ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို အသုံးမပြုရန် ကရင်နီတပ်​ပေါင်းစုညွန်ကြား

by

in

ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို အသုံးမပြုရန် ကရင်နီတပ်​ပေါင်းစုညွန်ကြား
ရဲခေါင်/People’s Spring

စစ်ကောင်စီ၏တန်ပြန်ထိုးစစ်ကြောင့် ကရင်နီပြည် ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းကို မတ်လ ၁၂
ရက်မှစ၍ စစ်ဆင်ရေးနှင့်ပတ်သက်သည့် လုပ်ငန်း
မှလွဲ၍ အသုံးမပြုရန် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က ညွန်ကြားလိုက်သည်။
ထို့​ကြောင့်အဆိုပါလမ်းပိုင်းတွင် စီးပွားရေး၊လူမှု
ရေးကိစ္စရပ်များဖြင့်ဖြတ် သန်းသွားလာခြင်းမလုပ်ရန်နှင့် နောက်ထပ်အမိန့်မထုတ်ပြန်မီအထိ လိုက်
နာရန် ညွှန်ကြားထားသည်။
ကရင်နီပြည်နယ်အတွင်းလက်ရှိစစ်ရေးအခြေ
အနေအရ ဘောလခဲ မှ စစ်ကောင်စီတပ်သည် တန်ပြန် ထိုးစစ်ဆင်နေ၍ ပြည်သူလူထု၏ လုံခြုံ
ရေးကို ရှေးရှုရန် အသိ​ပေးခြင်းဖြစ်သည်ဟုသိရသည်။
“ဒီစာကတော့ တပ်တွင်းထဲမှာပဲထုတ်တဲ့စာ ဖြစ်ပါတယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေး တပ် KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြော
သည်။
ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့၏ လမ်းပိုင်းအသိ ပေးစာအရ ကရင်နီပြည် တပ်မတော် KA၊ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်
ရေးတပ်ဦး KNPLF၊ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ကရင်နီအမျိုးသား ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ KNPDP၊ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF၊ပြည်သူ့ ကာကွယ်ရေးတပ်များ(Local PDF)နှင့် မဟာမိတ်တပ်ဖွဲ့များအားလုံး ပါဝင်သည်။
ဒီးမော့ဆို-ထူးချောင်း-မော်ချီးလမ်းသည် ဒီးမော့ဆို-ဖရူဆို-ဘောလခဲ နှင့် ဖားဆောင်းမြို့တို့ကို့ ချိတ်ဆက်ထားသည်။
မော်ချီးဒေသတွင် ဗုံးခိုကျင်းများ တူးဖော်ရန် နှင့် လူစုလူဝေးများမပြုလုပ်ရန် အပါအဝင်လေ
ကြောင်းဆိုင်ရာ သတိပေးချက်ကိုလည်း ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSOက မတ်လဆန်းတွင်ထုတ်ပြန်ထားသည်။
ဘောလခဲမြို့တွင် စစ်ကောင်စီ၏ အခြေချစစ်ဗျူဟာ ၊ခမရ (၄၂၉)၊ခမရ (၄၃၀) နှင့် ခလရ (၃၃၇)တို့ရှိသည့်အပြင် ရှမ်းပြည်နယ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၂)လက် အောက်ခံတပ်ရင်းအချို့ကိုပါ အင်းအားထပ်ဖြည့်ထားသည်။
ဘောလခဲမြို့နယ်တွင် စစ်​ရေးအရ အရေးပါသည့် စစ်ကောင် စီ၏ မယ်စလောင်းတောင်စခန်း၊ရေ
ကျော်စခန်း နှင့် ထူးချောင်းစခန်းတို့ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ နှစ်ဝက်ကစ၍ သိမ်းပိုက်ထားသည်။
ကရင်နီပူး​ပေါင်းတပ်က ​မော်ချီမြို့ကို ၂၀၂၄ ဇန်နဝါရီလတွင် အပြီးသတ်သိမ်းပိုက်ထားသည်။
ကရင်နီပူး​ပေါင်းတပ်​များက မယ်စဲ့ ၊ ရှား​တော ၊ ​မော်ချီး ၊ ဒီ​မောဆို ၊နန်းမယ်ခုံ ၊ ရွာသစ်မြို့​၊ မိုးဗြဲမြို့​များကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
ယခုအခါ ကရင်နီပြည်နှင့် ရှမ်းပြည်​တောင်ပိုင်းအစပ် မိုးဗြဲ မြို့ ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ ​နေရာတချို့ နှင့် ​ဘောလခဲမြို့နယ်တို့တွင်တိုက်ပွဲများဖြစ်ပွား​နေသည်။
(ကရင်နီပူး​ပေါင်းတပ်များက ၂၀၂၄ ဇန်နဝါရီလတွင် ​မော်ချီးမြို့ကိုသိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-KNDF)