ရေလယ်ကျွန်းဒေသက MBT တပ်ဖွဲ့ဌာနချုပ် စခန်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲပြီး မီးရှို့ဖျက်ဆီး၊ ခဲယမ်းမလုံလောက်တာနဲ့ စစ်ကူလာဖို့ ခက်ခဲတာတွေကြောင့် ဌာနချုပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရ ရွာမီးရှို့ပြီး လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုဆီကနေ ထိုက်တန်တဲ့သွေးကြွေး ပြန်ယူသွားမယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဆို၊

by

in

ရေလယ်ကျွန်းဒေသက MBT တပ်ဖွဲ့ဌာနချုပ် စခန်းကို စစ်အုပ်စု လေကြောင်း ဗုံးကြဲပြီး မီးရှို့ဖျက်ဆီး၊
ခဲယမ်းမလုံလောက်တာနဲ့ စစ်ကူလာဖို့ ခက်ခဲတာတွေကြောင့် ဌာနချုပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရ
ရွာမီးရှို့ပြီး လူသတ်၊ လုယက်နေတဲ့ စစ်အုပ်စုဆီကနေ ထိုက်တန်တဲ့သွေးကြွေး ပြန်ယူသွားမယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဆို၊
MN/MFP ၊ မတ် – ၆

မကွေးတိုင်း၊ ရေစကြိုနယ် ရေလယ်ကျွန်းဒေသရှိ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း ဖြစ်တဲ့ Myingyan Black Tiger – MBT တပ်ဖွဲ့ ဌာနချုပ်စခန်းအနီး စစ်အုပ်စုနဲ့ MBT တို့ တစ်ပတ်ကျော် နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ် စုက လေကြောင်းပစ်ကူအင်အားပြင်းပြင်းထန်ထန် အသုံးပြုခဲ့ရာမှာ ဌာနချုပ်စခန်းကို ဆုံးရှုံးလက်လွှတ်လိုက်ရ တယ်လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက MFP ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်နယ်အနောက်ခြမ်းနဲ့ မကွေးတိုင်း ရေစကြိုနယ်အစပ်က ကျေးရွာတွေကို ဖေဖော်ဝါရီလ ၂၆ ရက်က စတင်ကာ စစ်ကြောင်းထိုး စီးနင်းလုယက် မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုတွေကို Myingyan Black Tiger – MBT တပ်ဖွဲ့အပါဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပြီး မနေ့က ညနေပိုင်းမှာ MBT တပ်ဖွဲ့နဲ့ စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ ခဲယမ်းမလုံလောက်မှုနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေ စစ်ကူလာဖို့ ခက်ခဲတာကြောင့် ဌာနချုပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ဗိုလ်မိုက်ခဲက ဆိုပါတယ်။
“မနေ့က မတ်လ ၅ ရက် မနက် ၆ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ MBT စခန်း ဌာနချုပ်ရှိရာဘက်ကို စစ် ကြောင်းထိုးလာတယ်။ အဲဒီအချိန်မှာ ကျနော်တို့တပ်တွေနဲ့ ထိပ်တိုက်တိုက်ပွဲဖြစ်ကြတယ်။ တိုက်ပွဲကလည်း ရှစ် ရက်လုံးလုံး ဆက်တိုက်ဖြစ်နေတာဆိုတော့ ကျနော်တို့မှာ ခဲယမ်းတွေက နည်းပါးသွားတာပေါ့။ နောက်ပြီးကျ နော်တို့ ကိုလာကူဖို့ရာအတွက်ကလည်း လမ်းကြောင်းပိုင်းဆိုင်ရာလည်း ခက်ခဲနေတယ်။ အဲဒါကြောင့် ကျနော်တို့ ပြန် ဆုတ်ပေးလိုက်ရတယ်။ ရန်သူ့ဘက်က ကျနော်တို့ ဌာနချုပ်စခန်းကို လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲ တယ်။ စခန်း ကိုလည်း မီးရှို့ဖျက်ဆီးသွားပါတယ်”လို့ မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက MFP ကို ပြောပါတယ်။
စစ်အုပ်စုက မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း ဖြစ်တဲ့ Myingyan Black Tiger – MBT တပ်ဖွဲ့ ဌာနချုပ်စခန်းကို လေ ကြောင်းက ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လက်နက်ထုတ်လုပ်တဲ့ စက်ယန္တယားတွေ ပျက်စီးဆုံးရှုံးသွားခဲ့ ရပြီး တာဝေးပစ် လက်နက်ကြီးတွေနဲ့ အခြား ဖောက်ခွဲရေးပိုင်းဆိုင်ရာ ပစ္စည်းအများအပြား ဆုံးရှုံးလိုက်ရတယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဌာနချုပ်စခန်းနဲ့ ပျက်စီးဆုံးရှုံးမှု ပစ္စည်းတန်ဖိုးတွေကိုတော့ မသိရသေးဘူးလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဌာန ချုပ် စခန်း စီးနင်းမီးရှို့ခံခဲ့ရပေမယ့် တော်လှန်ရေးရဲဘော်တွေဘက်က ဖမ်းဆီးခံရတာမျိုးမရှိခဲ့ဘဲ သေဆုံးတာလည်း မရှိ ခဲ့ဘူးလို့ MBT တပ်ဖွဲ့က ဆိုပါတယ်။
MBT စခန်းဌာနချုပ် တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ဌာနချုပ်စခန်း လက်လွှတ်ဆုံးရှုံးခဲ့ရပေမဲ့ ရဟန်းသံဃာနဲ့ ဒေသခံတွေကို ဖမ်းဆီးသတ်ဖြတ်ကာ ရွာတွေမီးရှို့နေတဲ့ စစ်အုပ်စုတွေ ဆီကနေ ထိုက်တန်တဲ့ သွေးကြွေး ပြန်ရယူနိုင်ဖို့ ကြိုးစားသွားမယ်လို့လည်း ဗိုလ်မိုက်ခဲက ဆက်ပြောပါတယ်။
“အခု ဒီစစ်ကြောင်းက မြေစွန်းတော်ရွာမှာဆိုရင် ဘုန်းကြီးလည်း သတ်တယ်။ ပြည်သူတွေကိုလည်း ဖမ်းဆီးပြီး သတ်တယ်။ ရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတယ်။ စကစဘက်က စစ်သုံ့ပန်းဥပဒေဆိုတာလည်း မရှိဘူး။ စကစ ဘက်ကလည်း ပြည်သူတွေကို မင်းတို့ PDF တွေက ငါတို့ကို တိုက်လို့ ရွာကိုမီးရှို့တယ်ဆိုပြီး မတိုက်ရင် မီးမရှို့ဘူး ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သူတို့(စစ်အုပ်စု)ဘက်က ပြည်သူနဲ့ တော်လှန်ရေးတပ်တွေကို စနစ်တကျနဲ့ သွေးခွဲနေ တာ ပါ။ ဒါတွေကိုလည်း ပြည်သူတွေအနေနဲ့ ပါးပါးနပ်နပ်နဲ့ သိရှိထားဖို့ ပြောချင်ပါတယ်။ အခု ကျနော်တို့ အကောင်း ဆုံး ပြင်ဆင်နေတယ်။ သတ်ဖြတ်ခံရတဲ့ ပြည်သူတွေနဲ့ မီးရှို့ခံရတဲ့ ကျေးရွာတွေ အဲဒါတွေအတွက် စစ်အုပ်စုနဲ့ ထိုက်တန်တဲ့ သွေးကြွေးကို ပြည်သူလူထုအတွက် ကျနော်တို့ MBT တပ်ဖွဲ့အနေနဲ့ ပြန်တောင်းနိုင်ဖို့ အကောင်း ဆုံး ကြိုးစားနေတယ်ဆိုတာကို ပြည်သူတွေကို ကတိပေးပါတယ်ဗျ”လို့ MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲ က MFP ကို ပြောပါတယ်။
စစ်အုပ်စုတွေ လေကြောင်းက ဗုံးကြဲပြီး မီးရှို့ဖျက်ဆီးသွားခဲ့တဲ့ MBT တပ်ဖွဲ့စခန်းဟာ ကျေးရွာထဲမှာ တည်ဆောက် ထားတာ မဟုတ်ဘဲ ရွာနဲ့လွတ်ကင်းတဲ့နေရာမှာ တည်ဆောက်ထားတာဖြစ်တယ်လို့လည်း ဗိုလ်မိုက်ခဲက ဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်နယ်အနောက်ခြမ်းနဲ့ မကွေးတိုင်း ရေစကြိုနယ်အစပ်က ကျေးရွာတွေကို ဖေဖော်ဝါရီလ ၂၆ ရက်က စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါ စစ်အုပ်စုတွေကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု စစ်ကြောင်း ဖွဲ့စည်းပုံပျက် ဆုတ်ခွာထွက်ပြေးခဲ့ရသလို သုံ့ပန်း ခုနစ်ဦးနဲ့ လက်နက်ခဲယမ်းတွေ တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းရရှိခဲ့ပါတယ်။
တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်အုပ်စုကအင်အားတွေ ထပ်မံဖြည့်တင်းပြီးနောက်ဖေဖော်ဝါရီလ ၂၈ ရက်မှာ မြောင် နယ်အစပ်က ကျေးရွာတွေနဲ့ ရေစကြိုနယ် ရေလယ်ကျွန်းဒေသက ကျေးရွာတွေကို မနေ့က မတ်လ ၅ ရက်အထိ စီးနင်းလုယက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် မြေစွန်းတော်၊ မြေစွန်းရွာသစ်၊ မာလကာခြံ၊ ဆင်ခြေယာ၊ ဇရပ်နီ၊ သာဂေါင် စတဲ့ကျေးရွာတွေက နေအိမ် ရာနဲ့ချီ မီးလောင်ပြာကျသွားခဲ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် မြေစွန်းတော်ရွာကို သုံးရက်ဆက်တိုက် မီးရှို့ဖျက်ဆီးနေတဲ့ စစ်အုပ်စုတွေကို မီးမရှို့ဖို့ရာ ဝင်ရောက် တား ဆီးမိတဲ့ သက်တော် ၈၀ အရွယ် ကျောင်းထိုင်ဆရာတော်ကိုပါ စစ်အုပ်စုက မတ်လ ၄ ရက်မှာ ပစ်သတ် ခဲ့ပြီးနောက် ဒေသခံပြည်သူ ၁၀ ဦးထက်မနည်းကိုပါ ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေက MFP ကို ပြောပါတယ်။
စစ်အုပ်စုရန်ကြောင့် စစ်ကိုင်းတိုင်း မြောင်နယ်အနောက်ခြမ်းက ရွှေတချောင်း၊ နနွင်းကိုင်း၊ ဆူးလေကုန်း၊ ဆင် လှောင်၊ မြစ်သာ၊ သုခဒီပ၊ မြစ်ဆုံ၊ မင်းလှ၊ ငါးရံ့အို စတဲ့ကျေးရွာတွေနဲ့ မကွေးတိုင်း ရေစကြိုနယ် ရေလယ် ကျွန်း ဒေသက မြေစွန်းတော်၊ ရွာသစ်၊ ရွှေလှံ၊ မာလကာခြံ၊ ဆင်ခြေယာ၊ ဇရပ်နီ၊ သာဂေါင် စတဲ့ ကျေးရွာတွေက ဒေ သခံ ပြည်သူ သောင်းဂဏန်းအထက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်အကူညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေက ဆိုပါတယ်။
MBT တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်