အမျိုးသမီး PDF ကပစ်ခတ်၍ဆင်ဖြူကျွန်းရဲစခန်းမှူး​သေဆုံး

by

in

အမျိုးသမီး PDF ကပစ်ခတ်၍ဆင်ဖြူကျွန်းရဲစခန်းမှူး​သေဆုံး
ကဖေး/People’s Spring
မကွေးတိုင်း၊ဆင်ဖြူကျွန်းမြို့ရဲစခန်းမှူး ၊ဒုရဲမှူးသန်းလွင်ကို အမျိုးသမီး PDFတဦးက သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ရာ ​သေဆုံးသွားကြောင်း ဒေသခံများကပြောသည်။
“အဲဒီစခန်းမှူးက လက်ဖက်ရည်ဆိုင်မှာထိုင်နေတာ။ အထွက်မှာ ကပ်ပစ်တာ။ဆေးရုံ အရောက်မှာသေတဲ့သတင်းကြားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ရဲအုပ်သန်းလွင်သည် မတ်လ ၄ ရက်နံနက်၇နာရီခန့်တွင် ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ရပ်ကွက်ရှိ ချမ်းမြေ့အောင်လက်ဘက်ရည်ဆိုင်မှ ထွက်လာချိန်တွင် ပစ်ခတ်ခံရခြင်းဟု CDMရဲတပ်ဖွဲ့ဝင်တဦးကဆိုသည်။
“သေတာ သေချာတယ်။ PDFမိန်းကလေးက အနီး
ကပ်ပစ်သွားတာ”ဟု၎င်းကဆက်ပြောသည်။
ဒုရဲမှုသန်းလွင်သေဆုံးသည့်သတင်းနှင့်ပတ်သက်
၍ ကာကွယ်ရေးတပ်ဖွဲ့များကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။
စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်
နှာအချို့ကလည်း ဆင်ဖြူကျွန်းမြို့မရဲစခန်းမှူးသည်လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်နေစဥ် PDF များက ပစ်ခတ်ခဲ့သည့်အတွက် သေဆုံးသွားကြောင်း ရေးသားထား
သည်။