သပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီထပ်မံလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရ ရေထွက်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းတိုက်မှု ပြည်သူ၂၀ကျာ်သေဆုံး

by

in

Breaking News- သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍

ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ယမန်နေ့နှင့် ယနေ့ ၂ ရက်ပေါင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ

ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ သေဆုံးမှု ပိုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။
“ဓာတ်ဆီဆိုင်ဆိုတော့ ပေါက်ကွဲမှုတွေကော လမ်းဘေး လူစည်းကားတဲ့ နေရာဆိုတော့ အခုချိန်ထိ သေဆုံးတဲ့ သူက ၁၃ ဦးပေါ့။ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေပါပါတယ်။ တချို့က လမ်းမှာပဲ ကွယ်လွန်သွားတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းကတော့ ပျောက်ဆုံးနေပါတယ်။ ကျနော်တို့ သပိတ်ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာ ၁၀ ကြိမ်ရှိပါပြီ သင်္ကြန် အကြိုနေ့ကနေစပြီး ဒီနေ့ချိန်ထိပေါ့။ သူတို့ကျဲချတဲ့ ၁၀ ကြိမ်လုံးမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေပဲ ထိခိုက်သေဆုံးတယ်ဆိုတော့ ကျနော်တို့ စစ်ကောင်စီကို မေးခွန်းထုတ်ချင်ပါတယ်။ ကျနော်တို့ အရပ်သား ပြည်သူ တွေကို ဘာလို့ ရက်ရက်စက်စက် တိုက်ခိုက်နေတာတုန်းပေါ့။ ကျနော်တို့ ရဲဘော်တွေ မြေပြင်မှာ လုံးဝ မခံစားနိုင်ဘူး။ ဒါတွေ မြင်နေရတာ” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သပိတ်ကျင်း၊ ရေထွက်ရွာ ကို စစ်တပ်က ယနေ့ လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ၍ ကလေးများ အပါအဝင် ပြည်သူ ၁၃ ဦး ထပ်မံသေဆုံး၊ ၂ ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၂၆ ဦးကျော်ရှိလာ
ရန်ကုန်၊ ဧပြီ ၁၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၃ နှစ်နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရသူ ၂၀ ကျော်ရှိကာ သေဆုံးမှု ပိုများနိုင်ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ရေထွက်ရွာ ဓာတ်ဆီဆိုင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဓာတ်ဆီဆိုင် မီးလောင်ပြာကျခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားကွာ အသက် ၃ နှစ် နှင့် ၂ နှစ်ကျော် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၁၃ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်ရှိကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် အန္တာရာယ် စိုးရိမ်ရသူများ ပါဝင်ပြီး သေဆုံးသူ ပိုများလာနိုင်ကြောင်း သိရှိရသည်။
“ဓာတ်ဆီဆိုင်ဆိုတော့ ပေါက်ကွဲမှုတွေကော လမ်းဘေး လူစည်းကားတဲ့ နေရာဆိုတော့ အခုချိန်ထိ သေဆုံးတဲ့ သူက ၁၃ ဦးပေါ့။ဒဏ်ရာရတဲ့ သူတွေထဲမှာ စိုးရိမ်ရတဲ့ သူတွေပါပါတယ်။ တချို့က လမ်းမှာပဲ ကွယ်လွန်သွားတာတွေရှိတယ်။ သေဆုံးတဲ့ထဲမှာ ကလေး ၂ ဦးလည်း ပါဝင်တယ်လို့ သိရတယ်။ ကလေး ၂ ဦးရဲ့ ရုပ်အလောင်းကတော့ ပျောက်ဆုံးနေပါတယ်။ ကျနော်တို့ သပိတ် ကျင်းမြို့နယ်မှာ လေကြောင်း တိုက်ခိုက်ခံရတာ ၁၀ ကြိမ်ရှိပါပြီ သင်္ကြန် အကြိုနေ့ကနေစပြီး ဒီနေ့ချိန်ထိပေါ့။ သူတို့ကျဲချတဲ့ ၁၀ ကြိမ်လုံးမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ ထိခိုက်တာမရှိပါဘူး။ ပြည်သူတွေပဲ ထိခိုက်သေဆုံးတယ်ဆိုတော့ ကျနော်တို့ စစ်ကောင်စီကို မေးခွန်းထုတ်ချင်ပါတယ်။ ကျနော်တို့ အရပ်သား ပြည်သူ တွေကို ဘာလို့ ရက်ရက်စက်စက် တိုက်ခိုက်နေတာတုန်းပေါ့။ ကျနော်တို့ ရဲဘော်တွေ မြေပြင်မှာ လုံးဝ မခံစားနိုင်ဘူး။ ဒါတွေ မြင်နေရတာ” ဟု သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ နဂါးနီ က ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၁၈ ရက်နေ့ မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ လိပ်ကျရွာနှင့်ရေထွက်ကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁၃ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

သပိတ်ကျင်း ရေထွက်ရွာကို စစ်ကောင်စီထပ်မံလေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၁၀ဦးထက်မနည်း သေဆုံး၊ ၁၅ဦးထက်မနည်း ဒဏ်ရာရ
ရေထွက်ရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းတိုက်မှု ပြည်သူ၂၀ကျာ်သေဆုံး
ဧပြီ ၁၉၊၂၀၂၅။ ရှိုင်း၊ဟန်နွေ/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ရေထွက် ကျေးရွာကို စစ်ကောင်စီက နှစ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၀ဦးထက်မနည်းသေဆုံးပြီး ၁၅ဦးကျော် ဒ‌ဏ်ရာရခဲ့တယ်လို့ ကနဦး သတင်းရပါတယ်။
သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို ဒီကနေ့ ဧပြီ ၁၉ရက် နေ့လည်၁နာရီကျော်မှာ ထပ်မံ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
လေကြောင်းတိုက်ခိုက်မှုဟာ ရေထွက်ကျေးရွာက ဓာတ်ဆီဆိုင်တွေကို ဗုံးကြဲသွားတာဖြစ်ပြီး ကလေးငယ်တွေအပါအဝင် ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၅ဦးကျော်ဒဏ်ရာရထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောပါတယ်။
“အလောင်းတွေ ကောက်နေတုန်းပါ။အထိခိုက်သေဆုံးရော၊ပြင်းထန်ဒဏ်ရာရ သူတွေရောများပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။
“အများကြီးပဲ။အလောင်းကမရေနိုင်ဘူး။တော်တော်များမယ်။ဆယ်ချီမယ်။အခုသွားတာ။လေယာဉ်ထပ်လာတယ်ဆိုလို့ပြန်လာခဲ့ရတယ်”လို့ ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ကို စစ်ကောင်စီက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေပြီး ဧပြီ ၁၈ရက်နေ့ မနေ့က မနက်၁၀နာရီကျော်မှာလည်း လိပ်ကျကျေးရွာလယ်ခေါင်ကို ပေါင်၃၀၀ဗုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁၃ဦး သေဆုံးခဲ့သလိုစိုးရိမ်ရသူ သုံးဦးလည်း ရှိပါသေးတယ်။
ဒီနေ့နဲ့ဆို နှစ်ရက်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့်သပိတ်ကျင်းမြို့နယ်မှာ ဒေသခံပြည်သူ ၂၀ကျော် သေဆုံးထားပါတယ်။
ဒါ့အပြင် မနေ့က ညနေ ၄နာရီ‌‌ခွဲလောက်မှာလည်း ရေထွက်ကျေးရွာလမ်းခွဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ငလျင်ဘေးကြောင့် ယာယီအပစ်ရပ်မယ်လို့ ကြေညာထားပေမယ့် ငလျင်ဘေးသင့်ခဲ့တဲ့ ပြင်ဦးလွင်ခရိုင်ရှိ သပိတ်ကျင်း၊ စဉ့် ကူး၊ မတ္တရာ၊ မိုးကုတ် မြို့နယ်တွေကို အခု ဧပြီအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ် ၂၀ကျော်ပြုလုပ်ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပကဖ သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
“အကြမ်းဖက်စစ်တပ်က ဒီကောင်တွေက ဘယ်တော့မှ ပြောတာနဲ့လုပ်တာနဲ့ ဘယ်တော့မှ မညီဘူး။ ပြည်သူတွေကို ပိုပြီး သေစေချင်တယ် ပိုသတ်နေတယ်။ ပြည်သူတွေ ဒုက္ခရောက်နေချိန်မှာ ကူညီရမယ့် အနေအထား တခုမှာ လုံး၀ မကူညီဘဲနဲ့ လေကြောင်း ကြဲတယ်။ ငလျင်ကြောင့် တော်တော် ဒုက္ခရောက် အဆင်မပြေနေတဲ့ ပြည်သူတွေကို အကုန်ဒုက္ခရောက်အောင်လုပ် တာ”ဟု ပြင်ဦးလွင်ခရိုင် ပကဖ တာဝန်ခံက ပြောပါတယ်။
ဒါ့အပြင် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ ဝေးရာမှာ နေထိုင်ကြဖို့၊ လေကြောင်းရန် ကာကွယ် နိုင်ရေး ဗုံးခိုကျင်းတွေ တူးထားကြဖို့ ခရိုင်ပကဖက နှိုးဆော်ထားပါတယ်။
(သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာကို စစ်ကောင်စီလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်အပြီး တွေ့ရစဉ်။ ရုပ်သံ − Mai Ruu Mai FA)