အမရပူရမှာ ဓါးပြနဲ့ သူခိုးတွေ သောင်းကျန်းနေ
ဧပြီ ၁၊ ၂၀၂၅၊ Scorpio/People’s Spring
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ငလျင်လှုပ်ခတ်ပြီးနောက် ကျေးရွာတွေကို ဓါးပြဝင်တိုက်တာ၊ မြို့ပေါ်နေအိမ်တွေကို ဝင်ရောက်ခိုးယူတာတွေ ဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မနေ့က မတ် ၃၁ ရက်ညက အမရပူရမြို့နယ်၊ ယဥ်တော်ရွာအစွန်ကို Light Truck ကားတွေနဲ့ လူတစုက ဓါးပြဝင်တိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရွာအစွန်လောက်ကျတယ်။ ကားတွေနဲ့လာတာ။ ဘာတွေပါသွားလဲတော့ မသိရသေးဘူး”လို့ ဒေသ
ခံတွေက ပြောပါတယ်။
ငလျင်စလှုပ်တဲ့ မတ်လ ၂၈ ရက်ညကလည်းအမရပူရ ကမ်းနားလမ်းကဖရဲသီးဆိုင်တချို့ ဓါးပြတိုက်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အမရပူရမြို့ပေါ်မှာလည်း ငလျင်ဒဏ်ကြောင့်တိမ်းစောင်းနေတဲ့အိမ်တွေထဲကနေ အဖိုး
တန်ပစ္စည်းတွေကို ကူညီသလိုနဲ့ ဝင်ရောက် ခိုးယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကြွက်တစ်စီး(ဆိုင်ကယ်)ပါသွားတယ်။ကူညီသ
လိုနဲ့ ငွေသိန်းသုံးလေးဆယ်ထည့်ထားတဲ့အထုပ် ယူပြေးတယ်။ ဘယ်သူတွေဆိုတာသိတော့ ငွေထုပ်ကတော့ ပြန်တောင်းယူလို့ရလိုက်တယ်။”လို့ အမရပူရမြို့ခံတဦးက ပြောပါတယ်။
ဒါကြောင့် ရပ်ကွက်သူရပ်ကွက်သားတွေဟာ ညဘက်မှာ ရပ်ကွက်အလိုက် ကင်းစောင့်တာ၊ ကင်းပတ်တာတွေ ကိုယ်ထူကိုယ်ထလုပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။မြေငလျင်ကြီး
ကြောင့် အမပူရမြို့နယ်ဟာလူသေဆုံးဒဏ်ရာရမှု၊ထိခိုက်ပျက်စီးမှုများခဲ့ပါတယ် ။
(အမရပူရမြို့နယ်အတွင်းအပျက်အစီးတွေကို
တွေ့ရစဥ်။ဓါတ်ပုံ-Scorpio)
