Category: News
-
ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား
ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့ မွန်းတည့်ပိုင်း ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထားကြောင်း ဒေသတော်လှန်ရေးရဲဘော်များက ပြောဆိုသည်။ “ဦးခေါင်းခွံ့ ရတယ်။ ဦးနှောက်တွေလားတော့မသိဘူး အပုံလိုက်လေး အဲဒါလည်း တွေ့တယ်။ အလောင်း အကောင်လိုက်တော့ မရဘူး။ ပေါက်ကွဲပြီး လေယာဉ်မှူး ကိုယ်ခန္ဓာတွေက အကုန်ပြန့်ကျဲကုန်တာထင်တယ်။ မီးလောင်နေတာက ဘုန်းကြီးကျောင်းထဲ လေယာဉ်ပျက်ကျပြီး လောင်တာ” ဟု ဒေသတော်လှန်ရေးရဲဘော်က ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို…
-
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ ရန်ကုန်၊ ဇွန် ၁၀ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦးသေ ဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ် စခန်းဌာနချုပ်ကို အိုး ထိန်းတွင်းရွာ စစ်ဆင်ရေးအဖြစ် Jammer ကျော်ဖြတ်နိုင်သော အဆင့်မြင့် အသေခံ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လေတပ်စခန်းကင်းစင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး…
-
Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ
Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁…
-
တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နှင့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် တို့ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို နန်းတွင်း စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေ
တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နှင့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် တို့ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို နန်းတွင်း စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေ ရန်ကုန်၊ ဇွန် ၁၀ အကြမ်းဖက် စစ်ကောင်စီက တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်နှင့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်တို့ကို ရာထူးတာဝန်များမှ ဖယ်ရှားလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက တပ်မ ၉၉ တပ်မှူး တင်မောင်ကျော်ကို စစ်ရှုံးမှုဖြင့် နေပြည်တော်သို့ ချက်ချင်း ပြန်ခေါ်၍ ရာထူးတာဝန်မှ ဖယ်ရှားကာ အရန်အင်အားအဖြစ် ထားရှိကြောင်း၊ ယင်းနောက်…
-
မင်းအောင်လှိုင် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့သော်လည်း ယခု ရုရှားအကူအညီဖြင့် ပြန်ကြိုးစားနေမှု အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေဟု NUG ပြော
မင်းအောင်လှိုင် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့သော်လည်း ယခု ရုရှားအကူအညီဖြင့် ပြန်ကြိုးစားနေမှု အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေဟု NUG ပြော ရန်ကုန်၊ ဇွန် ၁၀ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရက ရပ်တန့်နိုင်ခဲ့သော်လည်း ယခုစစ်အာဏာသိမ်းပြီးနောက် ရုရှားအကူအညီဖြင့် အဆိုပါ အိပ်မက်ကို အကောင် အထည်ဖော်ရန် ပြန်လည်ကြိုးစားနေမှုမှာ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၁၂/၂၀၂၅ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ခံ NLD…
-
နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော
နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၆)နယ်မြေ၊မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။ KNU တပ်မဟာ(၆)နယ်မြေရှိ ဘလယ်ဒို၊ ကနဲလေး၊ သေ့ဘောဘိုး စခန်းများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို မေလ နောက်ဆုံးပတ်နှင့် ဇွန်လဆန်းတွင် ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဝေါ်လေ၊ ဥကရစ်ထ၊ ထီးကပလယ်စခန်းများအပါအဝင် စစ်တပ်စခန်း ၄ခုသာ ကျန်တော့သည့် အခြေအနေတွင် လက် ကျန်စခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။ “ထီးကပလယ်တော့ ထိုးတာကြာပြီ။ နည်းနည်း နည်းနည်းလေ။အခုက ကိုယ့်လူမထိအောင် နည်းနည်းနည်းနည်း ထိုးလာတာကြာပြီ။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စခန်းသိမ်းပိုက်နိုင်ရေး တက်ရောက်တိုက်ခိုက်သည့် ပုံစံမဟုတ်ဘဲ စစ်ကောင်စီတပ်စခန်းကို…
-
နေပြည်တော်၊ အမှတ် ၃ စစ်ကြောရေးနှင့်တည်းခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို စစ်သား ၁ ဦးက ကတ် ကြေးဖြင့် ထိုးသတ်
နေပြည်တော်၊ အမှတ် ၃ စစ်ကြောရေးနှင့်တည်းခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို စစ်သား ၁ ဦးက ကတ် ကြေးဖြင့် ထိုးသတ် ရန်ကုန်၊ ဇွန် ၁၀ နေပြည်တော်၊ အမှတ် ၃ စစ်ကြောရေးနှင့်တည်းခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို စစ်သား ၁ ဦးက ကတ် ကြေးဖြင့် ထိုးသတ်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်များကို ကိုးကား၍ CDM တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၁၂ နာရီအချိန် နေပြည်တော် အမှတ် ၃ စစ်ကြောရေးနှင့် တည်ခိုရေးတပ်တွင် စစ်မှုထမ်းတပ်သားသစ် နန်းစောင်ကို အဆိုပါတပ်မှ စစ်သား ၁ ဦးက ကတ်ကြေးထိုးသတ်ခြင်းဖြစ်ကြောင်း၊ ယင်းနေ့ ညနေပိုင်း စစ်မှုထမ်းတပ်သားသစ် နန်းစောင်နှင့်…
-
ကျောက်ဖြူတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာချိန် ကျောက်ဖြူစီမံကိန်းမှ အရေးကြီး တရုတ်နိုင်ငံသားများ ပြောင်းရွှေ့မှုများ စတင်လုပ်ဆောင်နေ
ကျောက်ဖြူတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာချိန် ကျောက်ဖြူစီမံကိန်းမှ အရေးကြီး တရုတ်နိုင်ငံသားများ ပြောင်းရွှေ့မှုများ စတင်လုပ်ဆောင်နေ ရန်ကုန်၊ ဇွန် ၁၀ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ပြင်းထန်လာချိန် ကျောက်ဖြူစီမံကိန်းမှ တရုတ်နိုင်ငံသားများ ပြောင်းရွှေ့မှုများ လုပ်ဆောင်လာကြောင်း ကျောက်ဖြူစီမံကိန်းနှင့်ပတ်သက်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ်ဆန်းပိုင်းမှစတင်၍ AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ တစထက် တစ ပိုမိုပြင်းထန်လာချိန် ယခုဇွန်လဆန်းပိုင်းမှစတင်၍ ကျောက်ဖြူ စီမံကိန်းမှ တရုတ်နိုင်ငံသားတချို့ကို အပြောင်းအရွှေ့များ လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။ “ကုမ္ပဏီအုပ်ချုပ်မှု ထိပ်ပိုင်း တရုတ်နိုင်ငံသားတချို့တော့ လုပ်ငန်းခွင်ကနေ ထွက်ခွာနေတာရှိတယ်။ အားလုံးတော့မဟုတ်သေးပါဘူး။ အုပ်ချုပ်မှုနဲ့ပတ်သက်တဲ့ ကုမ္ပဏီ ထိပ်ပိုင်း တရုတ်တချို့ ပြန်ပြီး…
-
တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို…
တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို… ဇွန် ၉၊ ၂၀၂၅ တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။ တအာင်းပြည်ရဲ့ အရေးပါတဲ့ အင်အားစုတွေဖြစ်တဲ့ တအာင်းအမျိုးသားပါတီ(TNP) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရဲ့ ဦးဆောင်မှုနဲ့ တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို တညီတညွတ်တည်း အတည်ပြုကာ ဦးဆောင်အကောင်အထည်ဖော်မယ့် တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ တအာင်းပြည်နယ်အတွက် အလွန်အရေးပါတဲ့ နိုင်ငံရေးအရွေ့တစ်ခုဖြစ်တယ်လို့ MDY-PDF က…
-
လိုင်စင်မဲ့ယာဥ် ဖမ်းဆီးရာတွင် အတွင်းခံမဝတ်ထားသည့် အမျိုးသမီးများကိုပါ ဒဏ်ငွေ ရိုက်နေ
မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲအဖွဲ့တွေက လိုင်စင်မဲ့ မော်တော်ယာဥ်တွေနဲ့ ယာယီလိုင်စင်ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူနေရာမှာ အမျိုးသမီး အတွင်းခံ ဘရာစီယာ မဝတ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းလာသူတွေကိုပါ အရေးယူ ဒဏ်ရိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးအရေးယူနေတာကြောင့် လိုင်စင်ပါဆိုင်ကယ်ကို အပြည့်အစုံ ယူဆောင်ပြီး အရေးကြီးကိစ္စနဲ့ အပြင်သွားခဲ့ရာမှာ အတွင်းခံဘရာစီယာ မဝတ်ဆင်နိုင်ဘဲ မောင်းနှင်ခဲ့တာကြောင့် စစ်ကောင်စီ လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးဒဏ်ရိုက်တာ ခံခဲ့ရကြောင်း ပေါင်မြို့ခံတယောက်က ပြောပါတယ်။ “လွန်ခဲ့တဲ့ ၅ ရက်လောက်က ဖြစ်သွားတာ။ ရုံးက ကောင်မလေးတယောက်ရဲ့ အဒေါ်ပါ။ အရေးကြီးကိစ္စနဲ့ အပြင်ကိုထွက်သွားတာ ဘော်လီဝတ်ဖို့ မေ့သွားတယ်ထင်တယ်။ သူ့ဆိုင်ကယ်မှာလည်း ယာဥ်နဲ့ပတ်သက်တာအားလုံး အစုံရှိလျက်နဲ့ ဘော်လီမဝတ်ဘဲ စီးလို့ဆိုပြီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်လိုက်တယ်။” လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူဖို့ ပြီးခဲ့တဲ့…