သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရရှိပြီးနောက် ဖမ်းဆီးရရှိသော ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူမှာ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် ၃ ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်ဟု NUG ထုတ်ပြန်

by

in

သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရရှိပြီးနောက် ဖမ်းဆီးရရှိသော ဒုတိယဗိုလ်မှူးကြီး စိုးမင်းသူမှာ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် ၃ ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဖြစ်ဟု NUG ထုတ်ပြန်
ရန်ကုန်၊ ဩဂုတ် ၂၆

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရရှိပြီး စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် ၃ ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုတိယဗိုလ် မှူးကြီး စိုးမင်းသူကို နိုင်ငံတကာစစ်ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ၊ ကာကွယ်ရေးဝန် ကြီးဌာန က သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၂၅ ရက်နေ့တွင် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့ကို အမျိုးသား ညီ ညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ PDF တပ် ရင်းများနှင့် ပကဖ များက အပြည့်အဝ တိုက်ခိုက် ထိန်းချုပ် သိမ်းပိုက်ခဲ့ကြောင်း၊ ဩဂုတ်လ ၁၉ ရက်နေ့တွင် မြို့ကို ထိန်းချုပ်နိုင်ခဲ့သော်လည်း မြို့ဦးတောင် စေတီ သို့ လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆုတ်ခွာ ခံစစ်ဆင်ခဲ့သဖြင့် ဩဂုတ်လ ၂၅ ရက်နေ့တွင်မှ အဆိုပါ တောင်ကုန်းအပါအဝင် တမြို့လုံး ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။
သပိတ်ကျင်း မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ထံမှ လက်နက်မျိုးစုံ ၆၃ လက်၊ မော်တာ ၅ လက်၊ ကျည်မျိုးစုံ ၁၈၆၆၉ တောင့်၊ RPG-7 ဒုံးသီး ၃၆ လုံး၊ RPG-7 ပို့ကျည် ၃၁ တောင့်၊ ၆၀ မမ ပြောင်းရှည် မော်တာ ဗုံး ၃၁ လုံး၊ ၆၀ မမ (ပြောင်းတို) မော်တာ ဗုံးသီး ၁၁ လုံး၊ ဂျန်မာ စက် ၃ လုံး၊ စစ်မြေပြင် ဆက်သွယ်ရေးစက် ၁ ခု သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ် မြို့နယ် (၃) ခု ၏ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး စိုးမင်းသူ ကိုဖမ်းဆီးနိုင်ခဲ့ကာ နိုင်ငံ တကာစစ်ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှုကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲတွင် ပြင်ဦးလွင်ခရိုင်ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် ပြင်ဦးလွင်ခရိုင်အမှတ် ၁ တပ်ရင်း၊ ပြင်ဦးလွင်ခရိုင်အမှတ် ၂ တပ်ရင်း၊ အမှတ် ၅၀၉ တပ်ရင်း၊ အမှတ် ၅၁၀ တပ်ရင်း၊ အမှတ် ၅၁၂ တပ်ရင်း၊ မန္တလေးခရိုင်အမှတ် ၅ တပ်ရင်း၊ မန္တလေးတိုင်းဒရုန်းတပ်ဖွဲ့၊ သပိတ်ကျင်း ပက‌ဖ၊ အမှတ် ၁ ရွှေဘိုဒရုန်း၊ ကန့်ဘလူခရိုင်ပကဖအဖွဲ့တို့ ပူးပေါင်းပြီး ဩဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ သပိတ်ကျင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။