မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်များနှင့် ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေ

by

in

မဟာအောင်မြေမြို့နယ်ရှိ ရပ်ကွက်များနှင့် ရပ်ကွက်အချို့မှ လူငယ်များကို စစ်သားနှင့် အုပ်ချုပ်ရေးမှူးများက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးနေ
ရန်ကုန်၊ ဩဂုတ် ၃၁

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် လူငယ်များကို နေရာအတိအကျဖြင့် အကြမ်းဖက် စစ်သားများနှင့် အုပ်ချုပ်ရေးမှူးက ဖောကား ၂ စီးဖြင့် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၃၀ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ဗောဓိကုန်းရပ်ကွက်၊ ကံလှရပ်ကွက်၊ အောင်ချမ်းအေးရပ်ကွက်နှင့် ရပ်ကွက်အချို့တွင် အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဖမ်းဆီးခံရသည့် လူငယ်များကို အောင်ချမ်းအေးရပ်ကွက် ရပ်ကွက်ရုံးတွင် စစ်ဆေးကြောင်း သိရသည်။
ပေါ်တာဆွဲ ဖမ်းဆီးခံရသူများထဲတွင် ပြည်သူ့စစ်ထဲ အတင်းအဓမ္မဝင်ရန် စာရင်းပါသွား၍ ထွက်ပြေးကာ တော်လှန်ရေးထဲ ဝင်ရောက်သွားသူ၏ မိခင်ဖြစ်သူလည်း ပါဝင်ကြောင်း သိရှိရသည်။
“လူငယ်လေးဦး ၊ ပြစ်မှုဟောင်းရှိသူ ၁ ဦး ၊ မိခင်တစ်ဦး နန်းတွင်းသို့ ပါသွားပါပြီ “ ဟု ရပ်ကွက်နေ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“မနေ့က ည ၉ နာရီ ကျော်လောက်တည်းက လိုက်ဖမ်းနေတာ မဟာအောင်မြေမြို့နယ်ထဲက ဗောဓိကုန်းရပ်ကွက်၊ ဒီုင်တော်ရပ်ကွက် ၊ ကံလှရပ်ကွက် နဲ့ အောင်ချမ်းအေးရပ်ကွက်က လူငယ်တွေကို နေရာအတိအကျနဲ့ ဖောကား ၂ စီးနဲ့ စစ်ခွေးတွေ အုပ်ကြီးတွေ ပေါ်တာဆွဲသလို ဖမ်းဆီးသွားတာ သားဖြစ်သူ အိမ်မှာမရှိဘူးဆိုပြီး မိခင် ၁ ဦးကိုလည်း နန်းတွင်းထဲ ဖမ်းခေါ်သွားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ၂၆ လမ်း၊ ၈၂ လမ်းနှင့် ၈၄ လမ်းကြားမှ လူငယ် ၂ ဦးကိုလည်း အကြမ်းဖက် စစ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။