မင်းအောင်လှိုင် ခရီးစဉ် မတိုင်မီ တောင်ငူမြို့ ၊ အရှေ့ ကရင်ချောင်း တံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲ တိုက်ခိုက် မှု ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရ

by

in

မင်းအောင်လှိုင် ခရီးစဉ် မတိုင်မီ တောင်ငူမြို့ ၊ အရှေ့ ကရင်ချောင်း တံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲ တိုက်ခိုက် မှု ရဲ ၃ ဦး အပြင်းအထန်ဒဏ်ရာရ
ရန်ကုန်၊ ဩဂုတ် ၂၄
ပဲခူးတိုင်း၊ တောင်ငူမြို့ အရှေ့ဘက် ကရင်ချောင်းတံတားစစ်ဆေးရေးဂိတ်နှင့် အမှတ် ၃ ရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Anonymous UG တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဩဂုတ်လ ၂၂ ရက် ညနေ ၅ နာရီခန့်က တောင်ငူမြို့ အရှေ့ဘက် တောင်ငူ – ၄ မိုင်လမ်းပေါ်ရှိ ကရင် ချောင်းတံတားဂိတ်တွင် ဆက်ကြေးကောက်နေသော ယာဉ်ထိန်းရဲများကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ ဩဂုတ်လ ၂၃ ရက် ညနေ ၅ နာရီခန့်က တောင်ငူမြို့ အမှတ် ၃ ရဲစခန်းကို အဝေးထိန်း မိုင်း ဖြင့် ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သား၊ ရဲ ထိခိုက်သေဆုံးမှုအခြေ အနေကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“တောင်ငူမြို့အရှေ့ဘက် တောင်ငူ – ၄ မိုင်လမ်းပေါ်က ကရင်ချောင်းတံတားမှာ ဂိတ်ကြေး ကောက် နေတဲ့ ယာဉ်ထိန်းရဲတွေကို မိုင်းဆွဲတိုက် ခိုက် ခဲ့တာ ယာဉ်ထိန်း ၃ ဦးဒဏ်ရာရခဲ့တာကို မျက်မြင် တွေ့ ခဲ့ရပါတယ်။ မနေ့က ၂၃ ရက်နေ့က အရှေ့ဘက်ကမ်းမှာရှိတဲ့ တောင်ငူ အမှတ် ၃ ရဲစခန်းကို အဝေး ထိန်းမိုင်းနဲ့ အောင်မြင်စွာ ထပ်မံတိုက်ခိုက်ခဲ့တာက ထိခိုက်မှုအခြေအနေ မသိရသေးပါဘူး” ဟု Anonymous UG တပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Anonymous UG တပ်ဖွဲ့နှင့် KNU တပ်မဟာ ၂ တောင်ငူခရိုင် တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- ယမန်နေ့ အကြမ်းဖက် မင်းအောင်လှိုင် တောင်ငူမြို့တွင် ရောက်ရှိနေစဉ်။