ရန်ကုန်မြို့တွင် လမ်းဘေးတီးဝိုင်းတစ်ခုကို ရောင်နီသီချင်းသီဆိုခဲ့သည့်အတွက် စစ်တပ်ကဝင်ရောက်ဖမ်းဆီး

by

in

ရန်ကုန်မြို့တွင် လမ်းဘေးတီးဝိုင်းတစ်ခုကို ရောင်နီသီချင်းသီဆိုခဲ့သည့်အတွက် စစ်တပ်ကဝင်ရောက်ဖမ်းဆီး
AAMIJ / ဖေဖေါ်ဝါရီ ၁၁

ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဂျန်းရှင်းမော်တင်အနီး လမ်းဘေးမှာ ရောင်နီ သီချင်းကို တီးဝိုင်းငယ် တစ်ခုက ဂီတာတီးပြီး ဖျော်ဖြေခဲ့ကြပါတယ်။
အဆိုပါ တီးခတ်နေချိန်မှာ စစ်ကောင်စီတပ်က ရောက်ရှိလာပြီး တီးဝိုင်းငယ်မှ လူငယ်၅ဦးကို ဖမ်းဆီးသွားကြောင်းဒေသခံတွေထံမှတဆင့် သိရပါတယ်။
တီးခတ်နေတဲ့ အချိန်မှာ အနီးရှိ ဒေသခံများက လိုက်ဆိုခဲ့ကြကြောင်း သိရပါတယ်။
ရောင်နီသီချင်းဟာ အဆိုတော်လင်းလင်းရဲ့ သီချင်းဖြစ်ပြီး အဆိုပါသီချင်းဟာ အမှောင်ခေတ်မှာရောက်ရှိနေတဲ့ ပြည်သူတွေအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ သီချင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်။
#aamij #Yangon #fypシ゚viralシfypシ゚