ကျောက်ပတောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ၁ ဦး မိသားစုပါ ခေါ်ဆောင်လာပြီး CDF – KKG ထံ အလင်းဝင်

by

in

ကျောက်ပတောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ၁ ဦး မိသားစုပါ ခေါ်ဆောင်လာပြီး CDF – KKG ထံ အလင်းဝင်
ရန်ကုန်၊ ဩဂုတ် ၂၃
မန္တလေးတိုင်း၊ ကျောက်ပတောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ၁ ဦး မိသားစုပါ ခေါ်ဆောင်လာပြီး အလင်းဝင်လာကြောင်း Chinland Defense Force, Kalay-Kabaw-Gangaw အဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၃ ရက်နေ့တွင် ညောင်ဦးခရိုင်၊ ကျောက်ပတောင်း မြို့မရဲစခန်းမှ ဒုရဲအုပ် ၁ ဦး သည် မိသားစုနှင့် အတူ CDF – KKG ထံ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အလင်းဝင်လာသော ဒုရဲအုပ်နှင့် မိသားစုဝင်များကို Chinland Defense Force – Kalay Kabaw Gangaw အဖွဲ့က လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။