နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ချောင်း ယနေ့နံနက်ပိုင်း၌ ရေလျှံမှုဖြစ်၍ နေအိမ်အချို့ နစ်မြုပ်ကာ လူအများ ရွှေ့ပြောင်းနေထိုင်နေကြရသည်။

by

in

နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ချောင်း ယနေ့နံနက်ပိုင်း၌ ရေလျှံမှုဖြစ်၍ နေအိမ်အချို့ နစ်မြုပ်ကာ လူအများ ရွှေ့ပြောင်းနေထိုင်နေကြရသည်။
ငလိုက်ချောင်းတလျှောက်ရှိ စဉ့်အိုးဖို၊ သဲကျွန်း၊ မြို့သစ် အပါအဝင် ကျေးရွာမှဒေသခံများသည် နီးစပ်ရာ ဓမ္မာရုံများတွင် ပြောင်းရွှေ့နေထိုင်ကြသည်။ ရေလျှံမှုကြောင့် အနီးနားရှိ ကျေးရွာများတင်မကပဲ လမ်းများပေါ်တွင်လည်း ရေကြီးမှု ဖြစ်ပေါ်ခဲ့သည်။
“ မနေ့ညက ရွာတဲ့မိုးကြောင့်ချောင်းရေလျှံပြီး နံနက် လေးနာရီမှာ ရေစဝင်တယ်။ နိမ်တဲ့အိမ်တွေ နစ်ကုန်တာပဲ”ဟု ရေဘေး ကြုံတွေ့နေသည့် ဒေသခံတစ်ဦးကပြောသည်။
ဓာတ်ပုံ (Myanmar Now)