လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်

by

in

လားရှို့မြို့သို့ စစ်ကောင်စီယာဉ်တန်းများ ဝင်ရောက်လာ (ရုပ်/သံ)
ဧပြီ ၁၈၊ ၂၀၂၅

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့သို့ စစ်ကောင်စီယာဉ်တန်းတွေ ဒီနေ့ ဧပြီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်ရောက်လာပြီလို့ ဒေသခံတွေထံက သိရပါတယ်။
MNDAA ဟာ တရုတ်ရဲ့ ဖိအားကြောင့် သင်္ကြန်ကာလအတွင်း လားရှိုးမြို့ကနေ ဆုတ်ခွာသွားပြီး မြို့ပတ်လည်မှာတော့ ဆက်လက်တပ်စွဲထားကြောင်း သိရပါတယ်။
Video-လူမှုကွန်ရက်

UWSA နှင့်MNDAA လုံခြုံရေးအကူအညီဖြင့် လာရှိူးမြို့တွင်းသို့ စစ်ကောင်စီပြန်ဝင်လာ
◾️လားရှိူးကောင်းကင်ယံ၌ စစ်ကောင်စီ လေယာဉ်အချို့ပတ် ပျံနေ
ဧပြီ ၁၈၊၂၀၂၅။ခွာညို/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အတွင်းသို့ ပြန်ဝင်လာသည့် စစ်ကောင်စီတပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဝတပ်မတော်(UWSA)နှင့် ကိုးကန့်တပ်မတော်(MNDAA)က လုံခြုံရေးယူပေးခဲ့ရပြီး ယနေ့(ဧပြီ ၁၈ရက်) ညနေ ၃နာရီခန့်တွင် လားရှိူးမြို့ကောင်းကင်ယံ၌ စစ်ကောင်စီလေယာဉ်အချို့ ပတ်၍ ပျံသန်းနေသည်။
” စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါတယ်။ ဌာနဆိုင်ရာဝန်ထမ်းတွေပါတယ်။ ဝင်လာတာ။ ဝနဲ့ ကိုးကန့်က လုံခြုံရေးယူပေးတယ်။ အခုဆို လေယာဉ်သံတွေ ပြန်ကြားနေရပြီ”ဟု လားရှိူးမြို့ခံတစ်ဦးက ပြောသည်။
Y12 လေယာဉ်ကဲ့သို့သော လေယာဉ်နှစ်စီးသည် လားရှိူးမြို့နယ်နမိတ်အတွင်း လှည့်၍ ပျံသန်းနေခြင်းဖြစ်သည်။
“လားရှိူး နယ်နမိတ်တကြောကို ပတ်ကြည့်နေသလိုပဲ။ သေချာတာက လားရှိုးထဲကို စစ်ကောင်စီ ပြန်ဝင်လာတဲ့နောက်ပိုင်း သတိထားနေရတော့မယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။
လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ လားရှိူး- သီပေါ ပြည်ထောင်စုလမ်းပိုင်းရှိ နောင်မွန်လမ်းပိုင်းမှတဆင့် ဝင်လာသလို ရဟတ်ယဉ်ဖြင့်လည်း ပို့ဆောင်ခဲ့ခြင်းဟု သတင်းရရှိသည်။
စစ်ကောင်စီသည် မြို့ပေါ်၌သာကွက်၍အုပ်ချုပ်ခွင့်ရထားပြီး မြို့ပတ်ဝန်းကျင်များကို MNDAAတပ်က ဆက်လက်ထိန်းချုပ်ထားမည်ဟု သတင်းများထွက်ပေါ်နေသည်။
မြို့သိမ်းတိုက်ပွဲအပြီးအတွင်း MNDAA ထိန်းချုပ်ထားသော လားရှိုးမြို့နယ် မယ်ဟန်၊ အေဒီတံတား၊ ဟိုပိတ်၊ မိုင်းရယ်၊ဟိုယနှင့် နမ့်ပေါင်ကျေးရွာတို့ကို MNDAA က ဆက်လက်ထိန်းချုပ်ထားမည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။
” စစ်ကောင်စီက တရုတ်အားကိုးနဲ့ ခွေးတိုးပေါက်က ဝင်လာရတာ။ ကိုးကန့်က စစ်ရေးရော အုပ်ချုပ်ရေးရော အသာစီးယူထားတယ်”ဟု ရှမ်းမြောက်သတင်းရင်းမြစ်က ပြောသည်။
လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် MNDAAက သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
MNDAA ပူးပေါင်းတပ်က ၁၀၂၇ စစ်ဆင်ရေးနှင့်အတူ တိုက်ခိုက်ထိန်းချုပ်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်နေသည့်လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် တရုတ်က ဖိအားပေးခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပြန်ဝင်လာခြင်းဖြစ်သည်။
(စစ်ကောင်စီဝင်လာမည်ဖြစ်၍ လားရှိုးမြို့ဆေးရုံကြီးပိတ်ထားသည်ကို ဧပြီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − Nay Myo/FB)

လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်
ဧပြီ-၁၇၊၂၀၂၅။ခွာညို/People’s Spring
လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ (ဧပြီ၁၈ရက်​နေ့)၌ ပြန်ဝင်လာပြီးလားရှိုး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းကို ဖြတ်
သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများကပြော
သည်။
“လမ်းကိုပိတ်ထားလိုက်ပြီ။နောင်မွန်လမ်းကကိုးကန့်ထိန်းထားတာ။ပိတ်တာကတော့ စကစနဲ့ ညှိပြီး ကိုးကန့်က ပိတ်ပေးတာ။ကားတွေလည်းသီပေါ
ဘက်မှာပိတ်နေပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။
တရုတ်အစိုးရ၏ ဖိအား​ပေးမှု​ကြောင့် MNDAA တပ်ဖွဲ့ဝင်များသည် သင်္ကြန်ကာလအတွင်း လားရှိုးမြို့မှဆုတ်ခွာခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကိုလည်း ခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။သို့​သော်MNDAA တပ်ဖွဲ့ဝင်များသည်မြို့​​ပေါ်မှဆုတ်ခွာသွား​သော်လည်း မြို့ပတ်ပတ်လည်တွင်တပ်စွဲ​နေရာယူထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။
“မြို့ပေါ်မှာကိုကန့်စစ်သားနဲ့ရဲတချို့ရှိနေသေးတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းကအရပ်ဝတ်နဲ့ဝင်လာကြတာတချို့ရှိတယ်။မြို့ထဲမှာအခြေအနေက စောင့်ကြည့်နေကြတယ်” ဒေသခံတစ်ဦးကပြောသည်။ ​
စစ်ကောင်စီကလားရှိုးမြို့ကိုပြန်လည်ဝင်ရောက်
လာပြီဖြစ်၍ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမတလျှောက်နည်းမျိုးစုံသုံး၍အင်အားတိုးချဲ့လာနိုင်ကြောင်းဒေသခံသတင်းရင်းမြစ်များကပြော
သည်။
ထိုအပြင်ဧပြီလ ၁၇ရက်ညနက်ပိုင်းကတည်းက လားရှိုးမြို့ရပ်ကွက် ၁၂အတွင်း ၁၂ဘီးကားအချို့ ရောက်ရှိလာခဲ့မှုသည်လည်း ထူးခြားကြောင်းဒေ
သခံများကပြောသည်။
အဆိုပါဒေသခံက”ဘယ်ဖက်ကကားတွေလဲတော့မသိဘူး။ နောက်ပြီးဘာတွေပါလဲမသိဘူး။ မနက်ကျတော့ ပြန်ထွက်သွားတယ်။အနီးကပ်သွာကြည့်
လို့မရတော့ အသေးစိတ်ပြောမတတ်ဘူး”ဟုပြော
သည်။
ဌာနဆိုင်ရာများနှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကလားရှိုးမြို့သို့ လဝကနှင့်ထွေအုပ်ဝန်ထမ်းများ ပထမဆုံးဝင်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီကနောက်ရက်များတွင်ဝင်ရောက်လာနိုင်ကြောင်း၊ ဧပြီလ ၂၁ရက်မတိုင်မီ အပြီးသတ်ဝင်ရောက်မည်ဖြစ်ကြောင်းပြောသည်။
“ဌာနဆိုင်ရာဝန်ထမ်းတွေကို မူဆယ်ကနေ ဟတ်စကီးနဲ့ ပို့မယ်။သွားရမယ့် ဝန်ထမ်းတွေလည်း လန့်နေကြတယ်” ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် မြို့ပေါ်ကိုသာကွက်၍အုပ်ချုပ်ခွင့်ရထားပြီး မြို့ပတ်ဝန်းကျင်နှင့်​ကျေးရွာများကိုမူ MNDAAက ဆက်လက်ထိန်းချုပ်ထားမည်ဟုသတင်းများထွက်ပေါ်နေသည်။ လက်ရှိအခြေ
အနေများနှင့်ပတ်သက်၍ စစ်ကောင်စီကရော MNDAAကပါ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
“အမှန်အတိုင်းဖြစ်ရရင်တော့ လားရှိုးမြို့ကအခြေတွေမကောင်းတော့ဘူး။ မြို့ခံတွေအနေနဲ့ ကျီလန့်စာစားနေရတော့မယ်။ ဘာတွေဆက်ဖြစ်မှာလဲလို့ မခန့်မှန်းနိုင်အောင်ပဲ” ဟုရှမ်းပြည်နယ်မြောက်ပိုင်းမှသတင်းရင်းမြစ်တစ်ဦးကပြောသည်
MNDAA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင်
ရေးဒုတိယပိုင်းတွင် ရမခ အပါအဝင် လားရှိုးမြို့ကို သြဂုတ်၃ ရက်၌ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့သည်။လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် ဖိအားပေးခဲ့သည့်တရုတ်အစိုးကအား မြို့ခံများက ဒေါသဖြစ်နေသည်။ တရုတ်အစိုးရကတရုတ်-မြန်မာနယ်စပ်ကုန်သွယ်​ရေးလုပ်လို၍ လားရှိုးမြို့မှ MNDAA ကိုဆုတ်ခွာခိုင်းပြီး စစ်​ကောင်စီကို မြို့ကိုပြန်​ပေးရန်ဖိအား​ပေးခဲ့ခြင်းဖြစ်​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။
●ပြင်ဆင်ချက်
People’s Spring ကနဦး​ဖော်ပြထားသည့်ဗီဒီယိုအတိုကို အချက်အလက်ထပ်မံစစ်​ဆေး​နေပါသ
ဖြင့်ပြန်လည်ဖြုတ်ချထား​ပါသည်။
(လားရှိုးမြို့လယ်တစ်​နေရာကို ၂၀၂၅ ဇန်နဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူ​​ထောင်​ရေးFB )