ဖလမ်းမြို့သိမ်းတိုက်ပွဲမှာ ချင်းညီနောင်နှင့်အတူ 96 Soldiers PDF (အညာတပ်ခွဲ) ပါဝင်တိုက်ခိုက်ခဲ့၊ ရဲဘော် ၁ဦး အသက်ပေးလှူကာ ၂ဦး ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့
ဧပြီ ၉၊ ၂၀၂၅
ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲ ဖော်ဆောင်နိုင်ခဲ့မှုမှာ ချင်းညီနောင်တပ်ဖွဲ့တွေနဲ့အတူ 96 Soldiers PDF (အညာတပ်ခွဲ) ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ကြောင်း အသိပေးထုတ်ပြန်ပါတယ်။
ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် တိုက်ပွဲဖော်ဆောင်ခဲ့ကာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၁၀၀၀ ကျော်၊ စစ်အင်အား အကြိမ်ကြိမ် ဖြည့်တင်းမှုတွေကြားကနေ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။
“ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်တွေနဲ့အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့။ ကျွန်တော်တို့ 96 မှ တပ်ခွဲမှူး ရဲဘော် တစ်ဆယ် (ရဲဘော်၏အမည်) ကျဆုံးပြီး ရဲဘော် ၄ ဦးထိခိုက် ဒဏ်ရာရှိခဲ့ပါတယ်။ ၂ ဦးက ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့ပါတယ် “ လို့ 96 Soldiers PDF ရဲ့ တာဝန်ခံ ကိုဇေယျာလွင်က ပြောကြားထားပါတယ်။
ဧပြီလ ၉ ရက်နေ့က စပြီး ဖလမ်းတစ်မြို့နယ်လုံး စစ်ကောင်စီကင်းစင်သွားပြီဖြစ်ကာ တိုက်ပွဲအတွင်း သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း ချင်းညီနောင်က ထုတ်ပြန်ဖော်ပြထားပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ဧပြီလမှသာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ချင်းညီနောင် စစ်ဆင်ရေးအဖြစ် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ဖလမ်းမြို့ မြင်ကွင်း (ရုပ်/သံ)
ဧပြီ ၉၊ ၂၀၂၅
ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အဖြစ် ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ချင်းညီနောင်က ဒီနေ့ ဧပြီ ၉ရက်မှာ တရားဝင် အသိပေးထုတ်ပြန်ပါတယ်။
ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်နဲ့ မဟာမိတ် တော်လှန်ရေးအင်အားစုတွေက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ် ဧပြီလမှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
Video-MOMNO News Media USA