Category: News
-
ရန်ကုန်တွင် ရေတင်နိုင်ရန်အတွက် တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီးအလှည့်ကျ ပေးနိုင်တော့မည်ဟု YESC က ကြေညာ
ရန်ကုန်တွင် ရေတင်နိုင်ရန်အတွက် တစ်ရက်လျှင် ၄ နာရီသာ လျှပ်စစ်မီးအလှည့်ကျ ပေးနိုင်တော့မည်ဟု YESC က ကြေညာ ရန်ကုန်၊ မတ် ၂၉ ငလျင်ဒဏ်ကြောင့် ရန်ကုန်တွင် တစ်ရက်လျှင် ၄ နာရီသာ မီးအလှည့်ကျ ပေးနိုင်တော့မည်ဟု ရန်ကုန်လျှပ်စစ် ဓာတ် အားပေးရေး ကော်ပိုရေးရှင်း(YESC) က ယနေ့ နံနက်ပိုင်း ကြေညာသည်။ ယနေ့ နံနက် ၅ နာရီမှစတင်၍ ၂၄ နာရီ တစ်ရက်လျှင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များကို အုပ်စု ၆ စုခွဲ၍ တစ်အုပ်စုလျှင် ၄ နာရီနှုန်းဖြင့် လျှပ်စစ်ဓာတ်အားပေးမည်ဖြစ်ကြောင်း၊ ဓာတ်အားပေးမှုမှာလည်း ရေတင်နိုင်ရန် အတွက်သာ ဓာတ်အားဖြန့်ဖြူပေးနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်။ ယမန်နေ့ လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ်ကြောင့် ဓာတ်အားစနစ်အတွင်းသို ဓာတ်အားထုတ်လုပ် ပို့လွှတ်လျှက်ရှိသည့်…
-
မြန်မာငလျင် အမေရိကန်အကူအညီပေးမည်
မြန်မာငလျင် အမေရိကန်အကူအညီပေးမည် ရန်ကုန်၊ မတ် ၂၈ အင်အား ရစ်ချ်တာစကေး ၇.၇ အဆင့် ငလျင်ကြီးလှုပ်ခတ်သွားမှုကြောင့် လူပေါင်း ထောင်ချီ သေဆုံးပျောက်ဆုံးနိုင်သည့် မြန်မာ့ငလျင်ဘေးဒုက္ခအတွက် အမေရိကန်နိုင်ငံက အကူအညီပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ထရန့်က White House တွင် ပြုလုပ်သော မီဒီယာတွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း The Economic Times က ယခုသတင်းဖော်ပြသည်။ အမေရိကန်သမ္မတ ထရန့်က “ကျွန်ုပ်တို့က အကူအညီပေးသွားမှာပါ” ဟု ဆိုသည်။ အကူအညီပေးရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက်လည်း မြန်မာနိုင်ငံဘက်မှာ တာဝန်ရှိသူများထံကို ပြောကြားပြီးပြီဖြစ်ကြောင်းလည်း အမေရိကန်သမ္မတ ထရန့်က ပြောကြားသည်။ သို့သော်၊ အမေရိကန်က မည်သည့်ပုံစံဖြင့် အကူအညီပေးမည်ဆိုသည်ကို တိတိကျကျ မဖော်ပြခဲ့ခြင်း မရှိသေးပေ။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကလည်း ငလျင်လှုပ်ခတ်မှုအပြီး နိုင်ငံတကာအနေနှင့် ကူညီပေးကြရန်…
-
နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းဟု သားဖြစ်သူ ကိုထိန်လင်း ပြော
နေပြည်တော်ထောင်တွင် အကျဉ်းကျခံနေရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းဟု သားဖြစ်သူ ကိုထိန်လင်း ပြော ရန်ကုန်၊ မတ် ၂၉ 3 အကြမ်းဖက်စစ်ကောင်စီ၏ မတရားချုပ်နှောင် အကျဉ်းချထားမှုကြောင့် နေပြည်တော်အချုပ်ထောင်တွင် အကျဉ်း ကျခံနေရသော လူထုခေါင်းဆောင်လည်းဖြစ်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ ယမန်နေ့ ငလျင်လှုပ်ခတ်မှုအတွင်း ဘေးကင်းသည်ဟု သိရှိထားကြောင်း သားဖြစ်သူ ကိုထိန်လင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်ဝန်းကျင်အချိန် မန္တလေးကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်သွားခဲ့ရာ ယင်းငလျင်ကြောင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြန်မာ…
-
နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီး ဆင်သေချာင်းကမ်းဘေး မြေနိမ့်ပိုင်းနေရာများသတိထားရန်လိုအပ် (ရုပ်/သံ)
နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီး ဆင်သေချာင်းကမ်းဘေး မြေနိမ့်ပိုင်းနေရာများသတိထားရန်လိုအပ် (ရုပ်/သံ) ရန်ကုန်၊ မတ် ၂၈ နေပြည်တော်၊ တပ်ကုန်းမြို့ရှိ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် ကျိုးကျသွားပြီး ဆင်သေချာင်းကမ်းဘေး မြေနိမ့်ပိုင်းနေရာများသတိထားရန်လိုအပ်လျက်ရှိကြောင်း သိရှိရသည်။ ယနေ့ ညနေ ၅ နာရီ ၃၀ မိနစ်ကျော်အချိန်မှစတင်၍ ဆင်သေရေလွှဲဆည်မှာ ငလျင်ဒဏ်ကြောင့် မြေသားတာတမံကျိုးကျသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ရေများမှာ ဆင်သေချောင်းထဲသို့ စီးဝင်နေကြောင်း၊ ထို့ကြောင့် ချောင်းဘေးဝဲယာမြေနိမ့်ပိုင်းဒေသတွင် နေထိုင်သော ပြည်သူများ သတိပြုရန် လိုအပ်ကြောင်း သိရှိရသည်။ အလားတူ မန္တလေးတိုင်း၊ မြစ်သားမြို့နယ်၊ စမှုံတံတားအနီး လမ်းပိုင်း ငလျင်ဒဏ်ကြောင့် လုံးဝ ပျက်စီးသွားပြီး လမ်း ပန်းဆက်သွယ်ရေး ပြတ်တောက်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့…
-
နေပြည်တော်စစ်ရုံးချုပ် ပြိုကျမှု ရုပ်သံ
နေပြည်တော်စစ်ရုံးချုပ် ပြိုကျမှု ရုပ်သံ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် စစ်ရုံးချုပ်အတွင်း အင်တာဗျူးနေသည့် အယ်ဂျားဇီးယား သတင်းထောက်က စစ်ရုံးအတွင်း ငလျင်လှုပ်ခပ်နေမှုကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ရုပ်သံထဲတွင် သွေးရူးသွေးတန်းပြေးလွှားနေသည့် ဗိုလ်မှူးချုပ်တစ်ဦး နှင့် ဗိုလ်မှူး တစ်ဦးအပါ အဝင် စစ်တပ်အရာရှိများ ကိုတွေ့မြင်ရမည်ဖြစ်သည်။
-
“မိုးလေဝသပညာရှင်စုစုစံရယ်.. စိတ်မကောင်းလိုက်တာ..အသက်ငယ်ငယ်နဲ့ ငလျင်နဲ့အတူ…”
“မိုးလေဝသပညာရှင်စုစုစံရယ်.. စိတ်မကောင်းလိုက်တာ..အသက်ငယ်ငယ်နဲ့ ငလျင်နဲ့အတူ…”
-
နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နိုင်သည့်အတွက် မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များ သတိပေး ငလျင်ဘေးသင့်ဒေသများ အရေးပေါ်အခြေအနေဖြစ်ပေါ်နေ
နောက်ဆက်တွဲငလျင်များ ဆက်တိုက်လှုပ်နိုင်သည့်အတွက် မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များ သတိပေး ငလျင်ဘေးသင့်ဒေသများ အရေးပေါ်အခြေအနေဖြစ်ပေါ်နေ ရန်ကုန်၊ မတ် ၂၈ မြန်မာနိုင်ငံ၊ စစ်ကိုင်းမြို့ကို ယနေ့ မွန်းလွဲ ၁၂ နာရီ ၅၂ မိနစ်အချိန် ဗဟိုပြု၍ ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီး ယင်းငလျင်ကြီး၏ နောက်ဆက်တွဲ ငလျင်များ ဆက်တိုက်လှုပ်ခတ်နိုင်သေးသည့်အတွက် ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရသည့် မြို့၊ ရွာ၊ ရပ်ကွက်၊ ဒေသများအားလုံးမှ ပြည်သူများ မိမိရောက်ရှိ နေထိုင်ရာနေရာများမှ ဘေးကင်းစိတ်ချရသည့် နေရာများတွင် ပြောင်းရွှေ့နေထိုင်ကြရန်နှင့် ငလျင်နောက်ဆက်တွဲများကို သတိထားရန် ပညာရှင်များက သတိပေးသည်။ ပြင်းထန်သော ငလျင်ဘေးဒဏ်၏ နောက်ဆက်တွဲအဖြစ် မြို့ပြတွင် မီးဘေးအန္တရာယ်ကို…
-
Breaking News- ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ၊ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်
Breaking News- ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ၊ စစ်ကိုင်းမြို့တောင်ဘက် ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ် ရန်ကုန်၊ မတ် ၂၈ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် အင်အား ၇.၇ ပမဏရှိ အလွန်အားပြင်းသည့်ငလျင်လှုပ်ခတ်အပြီး ၁၂ မိနစ်ခန့်အကြာတွင် စစ်ကိုင်းမြို့တောင်ဘက်ပိုင်း ၁၈ ကီလိုမီတာခန့်အကွာကို ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် ငလျင် နောက်တစ်ကြိမ် ထပ်မံလှုပ်ခတ်သွားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊…
-
မြေငလျင်ကြီးကြောင့်မန္တလေးမှာသေဆုံး၊ဒဏ်ရာရသူများပြီး ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ
မြေငလျင်ကြီးကြောင့်မန္တလေးမှာသေဆုံး၊ဒဏ်ရာရသူများပြီး ဆေးရုံ၌ဒဏ်ရာရလူနာတွေ့ပြည့်လျှံ မတ်-၂၈၊၂၀၂၅။ရှိန်း/People’s Spring မြေငလျင်ကြီးလှုပ်ခတ်တာကြောင့်မန္တလေးမြို့မှာ သေဆုံးသူနဲ့ ဒဏ်ရာရသူဦး ရေဆက်လက်မြင့်တက် နေပြီး ဆေးရုံအပြင်ဘက်အထိ ဒဏ်ရာရလူနာ တွေပြည့်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ ဒီနေ့ (မတ် ၂၈) မွန်းလွဲပိုင်း မှု လှုပ်ခတ်ခဲ့တဲ့ အင် အားကြီးငလျင်ဒဏ်ကြောင့် မန္တလေးမြို့အနှံ့ နေအိမ်တွေ ၊ဟိုတယ်တွေ၊ ကွန်ဒိုတွေ ၊မဟာ မုနိဘုရားကြီး အပါအဝင်ဘာသာရေးအဆောက်အအုံတွေ၊ နန်းမြို့ရိုးစတဲ့ အဆောက်အအုံများစွာပြိုကျပျက်စီးခဲ့ပါတယ် ။ တချို့နေအိမ်တွေဟာ အထပ်လိုက် မြေအောက်ကို မြှုပ်သွားတာတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒါအပြင် မီးလောင်မှုတွေလည်း များပြားပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူတွေလည်း မြင့်တက်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။ “ကုတင် ၃၀၀ အပြင်ဘက်အထိလူနာတင်ကား တွေ ရော၊လူနာတွေရော အပြည့်ပဲ။တခြား ဆေးရုံတွေလည်း လူနာပြည့်လို့ဆက်လက်မခံတာ တွေရှိတယ် “လို့ မန္တလးမြို့ခံတဦးက ပြောပါတယ်။…
-
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား
နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိကြီး တချို့ အပါအဝင် ဝန်ထမ်းများ သေဆုံးမှုများပြား ရန်ကုန်၊ မတ် ၂၈ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးရုံး၊ အလုပ်သမားဝန်ကြီးရုံး အပါအဝင် ဝန်ကြီးဌာန အဆောက်အအုံများစွာ ပြိုကျပြီး အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ နိုင်ငံခြားရေးအရာရှိတချို့ အပါအဝင် သေဆုံးမှုများရှိကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မွန်းလွဲပိုင်း လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ဝန်ကြီးဌာနအဆောက်အအုံများ ပြိုကျမှုများဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပြိုကျစဉ် အုတ်ကွန်ကရစ်များ ပြိုကျမှုကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းတချို့၊ အလုပ်သမားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်တို့ ထိခိုက်သေဆုံးခဲ့ကြောင်း၊ အခြားဒဏ်ရာရရှိသူများလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။ “သေဆုံးတာကတော့ ဝန်ထမ်းတွေလည်းများတယ်။ အရာရှိတချို့လည်းပါတယ်။ ဒဏ်ရာရတာလည်းများတယ်။…