မြိုင်မြို့နယ်တွင် တိုက်ပွဲတွင် ထပ်မံ သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေး အပါအဝင် စစ်သားမသာ အလောင်း ၅ လောင်း ထပ်မံ သိမ်းဆည်းရရှိ

by

in

မြိုင်နယ်မှာ တော်လှန်ရေးတပ်တွေ ဆက်တိုက် အောင်ပွဲရ၊
စခန်းသုံးခု သိမ်းနိုင်ပြီး စစ်ကူ စစ်ကြောင်းကို ချေမှုန်းနှိုင်ကာ အလောင်း၊ လက်နက်နဲ့ သုံ့ပန်းတွေ ရ၊
စစ်အုပ်စုက ရွာမီးရှို့၊ လေကြောင်းဗုံးကြဲနေပြီး ပြည်သူတွေ ထွက်ပြေးနေရ၊
ကိုထူး/MFP၊ ဩဂုတ် – ၂၄

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ထဲက တိုက်ပွဲတွေမှာ ဒေသခံ တော်လှန်ရေးတပ်တွေ ဆက်တိုက် အောင်ပွဲ ရနေပြီး ယခု ဩဂုတ်လအတွင်း စစ်အုပ်စု အထိုင်စခန်း သုံးခုကို သိမ်းပိုက်နိုင်သလို စစ်ကူ စစ်ကြောင်းကို တိုက်ခိုက် ချေမှုန်းနိုင်ပြီး အလောင်း၊ လက်နက်နဲ့ စစ်သုံ့ပန်းတွေ ဖမ်းဆီးရမိတယ်လို့ ဒေသခံ တော်လှန်ရေး တပ်တွေက MFP ကို ပြောပါတယ်။
ဩဂုတ်လ(၃)ရက်ကနေ (၈)ရက်အတွင်း မြိုင်နယ် တောင်ပိုင်းက စစ်အုပ်စု အထိုင်စခန်းတွေ ဖြစ်တဲ့ ကိုင်းတောမ နယ်မြေရဲစခန်း၊ စက်ရေတွင်း အထိုင်စခန်းနဲ့ ဝက်ပုတ်ရွာ ပျူစခန်းတွေကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဩဂုတ်လ(၂၁)ရက်မှာလည်း မြိုင်နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်အုပ်စုကို တိုက်ခိုက်ချေမှုန်းရာ ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု အများအပြား သေပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပါတယ်
မြိုင်နယ်တောင်ပိုင်းက စစ်အုပ်စု အထိုင်စခန်း သုံးခုကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်ပြီးနောက် အဲ့ဒီ စခန်းတွေဘက် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက် ချေမှုန်းခဲ့ရာ စစ်အုပ်စု အထိနာ အသေများလို့ ဩဂုတ်လ(၂၃)ရက်မှာ ပြန်လည် ဆုတ်ခွာ ထွက်ပြေးတယ်လို့ မြိုင်-ပကဖ တာဝန်ရှိသူ တစ်ဦးက MFP ကို ပြောပါတယ်။
“အထိအခိုက် အကျအဆုံး များစွာနဲ့ ပြန်ဆုတ်သွားတယ်။ (နောက်ထပ်) လာတော့ လာနိုင်သေးတယ်ပေါ့၊ အင်အား တိုးရင် တိုးမယ်၊ ကျန်တဲ့ ပစ်ကူတောင်းပြီး လာရင်လာမယ်၊ အဲလိုတော့ လုပ်ဦးမှာပဲ”
တော်လှန်ရေးတပ်တွေက မြိုင်မြို့နယ်တောင်ပိုင်းက စစ်အုပ်စု အင်အား(၇၀)ခန့် အထိုင်ချထားတဲ့ ကိုင်းတောမ နယ်မြေရဲစခန်းနဲ့ စက်ရေတွင်း အထိုင်စခန်းကို ဩဂုတ်လ(၃)ရက်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စု ထွက်ပြေးလို့ လေးရက်အကြာ ဩဂုတ်လ(၇)ရက်မှာ အဲ့ဒီ စခန်းနှစ်ခုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဆက်လက်ပြီး ကိုင်းတောမ ရဲစခန်းရဲ့ မြောက်ဘက် သုံးမိုင်ခန့်အကွာက စစ်အုပ်စုနဲ့ပျူ အင်အား(၅၀)ခန့်ရှိတဲ့ ဝက်ပုတ်ရွာ ပျူစခန်းကိုလည်း ဩဂုတ်လ(၅)ရက်မှာ တော်လှန်ရေးတပ်တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ(၈)ရက်မှာ စခန်းကို သိမ်းယူနိုင်ခဲ့ပါတယ်။ ဝက်ပုတ်ရွာ ပျူစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူ (၁၀)ယောက်ခန့် သေပြီး (၁၀)ယောက်ကို သုံ့ပန်းအဖြစ် ဖမ်းမိကာ သေနတ် ကိုးလက် သိမ်းဆည်းရမိခဲ့ပါတယ်။
အဲ့ဒီ စခန်းသုံးခု ဆုံးရှုံးပြီးနောက် ဩဂုတ်လ(၁၆)ရက်မှာ မြိုင်နယ်၊ သရက်ကန်ရွာ ပျူစခန်းကနေ စစ်အုပ်စုနဲ့ပျူ အင်အား(၅၀)ခန့် စစ်ကြောင်းထိုးလာပြီး ဩဂုတ်လ(၂၁)ရက်မှာ စစ်ကူ စစ်ကြောင်းက ခွဲထွက်လာတဲ့ အင်အား (၃၀)ခန့်ပါ စစ်အုပ်စုကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ မြိုင်-ပကဖ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲအတွင်း ဗိုလ်မှူးအဆင့် အပါအဝင် စစ်အုပ်စု (၁၇)ယောက် သေကာ ငါးယောက် လက်နက်ချ အညံ့ခံပြီး သေနတ် (၁၉)လက်နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။
အဲဒီ သရက်ကန်ရွာ ပျူစခန်းက ထွက်လာတဲ့ စစ်အုပ်စု စစ်ကြောင်းဟာ ကိုင်းတောမ ရွာသစ်ဘုန်းကြီးကျောင်းမှာ ယာယီ အထိုင်ချပြီး အဲ့ဒီကတဆင့် မြိုင်နယ် စက်မှု(၂)ဘက် ဦးတည်ခဲ့တာလို့ ဒေသခံ တော်လှန်ရေး တပ်တွေက ပြောပါတယ်။
တိုက်ပွဲဖြစ်နေချိန် စစ်အုပ်စုက လေကြောင်းပစ်ကူ ဗုံးကြဲလို့ ဖလံကန်ကျေးရွာက နေအိမ် ခြောက်လုံး ပျက်စီးတယ်လို့ အညာ မြေ အရပ်ဖက်အဖွဲ့အစည်း- မြိုင် က တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ကိုင်းတောမ ရွာသစ်ဘုန်းကြီးကျောင်းထဲ စစ်အုပ်စု အထိုင်ချ တပ်စွဲနေချိန် အနီးဝန်းကျင် ရွာတွေကို စီးနင်းလုယက် မီးရှို့လို့ ထန်းငယ်တောကျေးရွာက နေအိမ် ခုနှစ်လုံး ပြာကျကာ ကျေးရွာ(၁၅)ရွာက ပြည်သူတွေ ထွက်ပြေး နေရတယ်လို့လည်း အညာမြေ အရပ်ဖက် လူအဖွဲ့အစည်း-မြိုင် က ထုတ်ပြန်ထားပါတယ်။
“(ဩဂုတ်) (၁၈)ရက်၊ (၉)နာရီက မီးရှို့တာဗျ။ နေအိမ်က ခုနှစ်လုံး မီးရှို့ခံလိုက်ရတယ်၊ စားသောက်ကုန်တွေ အဖိုးတန် ပစ္စည်းတွေ ယူလို့ အဆင်ပြေသလောက် အကုန်ယူသွားတာခင်ဗျ၊ ယူပြီးခါမှ ကျန်ခဲ့တဲ့ အိမ်ကို မီးရှို့တာခင်ဗျ” လို့ အညာမြေ အရပ်ဖက်လူအဖွဲ့အစည်း-မြိုင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု နောက်ပြန်‌လှည့် ထွက်ပြေးသွားပေမယ့် လေကြောင်း အန္တရာယ်နဲ့ စစ်အုပ်စုက မိုင်းတွေ ထောင်ခဲ့တာကြောင့် ဒေသခံတွေ ရွာထဲ ပြန်မဝင်ရဲသေးဘဲ တောထဲ ဖြစ်သလို နေထိုင်ရတယ်လို့ ဆိုပါတယ်။
မြိုင်နယ်အတွင်း အောင်ပွဲရခဲ့တဲ့ တိုက်ပွဲတွေမှာ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖ နဲ့ ဒေသခံ တော်လှန်ရေးတပ်တွေ ပူးပေါင်း တိုက်ခိုက်တာလို့ ဆိုပါတယ်။
မြိုင်နယ် တောင်ပိုင်းက စစ်စခန်း သုံးခုကို တိုက်ခိုက်သိမ်းပိုက်မှုနဲ့ စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းရာက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းနဲ့ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေ/Photo – ပခုက္ကူ PPDF၊ မြိုင် ပကဖ၊ အညာမြေ တပ်ပေါင်းစု
#Mandalay_Free_Press_MFP

မြိုင်မြို့နယ်တွင် တိုက်ပွဲတွင် ထပ်မံ သေဆုံးခဲ့သည့် စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေး အပါအဝင် စစ်သားမသာ အလောင်း ၅ လောင်း ထပ်မံ သိမ်းဆည်းရရှိ
ရန်ကုန်၊ ဩဂုတ် ၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တိုက်ပွဲတွင် ထပ်မံ သေဆုံးခဲ့သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေး အပါအဝင် စစ်သားမသာ အလောင်း ၅ လောင်း ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် တွင်းမရွာ ပျူစောထီးစခန်းမှ မြိုင်စက်မှု ၂ ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများ ပိတ်မိနေခဲ့ကြောင်း သိရသည်။
အဆိုပါ ပိတ်မိနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် လမ်းဖွင့်ပေးခဲ့ပြီး စစ်ကောင်စီ တပ်သားများ မြေမြုပ်ထားခဲ့သော ဗိုလ်မှူး မင်းသိန်းကျော်၊ တပ်ကြပ်ကြီး ခင်မောင်လွင် ၊ တပ်သား ရဲရင့်သွေးနှင့် အမည်မသိ စစ်သား ၂ ဦး၏မသာ အလောင်း ၅ လောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ထပ်မံ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြေမြုပ် လျက်ပဲ တွေ့ခဲ့တာပါ။ သူတို့ ရာထူးတွေနဲ့ အမည်တွေက သူတို့ရဲ့ အကြွင်းအကျန်ဖြစ်တဲ့ ပစ္စည်းတွေကနေမှ သိရတာပါ။ စစ်ခွေးတွေ ဆုတ်ပြေးသွားတဲ့ လမ်းကြောင်းမှာ ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့ပါတယ်” ဟု အညာမြေ တပ်ပေါင်းစု မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဆုတ်ခွာသွားသော လမ်းကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် ၈၁ မမ အဖူး၊ ၄၀ မမ အဖူး၊ RPG အဖူးနှင့် စစ်အသုံးအဆောင် ပစ္စည်းများ ထပ်မံ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။