ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)

by

in

ကျိုက်ထီးရိုး ဘုရားဖူးပြည်သူများအား တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းဆီးသွားကြောင်း စစ်ကောင်စီဝါဒဖြန့်နေမှုအပေါ် အမှတ် ၂၇ စစ်ဗျူဟာတာဝန်ခံမှ ပြန်လည်ရှင်းလင်း (ရုပ်/သံ)
ဧပြီ ၁၉ ၊ ၂၀၂၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းကျေးရွာ ကဒက်ချောင်း ရေတံခွန်မှာ ဖမ်းဆီးမိခဲ့တဲ့ ပျူစောထီးခေါင်းဆောင်တွေကို စစ်ကောင်စီတပ်က ကျိုက်ထီးရိုး ဘုရားဖူးပြည်သူတွေကို တော်လှန်ရေးတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဝါဒဖြန့်ခဲ့တဲ့အပေါ် အမှတ် (၂၇) စစ်ဗျူဟာတာဝန်ခံက အခုလိုပဲ ရှင်းလင်းတင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၅ ရက်မှာ ကဒက်ချောင်းရှိ စားသောက်ဆိုင်တစ်ခုမှာ သောက်စားယူးယစ်နေတဲ့ ညောင်လေးပင်မြို့နယ်က ပျူစောထီးခေါင်းဆောင် လှိုင်မင်း၊ ဒုတိပျူစောထီးခေါင်းဆောင် မဲကြီးအပါအဝင် မိသားစုဝင် ၄၈ ယောက်ကို ကျိုက်ထိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းအရ သွားရောက်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ ပျူစောထီးခေါင်းဆောင်ဖြစ်တဲ့ လှိုင်မင်းဆိုသူနဲ့ ပျူအဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပေမယ့် လုံခြုံရေးအရ သူတို့နဲ့ အတူပါလာတဲ့ မိသားစုဝင် ၄၈ ယောက်စလုံးကို ခေတ္တ ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာတော့ ပျူခေါင်းဆောင် လှိုင်မင်း၊ ပျူအဖွဲ့ဝင်တွေဖြစ်တဲ့ မဲကြီး၊ မင်းမော်ဦး (လှိုင်မင်းရဲ့သား)၊ ကျော်ကျော်ဦး၊ သိန်းဌေး နဲ့ လှိုင်မင်းရဲ့ မိန်းမဖြစ်သူ ယမင်းတို့ကို ဆက်လက်ဖမ်းဆီးထားပြီး ကျန်ရှိတဲ့ မိသားစုဝင်တွေကိုတော့ ဧပြီလ ၁၈ ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ ရှင်းလင်းပြောပြခဲ့ပါတယ်။