နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်
ရန်ကုန်၊ ဧပြီ ၁
နေပြည်တော်ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ယနေ့ ဧပြီလ ၁ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၁၂ မိနစ်ချိန် နေပြည်တော်ပုဗ္ဗသီရီမြို့နယ်၏ မြောက်-အရှေ့မြောက်ဘက် ၅ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း သိရှိရသည်။
“ငလျင်လှုပ်လိုက်တာတော့ သိတယ်။ သိပ်တော့ မပြင်းဘူး။ ကားမောင်းနေရင်းဆိုတော့” ဟု နေပြည်တော်တွင် နေထိုင်သော ပရဟိတသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ နံနက် ၁ နာရီ ၄၁ မိနစ်အချိန်ကလည်း စစ်ကိုင်းမြို့ကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားခဲ့သည်။
ဓာတ်ပုံ- နေပြည်တော်၊ ပျဉ်းမနားမြို့တွင် မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်မှုကြောင့် ဖြစ်ပေါ်နေသော အပျက်အစီးများ။
