ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် တစ်မိုင်အကွာ နွားထိုးကြီး၊ ကုက္ကိုဇီးရွာစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူ နှင့်တပ်သားတို့ကို လက်နက် ၇ လက်နှင့် အတူ ဖမ်းဆီးရမိ

by

in

ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် တစ်မိုင်အကွာ နွားထိုးကြီး၊ ကုက္ကိုဇီးရွာစစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူ နှင့်တပ်သားတို့ကို လက်နက် ၇ လက်နှင့် အတူ ဖမ်းဆီးရမိ
ရန်ကုန်၊ ဩဂုတ် ၃၀

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် တစ်မိုင်အကွာ ကုက္ကိုဇီးရွာဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက် ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ်ကြီးဝေဖြိုးသူ နှင့်တပ်သား လှဖြိုးအောင်တို့ကို လက်နက် ၇ လက်နှင့်အတူ အရှင်ဖမ်းဆီးရရှိခဲ့ကြေင်း ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်အချိန် နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမ နှင့်တစ်မိုင်ခန့်အကွာရှိ ကုက္ကိုဇီးကျေးရွာဘုန်းကြီး ကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား များကို မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး ဗိုလ် ကြီး ဝေဖြိုးသူနှင့်တပ်သား လှဖြိုးအောင်တို့ကို လက်နက် ၇ လက်နှင့်အတူ အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။
“စခန်းမှာက ၁၀ ယောက် ၁၅ ယောက်လောက်ပဲရှိတဲ့စခန်းပါ၊ စခန်းသိမ်းနိုင်ခဲ့တယ်။ တိုက်ပွဲက ၁ နာရီ‌ လောက်ပဲကြာတာ။ စခန်းသိမ်းပြီးတော့ လေယာဉ်နဲ့ ဗုံးလာကျဲတယ်။ ဆူးရစ်ကုန်းရွာနဲ့ ကုက္ကို ဇီးရွာကို ဗုံးလာကျဲတာ၊ ဆူးရစ်ကုန်းရွာက ဘာမှ မဆိုင်ပဲနဲ့ ဗုံးကျဲခံရတာ၊ ဆူးရစ်ကုန်းရွာမှာက နေ အိမ်တစ်လုံးမီးလောင်တယ်လို့ပဲ သိရသေးတာ။ ကျန်တာ စုံစမ်းနေတုန်းပဲ” ဟု စစ်ရေးသတင်းရင်းမြစ် က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ စခန်းသိမ်းပိုက်ပြီးနောက် ၃ နာရီခန့်အကြာတွင် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် တံတားဦး လေဆိပ်မှ တက်လာသော လေယာဉ်ဖြင့် ဆူးရစ်ကုန်းကျေးရွာကို ဗုံးသီး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် တိုက်ပွဲဖြစ်ပွားရာကုက္ကိုဇီးကျေးရွာသို့ ဗုံးသီး ၁ လုံး ကျဲချတိုက်ခိုက်ကာ တံတားဦးလေဆိပ်သို့ လှည့်ပြန်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၄ တပ်ရင်း၊ အမှတ် ၁၀ တပ်ရင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။