တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အထွေထွေထိုးစစ်ကြီး ဆင်နွှဲဖို့ ပြင်ဆင်နေကြောင်း ဦးရည်မွန် ပြောကြား (ရုပ်/သံ)
ဧပြီ ၁၈၊ ၂၀၂၅
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အထွေထွေထိုးစစ်ကြီးဆင်နွှဲဖို့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေနဲ့အတူ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့ပါတယ်။
မတ်လ ၂၅ ရက်နေ့က ပြုလုပ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီတိုင်းစစ်ဌာန ဗျူဟာ (၂၉) အခြေခံစစ်ပညာ အပတ်စဉ် (၅) သင်တန်းဆင်းပွဲအခမ်းအနားသို့ အွန်လိုင်းကနေ ပြောကြားတဲ့ မိန့်ခွန်းမှာ အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ရေးဗျူဟာအရ အဆင့် (၃) ဆင့်ကို ဖြတ်ကျော်ရမှာဖြစ်ပြီး ပထမအဆင့်အနေနဲ့ တနိုင်ငံလုံး ကွက်ပြည့်စစ်ရေးလှုပ်ရှားနိုင်အောင် ကြိုးစားခဲ့ကြရပြီး ဒုတိယအဆင့်အနေနဲ့လည်း မဟာဗျူဟာ ထိုးစစ်ဆင်၊ မြို့သိမ်း၊ စခန်းသိမ်း တိုက်ပွဲတွေ ဆင်နွှဲကြရမှာဖြစ်ကာ တတိယ နောက်ဆုံးအဆင့်မှာ တစ်နိုင်ငံလုံး အထွေထွေထိုးစစ်ကြီးကို ဆင်နွှဲကြဖို့ ခြေလှမ်းအစ ဖြစ်သလို PDF တပ်မတော် နဲ့ မဟာမိတ်တပ်တွေဟာ အထွေထွေထိုးစစ်ကြီး အတွက် ပြင်ဆင်နေတယ်လို့လည်း ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။