ရေးဗျူဟာအရ အရေးပါတဲ့ စစ်အုပ်စုရဲ့ ကမ်းပါးနီစခန်းအပါအဝင် စခန်းငါးခုကို သိမ်းယူထားနိုင်တဲ့ ချင်းတော် လှန် ရေးတပ်တွေရဲ့ မြေပြန့်လွင်ပြင် စစ်ဆင်ရေးဟာ စစ်ကိုင်းနဲ့ မကွေးတိုင်း နယ်ဘက်အစပ်ဆီထိ ရောက်ရှိခဲ့ပြီလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ် ။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က စတင်ခဲ့တဲ့ ချင်းတော်လှန်ရေးအင်အားစုတွေရဲ့ မြေပြန့်လွင် ပြင် စစ်ဆင်ရေးဟာ ဧပြီလ ၁၂ ရက်ထိ နှစ်လတာကြာမြင့်ခဲ့ပြီး စစ်ကိုင်းနဲ့ မကွေးနယ်အနီးရှိ စစ်အုပ်စု စခန်း တွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တော၊ အရှေ့အောင်သာယာ ၊ အနောက်အောင်သာယာ ၊ ကြံသာစတဲ့ စခန်းငါးခုကို သိမ်း ပိုက်နိုင်ခဲ့တယ်လို့ ဧပြီလ ၂၀ ရက်က ပြုလုပ်ခဲ့တဲ့ CNF/CNA ၊ CDF-KKG ပူးတွဲသတင်းစာရှင်းလင်းပွဲ မှာ ချင်းတော် လှန်ရေးအင်အားစုတွေက ဆိုပါတယ်။
ဒီမြေပြန့်လွင်ပြင် ပထမဆုံးအကြိမ် စစ်ဆင်ရေးကို ချင်းအမျိုးသားတပ်ဦးCNF ဦးဆောင်တဲ့ ချင်းတော်လှန်ရေး တပ် တွေနဲ့ မဟာမိတ်တပ်ပေါင်းစုတွေ စုဖွဲ့လေ့ကျင့်ပြင်ဆင်ကာ CDF-KKG Operation အဖြစ် နှစ်လတာ ပူးပေါင်း ဆင်နွှဲခဲ့တာလို့ ချင်းတော်လှန်ရေးအင်အားစု တွေ ကပြောပါတယ်။
ဒီလို စစ်ဆင်ရေး ပြုလုပ်ရတာဟာ စစ်ရေး ၊ နိုင်ငံရေးနဲ့ ကုန်သွယ်ရေးအတွက်ဗျူဟာမြောက် အရေးပါတဲ့ စစ်ကိုင်း တိုင်းနဲ့ မကွေးတိုင်းနယ်အစပ် စစ်အုပ်စုစခန်းတွေကို ပထမဆုံးအကြိမ် စစ်ဆင်ရေးအဖြစ် ဆင်နွှဲခဲ့တာလို့ ချင်းအ မျိုးသားတပ်ဦး CNA/CNF ပြောရေးဆိုခွင့် ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။
” ကျနော်တို့ စစ်ဆင်ရေးလုပ်တဲ့ နေရာက စစ်ရေးအရသော်လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အင်မ တန်မှ အရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာရှိတဲ့ မကွေးတိုင်းဂန့်ဂေါနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ ကြား က လေးတောင်ဘက်ပိုင်း ပထမအဆင့် စစ်ဆင်ရေးဖြစ်ပါတယ်။ အခုစစ်ဆင်ရေး လုပ်တဲ့နေရာမှာ စစ်ရေးအရ သော် လည်းကောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း အင်မတန်မှအရေးကြီးတဲ့ ဗျူဟာလမ်းကြောင်းပေါ်မှာ ရှိတယ်” လို့ မြေပြန့်စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဆလိုင်းထက်နီက ဆိုပါတယ်။
အဆိုပါ ဧရိယာမှာ ၂၀၂၄ ခုနှစ်အတွင်းက ချင်းတော်လှန်ရေးရဲဘော်တွေ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံခဲ့ရ သ လို စစ်အုပ်စုတွေရဲ့ ထိုးစစ်နဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် ဒေသခံပြည်သူတွေ စစ်ဘေးရှောင်ဘဝနဲ့ နေ့စဉ် ကျီး လန့် စာစား ဘဝနဲ့ နေထိုင်နေကြရတာမို့ အဲဒီအခြေအနေတွေကို ကာကွယ်နိုင်ဖို့ စစ်ဆင်ရေး ဆင်နွှဲနေတာဖြစ်တယ်လို့ ဆိုပါတယ်။
“ အားလုံးသိတဲ့အတိုင်း ကျနော်တို့ သက်သေ အထောက်အထားတွေနဲ့ပြောရရင်တော့ မနှစ်က ကျနော်တို့ရဲ့ တော် လှန်ရေးရဲဘော်တွေ အရှင်လတ်လတ်နဲ့ မီးရှို့သတ်ဖြတ်ခဲ့တဲ့နေရာ၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ မီးရှို့ဖျက်ဆီးပြီးတော့ စစ်ဘေးရှောင်ဘဝနဲ့ နေ့စဉ်ကျီးလန့်ဆန်စားဘဝနဲ့ နေနေရတဲ့ အဲဒီဒေသက ပြည်သူလူထု တွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့အသက်မွေးဝမ်းကြောင်းကိုလွတ်လပ်စွာလုပ်နိုင်ရေး၊အဲဒီလမ်းကြောင်း ပေါ်မှာရှိတဲ့ ကုန်စည်ကူးသန်းမှု ဘေးကင်းလုံခြုံရေး၊ အဲဒီဒေသက နိုင်ငံရေးအရ စစ်ကောင်စီက ဒီဇင်ဘာလမှာ အ ကောင်ထည်ဖော်မဲ့ ရွေးကောက် ပွဲအတွက် အဲဒီမှာလုပ်နိုင်ဖို့ အားကောင်းတဲ့ နေရာဖြစ်ပါတယ်။ အဲဒါကြောင့် အဲဒီ ဒေသကို ကျနော်တို့က စစ်ဆင်ရေးကို ဖော်ဆောင်ရခြင်းဖြစ်ပါတယ်” လို့ ဆလိုင်းထက်နီက ပြောပါတယ်။
ချင်းပြည်နယ်အတွင်း တီးတိန် ၊ ဟားခါး၊ ထန်တလန် ၊ ခိုင်ကမ်း စတဲ့ မြို့နယ်လေးခုမှာသာ စစ်အုပ်စုအထိုင် တပ် စခန်းတွေ ကျန်ရှိနေတော့တာဖြစ်ပြီး ချင်းတော်လှန်ရေးတပ်တွေ အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် စစ်ကိုင်းနဲ့မ ကွေးအနီးက စစ်အုပ်စုစခန်းတွေကို အခုလို နှစ်လတာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်း စစ်အုပ်စု အလောင်း ၅၀ ကျော်နဲ့ လက်နက်အများအပြား သိမ်းဆည်း ရရှိသလို ဒုဗိုလ်အဆင့် အပါအဝင် စစ်သုံ့ပန်း ၁၀ ဦးကျော် အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အလားတူတော်လှန်ရေးရဲဘော် ၂၀ ဦး ကျဆုံးကာ ၇၀ ကျော်ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ DF-KKG ဥက္ကဌ ဆလိုင်း ဇာဘွေထောင်ကပြောပါတယ်။
“သုံ့ပန်း ၁၀ ယောက်ကျော် ကျနော်တို့ ဖမ်းထားပါတယ်။ အဲ့ဒီ ၁၀ ယောက်ကျော်မှာ ဒုဗိုလ်အဆင့် တစ်ယောက် ပါ တယ်။ ဒုတပ်ကြပ်အဆင့်တစ်ယောက်ပါတယ်။ နှစ်လကြာမြင့်တဲ့ စခန်းငါးခု စစ်ဆင်ရေးစခန်းသိမ်းတိုက်ပွဲတွေမှာ CDF – KKG အပါအဝင် မဟာမိတ်တပ်ဖွဲ့ဝင် ၂၀ ဦး ကျော်ကျဆုံးခဲ့ပါတယ်။ အဲဒီ ၂၀ ကျော်မှာက CDF – KKG က ၁၁ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရ ရဲဘော်ဆိုရင် အကြီးရော၊ အသေးအမွှားရော အကုန်လုံးက ၇၀ ကျော် ရှိခဲ့ပါတယ်။
ကလေးနယ်တောင်ပိုင်းမှာဆိုရင် ၉၅ ရာခိုင်နှုန်းကျော်ကိုတော့ တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားပါတယ်” လို့ ဆလိုင်းဇာဘွေထောင်က ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ ချင်းပြည်နယ်နဲ့ နယ်နမိတ်ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းကလေးတောင်ပိုင်းနဲ့ မကွေးတိုင်း ဂန့် ဂေါနယ်တွေဖြစ်တဲ့ ကလေး-ဂန့်ဂေါလမ်းမှာ စစ်အုပ်စုစခန်းတွေ ကျန်ရှိနေပြီးတော့ မိုးမကျမှီ ဆက်လက် တိုက် ခိုက်သွားမယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေကပြောပါတယ်။
နှစ်လကြာ မြေပြန့်လွင်ပြင် စစ်ဆင်ရေးကို CNF/CNA ဦးဆောင်ပြီး CDF-KKG ၊CDF-Hakha ၊ CDF-Thangtlang ၊ CDF CDM – Siyin စတဲ့ ချင်းတော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ABSDF ၊ ယောဒေသလွတ် မြောက်ရေး တပ်ပေါင်းစု ( CDF – Senthang ၊ နဂါးညီနောင် ၊ဟံသာဝတီပကဖ ၊ ကလေးဒေသတော်လှန် ရေး အင်အားစု ၊Ranger Kalay Defend Force (RKDF) စတဲ့ အဖွဲ့တွေ ပူးပေါင်းစစ်ဆင်ရေးဆင်နွှဲခဲ့တာ ဖြစ်ပါတယ်။