ပုသိမ်ကြီးမှာအမျိုးသမီးပါအဖွဲ့ကဓါးပြတိုက်သွား ■အိမ်ရှင်​တွေ ရိုက်နှက်ခံရပြီး ကျပ် ၁၀ သိန်းနဲ့​ရွှေထည်​တွေပါသွား

by

in

ပုသိမ်ကြီးမှာအမျိုးသမီးပါအဖွဲ့ကဓါးပြတိုက်သွား
■အိမ်ရှင်​တွေ ရိုက်နှက်ခံရပြီး ကျပ် ၁၀ သိန်းနဲ့​ရွှေထည်​တွေပါသွား
ရှိန်း /People’s Spring
မန္တလေးတိုင်း၊ပုသိမ်ကြီးမြို့နယ်၊ရန်ကင်းသာရပ်ကွက်မှာ မတ်လ ၁၁ ရက်ညနေပိုင်းက အမျိုးသမီးပါတဲ့ဓားပြအဖွဲ့က အိမ်တအိမ်ကိုဝင်ရောက်ပြီး အိမ်ရှင်တွေကိုရိုက်နှက်ကာ ငွေကျပ် ၁၀သိန်း နဲ့ရွှေထည်ပစ္စည်းတွေ ဓါးပြတိုက်သွားတယ်လို့ မြို့ခံတချို့က​ပြောပါတယ်။
မတ်လ၁၁ရက် ၊ညနေ၄နာရီ ခွဲကျော် လောက်မှာ
ပုသိမ်ကြီးမြို့၊ရန်ကင်းသာရပ်ကွက်၊စစ်ကိုင်းလမ်းအတွင်းကနေအိမ်တခုကို အမျိုးသမီးတဦးနဲ့ အမျိုးသား၂ဦးတို့ပါတဲ့ အဖွဲ့က ပစ္စည်းပို့သူအ​​ယောင်​ဆောင်ပြီး အဲဒီအိမ်ကမိသားစုထဲက သမီးအငယ်ရဲ့နာမည်နဲ့ ပါဆယ် လာပို့တာလို့ ပြောပြီး လက်ခံ‌‌လက်မှတ်ထိုး​ပေးဖို့ဆိုပြီးအိမ်အတွင်းဝင်ရောက်လာခဲ့ကြပါတယ်။
အိမ်ထဲ​ဝင်ပြီး​တော့ အိမ်ရှင်အမျိုးသားရဲ့ ဦးခေါင်းကိုရိုက်နှက်ပြီး အမျိုးသမီးနဲ့ သမီးငယ်ကို ကြိုးနဲ့တုတ်ကာအိမ်က ရွှေထည်​တွေ နဲ့ ငွေတွေကိုဓါးပြတိုက်ခဲ့တာလို့သိရပါတယ်။
“အိမ်ရှင်ဦးလေးကြီးက တော့ အခုဆေးရုံမှာ။ဖြစ်ပြီး ညနေ ၅နာရီ လောက်က တော့ စရဖ၊ထွေအုပ်နဲ့ ရဲတွေက ရပ်ကွက်ထဲကအိမ် တွေကို လိုက်စစ် သေးတယ်”လို့ ရပ်ကွက် နေပြည်သူတဦးက ပြောပါတ‌‌ယ်။
ဓါပြတိုက်သူတွေဟာ ဓားအပြင် သေနတ်ပါယူ ဆောင်လာတယ်လို့သိရပါတယ်။ပုသိမ်ကြီး မြို့ဟာ လတ်တလောလုယက်၊ဓားပြတိုက်မှုတွေမှာ နာမည်ကြီး နေတဲ့မြို့ဖြစ်ပါတ‌‌ယ်။
“ပုသိမ်ကြီးထဲက စာသင် ကျောင်းအကွေ့ဆို နယ်ထိန်းတွေကပါကြောက်တယ်။ညဘက်ဆိုမဖြတ်ရဲကြဘူး”လို့ ပြည်သူတဦးကလည်း ပြောပါတယ်။
‌ဖေဖော်ဝါရီလဒုတိယအပါတ်ကလည်းမန္တလေးမြို့က ကားပိုင်ရှင်တဦးကို ပုသိမ်ကြီးမြို့၊မြကျောက်ဘုရားအနီးမောင်းခိုင်းပြီး ရိုက်နှက် ကားလုယူမှုဖြစ်ခဲ့ပါတယ်။ ဒါအပြင် အဲဒီအနီးမှာပဲရွှေဆိုင်ပိုင်ရှင်မိသားစုလည်း ကားနဲ့ရွှေထည်‌တွလုယက်ခံခဲ့ရပါ သေးတယ်။
စစ်​ကောင်စီ အာဏာသိမ်းပြီး​နောက် တိုင်းပြည်စီးပွား​ရေးပျက်ပြီး ရာဇဝတ်မှု​တွေ ထူ​ပြောလာပါတယ် ။ စစ်​ကောင်စီတပ်က ​တော်လှန်​ရေးအဖွဲ့​တွေအ​​ပေါ်အသာစီးရဖို့ပဲ ကြိုးစားပြီး စစ်သားကိုရနိုင်သမျှ အဓမ္မစု​ဆောင်းပြီး ​ရှေ့တန်းလွတ်စစ်တိုက်ခိုင်းသလို ရပ်ကွက်​တွေ ​ကျေးရွာ​တွေမှာလည်း ​ခေတ်အဆက်ဆက် လူဆိုးလာမိုက်​တွေ ကို အုပ်ချုပ်​ရေးပိုင်းခန့်အပ်တာ ၊ ပျူ​စောထီး ၊သတင်း​ပေးအဖြစ် ​စေခိုင်းတာ​တွေ​ကြောင့် စစ်​ကောင်စီ ​မွေးထားတဲ့ ပျူ​တွေ ၊ လူဆိုးလူမိုက်​တွေ၊စစ်​ကောင်စီတပ်ဖွဲ့ဝင်​တွေကိုယ်တိုင်က လုယက်မှု​တွေပြုလုပ်​နေကြတယ်လို့ ​ဒေသခံအချို့က​ပြောပါတယ် ။