မြောက်ဥက္ကလာပ စစ်ကောင်စီ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်
မတ် ၅၊ ၂၀၂၅
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်က စစ်ကောင်စီရဲ့ အမှတ် (၄၃၅) တပ်ကို လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Yangon Army က သတင်းထုတ်ပြန်လာပါတယ်။
မနေ့က မတ်လ ၄ ရက် ည ၈နာရီအချိန်မှာ အဆိုပါ တပ်ရင်းအမှတ် (၄၃၅) တပ်ရဲ့ ဂိတ်ပေါက်ဝမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက်ချိန် လက်ပစ်ဗုံး ၂လုံးနဲ့ အနီးကပ် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ပျက်စီးထိခိုက်မှုကို အသေးစိတ်မသိရသေးပေမယ့် တော်လှန်ရေးရဲဘော်တွေကတော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို Freeland Attack Froce-FLA နဲ့ Yangon Army တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ရက်နေ့တုန်းကလည်း ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်က တပ်မတော်ချည်မျှင်နဲ့ အထည်စက်ရုံဂိတ်ရှိ စစ်ကောင်စီတပ်သားတွေကို လက်ပစ်ဗုံး ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို
လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ညောင်တုန်းလမ်းမပေါ်က မြို့မရဲစခန်းထဲကိုလည်း အဝေးပစ်လောင်ချာ အပါအဝင် ၄၀မမ ၃လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
ပုံစာ – အကြမ်းဖက် စစ်တပ်ယာဉ်တချို့ (ပုံဟောင်း)
