မောင်တောတွင် စစ်သုံ့ပန်းများထားသည့်နေရာကို စစ်ကောင်စီ ပေါင် ၅၀၀ နှစ်လုံးကြဲ၊ သုံ့ပန်း ၃၀
ကျော်သေဆုံး
ကဖေး/People’s Spring
အာရက္ခတပ်တော်(AA) သိမ်းပိုက်ထိန်းချုပ်ထားပြီး စစ်သုံ့ပန်းများထားသော မောင်တောမြို့မှ နယ်ခြားစောင့်တပ်ရင်းကို စစ်ကောင်စီကလေ
ကြောင်းမှ ဗုံးကြဲတိုက်ခိုက်၍ စစ်သုံ့ပန်း ၃၀ဦးထက်မနည်းသေဆုံးသွားသည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၁၂နာရီခန့်တွင် ဂျက်ဖ်ိုက်တာ နှစ်စီး ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးလာရောက်ကြဲချခြင်းဟု မောင်တောမြို့နှင့်အဆက်
အသွယ်ရှိသည့် ရဲသတင်းရင်းမြစ်တဦးကပြော
သည်။
“အဲဒီနေရာက နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ဖြစ်တယ်။ သုံ့ပန်းတွေသေတယ်ဗျ။ တော်တော်သေတယ်။ တိတိကျကျမသိရပေမယ့် ကျတော်တို့နဲ့ တပတ်စဉ်ထဲရဲတွေပါသွားတယ်” ဟု အဆိုပါရဲသတင်းရင်းမြစ်ကပြောသည်။
စစ်သုံ့ပန်း ၃၂ဦးသေဆုံးပြီ ဆယ်ဦးကျော် ဒဏ်ရာရခဲ့ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္ဇရာသတင်းဌာနက ရေသားဖော်ပြထားသည်။ထို့အပြင် မောင်တောမြို့သိမ်းတိုက်ပွဲတွင် AA က ဖမ်းမိထားသည့်ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုစစ်ဆေးရန် ယင်းဌာနချုပ်သို့ ခေါ်ဆောင်ထားသည်ဆိုသောသတင်းပေါက်ကြားပြီး စစ်ကောင်စီကတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်ကိုကိုးကား၍ နေရဉ္ဇရာကဖော်ပြထားသည်။
၂၀၂၄ ဒီဇင်ဘာလ ၈ရက်က မောင်တောမြို့မှ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ-နခခ(၅) သိမ်းယူပြီး မြို့ကိုအပြီးသတ်ထိန်းချုပ်သည့်တိုက်ပွဲ၌ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် စစ်သုံ့ပန်းအများအပြား AA ကဖမ်းမိခဲ့သည်။
ဒေသတွင်းစစ်ရေးသတင်းများဖော်ပြပေးနေသည့်
Arakan Princess Media က မူ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ ခံရသော်လည်း ဗုံးမှာကွင်းပြင်တွင်ကျပြီး ထိခိုက်မှုမရှိဟု ဒေသခံတဦး၏ အပြောဖြင့်ရေးသားထားသည်။သို့သော်ပူးတွဲဖော်ပြသည့် ဓါတ်ပုံတွင် ဗုံး ၁ လုံးမှာကွင်းပြင်တွင်ကျထား၍ မြေကျင်းကြီးဖြစ်နေသည်ကိုတွေ့ရသလိုအနီး
ရှိအဆောက်အဦးမှာ ပျက်စီးနေသည်ကိုလည်းတွေ့ရသည်။
ယခုလေကြောင်းတိုက်ခိုက်မှုသတင်းကို AAက
မထုတ်ပြန်သေးပေ။ မောင်တောမြို့သိမ်းတိုက်ပွဲ တိုက်ခိုက်နေသည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၉ရက်ကလည်း တိုက်ပွဲအတွင်း ဖမ်းမိထားသည့် စစ်သုံပန်းများထားရှိသော မောင်တောမြို့မှ ရဲတပ်ရင်း နခခ(၂)ကို စစ် ကောင်စီက လေကြောင်းမှတိုက်ခိုက်ရာ စစ်သုံ့ပန်း ၅၀ကျော်သေဆုံးခဲ့သည်ဟု AAက စက်တင်ဘာလ ၁၀ရက်၌ ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်း မြောက်ဦးမြို့ ရမ်းချောင်းအနီးရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့်အမျိုး
သမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်
ရာရရှိခဲ့သည်ဟု AAကထုတ်ပြန်ခဲ့သည်။ အလားတူ နောင်ချိုမြို့နယ်တွင် စစ်သုံ့ပန်းများထားရာနေရာကို စစ်တပ်က ဗုံးကြဲ၍ သုံ့ပန်းစစ်သားများသေဆုံးခဲ့ဖူးသည်။
စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့မှလွဲ၍ ရခိုင်ပြည်နယ်မှ ကျန်မြို့များအားလုံးကိုသိမ်းပိုက်ထားသည့် AAက ထောင်နှင့်ချီသောစစ်သုံ့ပန်းများအပြင် စစ်ကောင်စီထိပ်တန်းအရာရှိများအဖြစ် ဗိုလ်မှူးချုပ်လေးဦး ဖမ်းဆီးထားသည်။ပြီးခဲ့သည့် ၂၀၂၄ ဖေဖော်ဝါရီလဆန်းပိုင်းက ကျောက်တော်၊ မြောက်ဦး၊မင်းပြားမြို့နယ်များမှစကခ (၉) လက်
အောက်ခံတပ်ရင်းများကို AAက တိုက်ခိုက်စဉ်စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို အရှင်ဖမ်းဆီးမိခဲ့သည်။
မောင်တောမြို့သိမ်း တိုက်ပွဲတွင် ဗိုလ်မှူးချုပ်သူရိန်ထွန်းကိုဖမ်းဆီးခဲ့သည်။ ဒီဇင်ဘာလ ၂၀ရက်က အမ်းမြို့မှ အနောက်ပိုင်းတိုင်စစ်ဌာနချုပ်(နပခ)
အား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်
ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်းတို့ကို အရှင်ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးထားသည့်စစ်သုံ့ပန်းများကို AA ကစီစစ်
၍ ပြန်လွှတ်ပေးမှုများလည်းရှိနေသည်။ပြီးခဲ့သည့် ဒီဇင်ဘာလ နှင့် ဇန်နဝါရီလတွင် စစ်သုံ့ပန်းနှင့်မိ
သားစုဝင် ၂၀၀ ကျော်ကို AAက ပြန်လွှတ်ပေး
ခဲ့သည်။
(ဗုံကြဲခံရပြီးနောက် မြေကျင်းကြီး နှင့် အပျက်အစီးများကိုတွေ့ရစဥ်။ဓါတ်ပုံ-APM )