အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရ

by

in

အင်းစိန်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်မှု ရဲ ၄ ဦး ထိခိုက်ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၂၄
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းမီးပွိုင့်အနီးတွင် ဂိတ်ချ ငွေတောင်းနေသော ယာဉ်ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၄ ဦးထိခိုက်ဒဏ်ရာရရှိကြောင်း God’s Hand Forces မှ တာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၇ မိနစ်အချိန် အင်းစိန်မြို့နယ်၊ စော် ဘွားကြီးကုန်းမီးပွိုင့်အနီး ပြည်လမ်းပေါ်တွင် ဂိတ်ချငွေတောင်းနေသော ယာဉ် ထိန်းရဲများကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် ယာဉ် ထိန်းရဲ အရာရှိ ၁ ဦးနှင့် အခြားအဆင့် ၃ ဦး ထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှု ရှိ၊ မရှိကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရှိရသည်။
“ခပ်ဝေးဝေးက ကြည့်ရတာဆိုတော့ သေဆုံးသလား၊ မသေဆုံးဘူးလားဆိုတာကို ကျနော်တို့ အတည်ပြုလို့မရပါဘူး။ ထိတာတော့ ထိသွားတယ်” ဟု God’s Hand Forces မှ တာဝန်ခံ ဆရာကျောင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အဆိုပါစစ်ဆင်ရေးသည် M 043 စစ်ဆင်ရေး၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၅ ကြိမ်မြောက် တိုက်ခိုက်မှုလည်းဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင် စီ နှင့်ပတ်သက်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်း၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင် ရှားသွားလာကြရန် God’s Hand Forces က ထုတ်ပြန်သတိပေးထားသည်။
ဓာတ်ပုံ- ယခုရက်ပိုင်းအတွင်း အမှတ် ၃ လမ်းမပေါ်တွင် ကုန်ကားနှင့် အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို တားဆီး၍ ငွေတောင်းနေသော အကြမ်းဖက် စစ်ကောင်စီလက် အောက်ခံ ယာဉ်ထိန်းရဲနှင့် စစ်သားများ။