Breaking News- လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်ရရှိဟု ဓာတ်ပုံများနှင့်တကွ ကြေညာ

by

in

Breaking News- လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်ရရှိဟု ဓာတ်ပုံများနှင့်တကွ ကြေညာ

ရန်ကုန်၊ ဩဂုတ် ၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ဓာတ်ပုံသက်သေများနှင့်တကွ ယနေ့ ကြေညာသည်။
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAA တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းနိုင်ခဲ့ကြောင် MNDAA က တရားဝင် ကြေညာ သည်။

လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ကိုးကန့် အမျိုးသားအလံကို လွှင့်တင် (ရုပ်/သံ)
ရန်ကုန်၊ ဩဂုတ် ၃
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA က အပြီးသတ်သိမ်းပိုက်ရရှိကြောင်း ဓာတ်ပုံသက်သေများနှင့်တကွ ယနေ့ ကြေညာသည်။
၂၀၂၄ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် MNDAA တပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်များကို ချေမှုန်းနိုင်ခဲ့ကြောင် MNDAA က တရားဝင် ကြေညာ သည်။
ယင်းနောက် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီအလံကို ဖြုတ်ချပြီး ကိုးကန့် အမျိုးသားအလံကို လွှင့်တင်လိုက်ကြောင်း သိရှိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ အခြေစိုက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်များက ယနေ့တွင် အပြီးသတ်ထိန်းချုပ်နိုင်လိုက်ပြီဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ တရားဝင်ထုတ်ပြန်လိုက်သည်။
တိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီလက်ကျန်အဖွဲ့များသည် ယနေ့မနက် ၁၀ နာရီခန့်တွင် စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။ ဌာနချုပ်မကျရေး စစ်ကောင်စီက စစ်ကူများ စေလွှတ်ခဲ့သော်လည်း ကိုးကန့်နှင့် မဟာမိတ်တပ်များက ကြားဖြတ်ခြေမှုန်းနိုင်ခဲ့သည်။
လားရှိုးမြို့နေရာအနှံ့ကို ကိုးကန့်နှင့် မဟာမိတ်တပ်များက လွန်ခဲ့သည့် ရက်သတ္တပတ်တလျှောက် စိုးမိုးထားချိန်တွင် စစ်ကောင်စီက ထိုအဖွဲ့များမှအချို့သည် အရပ်ဝတ်ဖြင့် မြို့ထဲသို့ဝင်ရောက်ကာ တပ်စခန်းများရှေ.ရောက်မှ စစ်ယူနီဖောင်းလဲ ဓာတ်ပုံရိုက်ထွက်ခွာ သွားခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။
သို့ရာတွင်ကား ယမန်နေ့က ဌာနချုပ် တပ်ဝန်းထဲရှိ စစ်ဆေးရုံကို ကိုးကန့်တပ်က ဝင်စီးသည့်အချိန်မှစ၍ စစ်ကောင်စီသည် လားရှိုးစစ်ရေးအခြေအနေကို ဆက်လက်သတင်းထုတ်ပြန်ခြင်းမရှိတော့ပေ။
ဇူလိုင် ၃ ရက်မှစတင်၍ လားရှိုးမြို့ကို MNDAA ဦးဆောင်သော တပ်များ၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)၊ နိုင်ငံအနှံ့မှ စစ်အာဏာသိမ်းဆန့်ကျင်သူများဖြင့် ဖွဲ့စည်းထားသော တပ်မဟာ ၆၁၁ တို့ က ပူးပေါင်း ထိုးစစ်ဆင်ခဲ့ကြခြင်းဖြစ်သည်။
ပုံစာ- အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်ပေါက်တွင် အောင်ပွဲခံနေသော ကိုးကန့်တပ်ဖွဲ့ဝင်များ (MNDAA)
#ရမခ #လားရှိုး #MyanmarNow #Myanmar #မြန်မာနောင်း