Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရ

by

in

Breaking News- မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ မန္တလေး၊ စစ်ကိုင်း၊ မုံရွာအပါအဝင် မြို့နယ်များတွင် ခံစားသိရှိရ
ရန်ကုန်၊ မတ် ၃၀
မန္တလေးမြို့ အနီးသို့ ဗဟိုပြု၍ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားကြောင်း အမေရိကန်အခြေစိုက် ဘူမိ ဗေဒ-ငလျင်စောင့်ကြည့်ရေးအဖွဲ့ (USGS-United States Geological Survey) က သတင်းထုတ်ပြန်သည်။
အဆိုပါ ငလျင်ကြောင့် မန္တလေး၊ မုံရွာနှင့်စစ်ကိုင်း အပါအဝင် ပတ်ဝန်းကျင်မြို့နယ်များတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်ဝန်းကျင်အချိန် ပြည်သူအများစု ခံစားသိရှိရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
မတ် ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲ ငလျင်များစွာ ထပ်မံ လှုပ်ခတ်နေခြင်းဖြစ်ရာ ယနေ့ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ အလွန်သိသာကြောင်း သိရှိရသည်။
“အခု လှုပ်သွားတာ ဆွဲခါသလိုပဲ သိမ့်ကနဲပဲ။ ဟိုတစ်နေ့ (မတ်လ ၂၈ ရက်နေ့) ကလောက် မပြင်းပေမယ့် အတော်သိသာတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ သတင်းထုတ်ပြန်ချက်တွင်မူ ယနေ့
၂၀၂၅ခုနှစ်၊ မတ်လ ၃၀ရက်နေ့၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၂ မိနစ်အချိန်တွင် မြန်မာပြည်တွင်း၊ မန္တလေးမြို့၏ အနောက်မြောက်ဘက် ၂၈ ကီလို မီတာခန့်အကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ ဒသမ ၁ အဆင့်ဖြင့် အတော်အသင့်အင်အားရှိသည့် မြေငလျှင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့ကြောင်း၊ စစ်ကိုင်းငလျင်ကြီး၏နောက်ဆက်တွဲငလျင်ငယ်များဆက်လက်လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် သတိပေးထားသည်။
ဓာတ်ပုံ- မတ်လ ၂၈ ရက်နေ့ မွန်းလွဲပိုင်းငလျင်ကြောင့် ပြိုကျနေသော စစ်ကိုင်းတံတားအဟောင်းမြင်ကွင်း။

■Breaking News
မန္တလေးမြို့ ငလျင် ထပ်လှုပ်ပြန်
မတ်-၃၀၊၂၀၂၅။​​ဇော်ရမ်း၊​မေ/ People’s Spring
စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီး တတိယ​မြောက်​​နေ့ မတ်လ ၃၀ မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် မန္တလေးမြို့ အနီး ဗဟိုပြု၍ အင်အား ရစ်ချတာစ​ကေး ၅ ဒသမ ၁ ရှိ​သော​မြေငလျင် ထပ်မံလှုပ်ရှားပြန်သည်။
ကမ္ဘာတစ်ဝန်း​မြေငလျင် သတင်းများကိုတိုင်းတာထုတ်ပြန်​ပေး​နေ​သော အ​မေရီကန် အ​ခြေစိုက် USGS က မန္တ​လေးမြို့ ​မြောက် ၊အနောက်​​မြောက်ဘက် ၁၈ မိုင်ခန့်အကွာ ​မြေအနက် ၆ မိုင်​ကျော်ကိုဗဟိုပြုလှုပ်ခတ်ခဲ့​ခြင်းဖြစ်ပြီး ပြင်အား ၅ ဒသမ ၁ ရှိ​ကြောင်းထုတ်ပြန်သည်။
“မန္တလေးထပ်ပြီးကြမ်းသွားတယ်ဗျာ။ အရမ်းစိုး
ရိမ်စရာအခြေအနေပဲ”ဟု မြို့ခံတစ်ဦးကပြောသည်။
“အခုပဲထပ်လှုပ်လို့ လမ်းပေါ်သွားနေသူတွေပါရပ်ထားရတယ်။ထပ်ကြမ်းရင် တိုက်ကပြိုတော့မယ်”ဟု​ဒေသခံတဦးက​ပြောသည်။
အဆိုပါငလျင်ကို ပြင်ဦးလွင်မြို့တွင်လည်း သိသိသာသာခံစားလိုက်ရသည်။
မတ်လ ၂၈ရက်က ရစ်ခ်ျတာစကေး ၇ဒဿမ၇ဖြင့် အင်အားပြင်းငလျင်ကြီးလှုပ်ခတ်သွား၍ အကြီးအကျယ်ပျက်စီးသွားသည့် အဆောက်အဦးများအတွင်း ပိတ်မိနေသူများကိုရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ် နောက်ထပ်ငလျင်များဆက်လှုပ်နေခြင်းဖြစ်သည်။​မြေငလျင်ကြီးလှုပ်ခတ်ပြီး ​နောက်ဆက်တွဲ ​မြေငလျင် ၃ ရက်အတွင်းအကြိမ်​ပေါင်းများစွာလှုပ်ခတ်​နေရာ အများစုမှာအင်အားနည်း​သော်လည်း ငလျင်ကြီးလှုပ်ပြီး ၁၂ မိနစ်အကြာတွင် တံတာဦးမြို့နယ်ကို ဗဟိုပြု​မြေငလျင်မှာ
မဂ္ဂနီကျု ၆ ဒသမ ၄ ဖြင့်အပြင်းထန်ဆုံးဖြစ်သည်။
ထို​နောက် မတ် ၂၉ ရက်တွင် ​နေပြည်​တော် နှင့် မတ် ၃၀ တွင် မန္တ​​လေး၌ အင်အားအသင့်ဖြစ်​သော
၅ ဒသမ ၁ ရှိ​နောက်ဆက်တွဲ ​မြေငလျင်လှုပ်ခဲ့ခြင်းဖြစ်သည်။