ရန်ကုန်တွင် ရေတင်နိုင်ရန်အတွက် တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီးအလှည့်ကျ ပေးနိုင်တော့မည်ဟု YESC က ကြေညာ
ရန်ကုန်၊ မတ် ၂၉
ငလျင်ဒဏ်ကြောင့် ရန်ကုန်တွင် တစ်ရက်လျှင် ၄ နာရီသာ မီးအလှည့်ကျ ပေးနိုင်တော့မည်ဟု ရန်ကုန်လျှပ်စစ် ဓာတ် အားပေးရေး ကော်ပိုရေးရှင်း(YESC) က ယနေ့ နံနက်ပိုင်း ကြေညာသည်။
ယနေ့ နံနက် ၅ နာရီမှစတင်၍ ၂၄ နာရီ တစ်ရက်လျှင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီနှုန်းဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ ဓာတ်အားပေးမှုမှာလည်း ရေတင်နိုင်ရန် အတွက်သာ ဓာတ်အားဖြန့်ဖြူပေးနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။
ယမန်နေ့ လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့် ဓာတ် အားပေးစက်ရုံ၊ ခွဲရုံနှင့် ဓာတ်အားလိုင်းများ၏ ဓာတ်လွှတ်ပစ္စည်းများ ချို့ယွင်းပျက်စီးမှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဓာတ် အားစနစ်မှ ဓာတ်အားချိတ်ဆက်ပို့လွှတ်နိုင်ခြင်း မရှိစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဓာတ်ငွေ့ဓာတ်အားပေးစက်ရုံများက ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးနိုင်ရန် ကြိုးပမ်းစီမံဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။