◼️PDF တပ်မတော် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း ကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူး ကြီးသိန်းဟန် နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်လို့ဆိုကာ ခေါ်ဆောင်သွားပြီး သတ်ဖြတ် ◼️အမိန့်ပေးစေခိုင်းသူ နဲ့ ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးရန် နေပြည် တော်တိုင်းစစ်ဌာန ထုတ်ပြန်

by

in

◼️PDF တပ်မတော် ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း ကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူး ကြီးသိန်းဟန် နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်လို့ဆိုကာ ခေါ်ဆောင်သွားပြီး သတ်ဖြတ်
◼️အမိန့်ပေးစေခိုင်းသူ နဲ့ ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပေးရန် နေပြည် တော်တိုင်းစစ်ဌာန ထုတ်ပြန်
၁၄ မတ် ||| နွေဦးအသံ |||

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပျဉ်းမနားစစ် ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကို ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ် မှူးကြီးသိန်းဟန် နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်လို့ဆိုကာ ခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ သိရပါတယ်။
ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူး ကြီးသိန်းဟန် နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက်လို့ဆိုပြီး ကယန်းပြည်သစ်နယ်မြေ၊ အမှတ်(၆)မြို့နယ် ဒုတပ်မဟာမှူးဖိုးခွား က မတ်လ ၃ ရက် နေ့လယ် ၁ နာရီမှာ ပျဥ်းမနားစစ် ကြောင်းရဲ့ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကို လာရောက်ခေါ်ဆောင်သွားခဲ့တာလို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီလို ခေါ်ဆောင်သွားမှုနဲ့ ပတ်သက်ပြီး ကယန်းပြည်သစ် တပ်မတော်ဘက်ကို နေပြည်တော်တိုင်းစစ်ဌာနက မတ်လ ၇ ရက်မှာ စာထုတ်အကြောင်းကြားခဲ့ပေမဲ့ အကြောင်း ပြန် ကြားလာခြင်းမရှိခဲ့ဘူးလို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ကို ခေါ်ဆောင်သွားမှုနဲ့ပတ်သက်ပြီး ကယန်းပြည်သစ် တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားခဲ့ပေမဲ့ ကယန်းပြည်သစ်တပ်မတော် ဗဟိုကော် မတီက တွေ့ ဆုံဖြေရှင်းပေးခြင်းမရှိခဲ့ဘူးလို့ နေပြည် တော်တိုင်းစစ်ဌာနက ဖော်ပြပါတယ်။
မတ်လ ၁၃ ရက်မှာတော့ နေပြည်တော်တိုင်းစစ်ဌာန နဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတနေရာမှာ စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို ရဲ့ ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားတဲ့ ဒဏ်ရာများစွာနဲ့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်အပေါ် ကယန်းပြည်သစ်တပ်မတော်အနေနဲ့ တာဝန်အပြည့်ရှိပြီး ဦးဆောင်စေခိုင်း ကျူးလွန်သူတွေကိုလည်း ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးဖို့ အချက် ၃ ချက်နဲ့ ထုတ်ပြန်ထားပါတယ်။
ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ (၃)ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့် အဝယူ၍ ဖြေရှင်းပေးရန်
အမိန့်ပေးစေခိုင်းသူနှင့် ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်
တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန် ဆိုတဲ့ အချက် ၃ ချက်ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော်တိုင်းစစ်ဌာနရဲ့ ရဲဘော်ကိုစိုင်း(ခ)ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန နဲ့ ဗျူဟာတပ်ရင်း တပ်ဖွဲ့တွေအားလုံးရဲ့ သဘောထားထုတ်ပြန်ချက်ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ဓာတ်ပုံ | သေဆုံးသူ စစ်ကြောင်းမှူး ၊ ထုတ်ပြန်ချက်၊ နေပြည်တော် PDF တပ်ဖွဲ့ဝင်များ