တန့်ဆည်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများပြီး တော်လှန်ရေးအဖွဲ့တွေက စစ်သုံ့ပန်း ၇ ဦးဖမ်းမိ
■ ဝါသဝ ၏ ပျူများထဲမှ စစ်သား၊ရဲ နှင့် ပျူများကိုဖမ်းမိဟု PDF ပြော
-ရှိန်း/People’s Spring
စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့တိုက်ပွဲတွေဆက်တိုက်
ပွဲတွေဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ထိခိုက်သေ
ဆုံးမှုများသလို စစ်သုံ့ပန်း ၇ ဦးဖမ်းမိထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
မတ်လ ၃ရက် နေ့ မနက်၄နာရီ ဝန်းကျင်ကတည်း
က တန့်ဆည်မြို့နဲ့ အနီးဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးတပ်တွေကတိုက်ခိုက် နေတာဖြစ်ပါတယ် ။
မြို့အနီးက ဆင်ငယ်ပျူစောထီးရွာအပါအဝင်
စစ်တပ်တပ်စွဲနေတဲ့ရွာအချို့ နဲ့တန့်ဆည်မြို့ရဲ့နေရာအချို့ကို တော်လှန်ရေးတပ် တွေကိုသိမ်းယူထားနိုင်ပြီလို့သိရပါတယ်။
မတ်လ၄ရက် နေ့ညပိုင်းက ဆင်ငယ်ရွာကိုအထိုင်ချထားတဲ့ကန့်ဘလူ သဃ်န်းဝတ် ဝါသဝစစ် ကြောင်းက ရဲ နဲ့ ပျူစောထီး၊စစ်သား စုစုပေါင်း
၇ဦးကိုဖမ်းဆီးရရှိခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့ PDF တဦးက ပြောပါတယ်။
စစ်ကောင်စီဘက်ကလည်းလေယာဉ်နဲ့ ဆက်တိုက်လာရောက်တိုက်ခိုက်တာနေတာလို့ သိရပါတယ်။
“တိုက်ပွဲကပျောက်ကြားပုံစံမျိုးတော့ ဆက်ဖြစ်နေ
တယ်။စကစအ လောင်း ၁၅ လောင်းထပ်ရထားတယ်။တချို့နေရာတွေကိုလည်း စီးနိုင်ထားတယ်လို့ပြောလို့ရပါတယ်”လို့ အဲဒီရဲဘော်ကဆက်ပြောပါတယ်။
မတ်လ ၅ ရက်ညပိုင်းက စစ်တပ်ဘက်က Y-12နဲ့လက်နက်ပစ္စည်းနဲ့ ရိက္ခာ တွေထောက်ပံ့ထားသလို မတ်လ ၆ ရက်နေ့ မနက်ပိုင်းမှာကန့်ဘလူမြို့နယ် ကာဘိုးရွာအနီး ရွှေလမ်းဆုံရွာက ပျူစောထီး၁၀၀လောက် တန့်ဆည်မြို့ကို အင်အားထပ်တိုးထားတယ်လို့သိရပါတယ်။
မတ်လ ၆ ရက်ည နဲ့ ဒီနေ့ (မတ် ၇ )မှာလည်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီးတော့ စစ်တပ်က လေကြောင်းပစ်ကူသုံးခုခံတိုက်ခိုက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပါတယ် ။
တော်လှန်ရေးတပ်တွေက မြို့ရဲ့ အရှေ့ဘက်နဲ့ တောင်ဘက်ခြမ်း ကစစ်တပ် တပ်စွဲရာနေရာတွေကိုလက်သိမ်းယူဖို့ကျန်နေပြီး စစ်ကောင်စီဘက်ကမြို့တွင်းက ဘောလုံးကွင်း၊ကြံ့ခိုင်ရေးရုံး၊ထွေအုပ်ရုံးနဲ့ရဲစခန်းတွေမှာအထိုင်ချခုခံနေတာလို့သိရ
ပါတယ်။
ဒေသတွင်းတော်လှန်ရေးတပ်တွေကတန့်ဆည်မြို့ကစစ်တပ်စခန်းတွေကိုအရင်ကလည်း ၂ကြိမ်
ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ဖူးပါတယ် ။
ဒေသခံပြည်သူတွေဟာ အရင်ကတည်းက ဘေးလွတ်မယ်ထင်ရာကို ထွက်ပြေးတိမ်းရှောင် နေကြတယ်လို့ ဒေသခံ အချို့ကပြောပါတယ် ။
တန့်ဆည် PDF နှင့် တန့်ဆည် ပကဖ တပ်ဖွဲ့ဝင်များ / ပျူဘုန်ကြီး ဝါသဝ နှင့် ပျူစောထီးများ။
ဓါတ်ပုံ-တန့်ဆည် ပကဖ ၊ စစ်ကောင်စီ )