Category: News
-
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တာဝန်ပေး ၊ ရန်ကုန်တွင် စိုးဝင်း ရောက်ရှိချိန် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရမှု တပ်နယ်မှူးများ လုံခြုံရေး ပေါ့လျော့မှုဖြင့် သတိပေးခံရ
စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် ဒုစစ်ခေါင်းဆောင် စိုးဝင်းကို တာဝန်ပေး ၊ ရန်ကုန်တွင် စိုးဝင်း ရောက်ရှိချိန် အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်သတ်ခံရမှု တပ်နယ်မှူးများ လုံခြုံရေး ပေါ့လျော့မှုဖြင့် သတိပေးခံရ ရန်ကုန်၊ မေ ၂၃ မြန်မာနိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပရန်၊ လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်ရန် အတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက တာဝန်ယူလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်ကောင်စီက ယခုနှစ်ကုန်၊ လာမည့် ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပရန် ရည်ရွယ်ထားပြီး ယင်းသို့ ကျင်း ပ နိုင်ရေးအတွက် ဆုံးရှုံးနယ်မြေများအနက်မှ မြို့နယ်တချို့ကို ပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်နိုင်သည်အထိ ပြန်လည် ရရှိရေး၊ ရှိရင်းစွဲ စစ်တပ်က ထိန်းချုပ်ထားသော နယ်မြေများတွင် အေးချမ်းစွာဖြင့် ရွေးကောက်ကျင်းပနိုင်ရေးအတွက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက…
-
ရွှေသောင်ယံနှင့် သာပေါင်းတွင် AA၏တစ်ကျော့ပြန်ထိုးစစ်စိုးရိမ်၍ စစ်ကောင်စီ ခံစစ်ပြင်နေ
ရွှေသောင်ယံနှင့် သာပေါင်းတွင် AA၏တစ်ကျော့ပြန်ထိုးစစ်စိုးရိမ်၍ စစ်ကောင်စီ ခံစစ်ပြင်နေ မေ ၂၂၊၂၀၂၅။ကဖေး/People’s Spring ဧရာဝတီတိုင်း၊ ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် အာရက္ခတပ်တော်(AA)က တစ်ကျော့ပြန် ထိုးစစ်စတင်မည်ကို စိုးရိမ်နေသည့်စစ်ကောင်စီက စစ်မှုထမ်းသင်တန်းဆင်းများဖြင့် အင်အားတိုးထားပြီး ဒေသတွင်းကုန်စည်ကူးသန်းရောင်းဝယ်မှုကို တင်းကြပ်ထားသည်။ ရခိုင်ပြည်နယ်နှင့် ဆက်စပ်နေသော ရွှေသောင်ယံနှင့် သာပေါင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီကစတင်၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းအချို့ကို AAက တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်နေသည်။ ယခုအခါ စစ်ကောင်စီတပ်သည် စစ်မှုထမ်းသင်တန်းဆင်းများဖြင့် ရေလမ်း၊ ကုန်းလမ်းကပါ အင်အားအများအပြားပို့ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။ ” တိုက်ပွဲတွေကငြိမ်နေတယ်။ စစ်တပ်ကခံစစ်ပြန်ပြင်နေတယ်။ လူစိမ်းဧည့်သည်တွေလာရင် ဖမ်းတယ်။နောက်ပြီး စစ်သင်တန်းဆင်းတွေအများကြီးပို့နေတယ်”ဟု သာပေါင်းမြို့ခံတစ်ဦးကပြောသည်။ အဆိုပါမြို့နယ်နှစ်ခုတွင် ဒေသခံများ၏ ကုန်စည်ရောင်းဝယ်မှုကိုလည်း စစ်ကောင်စီက အလွန်တင်းကြပ်ထားသည်။ ” ကုန်ဝယ်ရမယ်ဆို ဝယ်မယ့်စာရင်းကို ထွေအုပ်ကို…
-
စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အာဆီယံသိက္ခာ ပြိုလဲပျက်စီးသွားပြီဟုဆို
စစ်ကောင်စီ၏ လုပ်ရပ်ကြောင့် အာဆီယံသိက္ခာ ပြိုလဲပျက်စီးသွားပြီဟုဆို ရန်ကုန်| မေ ၂၂ အာဆီယံအနေဖြင့် မြန်မာစစ်အုပ်စုနှင့် ဆက်လက် ထိတွေ့ဆက်ဆံရန် စီစဉ်လုပ်ဆောင်နေမှုအပေါ် အာဆီယံ သိက္ခာက စစ်ကောင်စီ၏ အောက်မှာ တစ်စီပြိုလဲပျက်စီးသွားပြီးဟု Defend Myanmar Democracy အဖွဲ့က ပြောသည်။ အာဆီယံ၏ သိက္ခာက စစ်ကောင်စီ၏ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်များ အောက်တွင် တစစီပြိုလဲပျက်စီးနေပြီး ဖြစ်ကြောင်း ယနေ့ မေလ ၂၂ ရက်နေ့တွင် Defend Myanmar Democracy က သတင်းထုတ်ပြန်ပြောဆိုသည်။ Defend Myanmar Democracy ပြောခွင့်ရ ကိုနော်အောင်က “အာဆီယံရဲ့ သိက္ခာက စစ်ကောင်စီရဲ့ အပြောတမျိုးအလုပ်တမျိုး ကြောင်သူတော်လုပ်ရပ်တွေ အောက်မှာပဲ တစစီပြိုလဲပျက်စီးနေပါပြီ။ အစုလိုက်အပြုံလိုက် လူသတ်ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေနဲ့ မျက်နှာပေါ်မှာ…
-
ဒုဗိုလ်မှူးကြီးဦးဆောင်သည့်အဖွဲ့က အများပြည်သူသုံးဘတ်စ်ကားများပေါ်တွင် CCTV တပ်ဆင်ထားမှု ရှိ ၊ မရှိစစ်ဆေးနေ ========== စစ်ကောင်စီက ဖုန်းခေါ်ဆိုမှု၊ စာတိုပို့ပေးမှု နှင့် အင်တာနက်အသုံးပြုသူများကို Key Words များဖြင့် စောင့်ကြည့်
ဒုဗိုလ်မှူးကြီးဦးဆောင်သည့်အဖွဲ့က အများပြည်သူသုံးဘတ်စ်ကားများပေါ်တွင် CCTV တပ်ဆင်ထားမှု ရှိ ၊ မရှိစစ်ဆေးနေ ========== စစ်ကောင်စီက ဖုန်းခေါ်ဆိုမှု၊ စာတိုပို့ပေးမှု နှင့် အင်တာနက်အသုံးပြုသူများကို Key Words များဖြင့် စောင့်ကြည့် ဧရာဝတီတိုင်းမ် မေ ၂၂ ရက် ရန်ကုန်မြို့တွင်းရှိအများပြည်သူသုံးဘတ်စ်ကားများပေါ်တွင် CCTV တပ်ဆင်ထားမှုအခြေအနေများကို ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူက ဦးဆောင်၍ အဖွဲ့ဖွဲ့ကာ စစ်ဆေးနေပြီး ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှုနှင့် အင်တာနက်အသုံးပြုသူများကိုလည်း စစ်ကောင်စီက keywords စာလုံးများဖြင့် စောင့်ကြည့် ဖမ်းဆီးနေကြောင်းသိရသည်။ ရန်ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရန်ကုန်ဆေးရုံကြီးရှေ့တွင် ယမန်နေ့ မေလ ၂၁ ရက်နေ့က ဒုတိယဗိုလ်မှူးကြီးဦးဆောင်သည့် စစ်ကောင်စီတပ်သားများ၊ ရဲများ နှင့် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ထမ်းများပါဝင်သည့်အဖွဲ့သည် ဘတ်စ်ကားများပေါ်တွင် CCTV တပ်ထားခြင်းရှိ၊မရှိနှင့် CCTV ကောင်း၊ မကောင်းစစ်ဆေးခြင်းများ…
-
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင် ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ် ရှင်းလင်း
နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင် ပေးအပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ပစ်ခတ် ရှင်းလင်း ရန်ကုန်၊ မေ ၂၂ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်တွင် စာသင်ကြားနေပြီး မင်းအောင်လှိုင်က ပေး အပ်သည့် ဝဏ္ဏကျော်ထင်ဘွဲ့ရ အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင်ကို ယနေ့ ပစ်ခတ် ရှင်းလင်းလိုက်ကြောင်း Golden Valley Warriorsမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နံနက် ၉ နာရီ ၂၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြိုနယ်၊ ၅ ရပ် ကွက်ရှိ နေအိမ်တွင် အငြိမ်းစား ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၂၀၂၃ ခုနှစ်တွင် မင်းအောင်လှိုင် ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခံရသူ…
-
မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက်
မိတ္ထီလာက ပျူခေါင်းဆောင်အဖမ်းခံရလို့ ပျူစောထီး ၁၇ဦး နုတ်ထွက် မေ ၂၂၊ ၂၀၂၅။ဇေအောင်/People’s Spring မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ပြည်သူ့စစ် ခေါ် ပျူစောထီးခေါင်းဆောင်ကို စစ်တပ်က ဖမ်းဆီးသွားလို့ ကျန်တဲ့ ပျူစောထီးအဖွဲ့ဝင် ၁၇ ဦး နုတ်ထွက်သွားတယ်လို့ သတင်းထွက်နေပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၅)ရက်က မိတ္ထီလာမြို့အဝင် တိုးဂိတ်မှာ ပျူစောထီးခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က လာရောက်ဖမ်းဆီးသွားခဲ့ပြီးနောက် သူတို့ခေါင်းဆောင်အဖမ်းခံရတဲ့အတွက် သူတို့ပါ နုတ်ထွက်လိုက်ကြောင်း မိတ္ထီလာပြည်သူ့စစ်အဖွဲ့က ကိုဇေယျာဟိန်းဆိုသူက သူ့ရဲ့ Facebook လူမှုကွန်ရက်ကနေ အသိပေးပါတယ်။ ဇော်ယုထွန်းဦးဆောင်တဲ့ ပြည်သူ့စစ်ဖွဲ့စည်းချိန်ကစပြီး ဒီကနေ့အထိ ကိုယ့်စားရိတ်ကိုယ်စားပြီး မိတ္ထီလာမြို့ကို စောင့်ရှောက်ခဲ့ကြောင်း၊ ယနေ့အထိ နွားထိုးကြီးဒေသတွင် လုံခြုံရေးဆောင်ရွက်ခဲ့ပေမဲ့ အခုအခါ ပြည်သူ့စစ်ခေါင်းဆောင် ဇော်ယုထွန်းကို စစ်တပ်က ပုဒ်မ ၅၀၅(က)နဲ့ အမှူဖွင့်အရေးယူလိုက်ကြောင်း…
-
နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း
နတ်တလင်းမြို့နယ်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို PDFပူးပေါင်းတပ် တိုက်ခိုက်ရှင်းလင်း မေ ၂၁၊၂၀၂၅။ဇော်ရမ်း၊သတိုး/People’s Spring ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ကွင်းကျယ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သုံးရက်ဆက်တိုက်ခိုက်ပြီးနောက် ဖျက်ဆီးရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၁)တပ်ရင်းက ယနေ့(မေလ ၂၁ရက်) သတင်းထုတ်ပြန်သည်။ ကွင်းကျယ်ကျေးရွာနှင့် စစ်ကောင်စီ၏ အထိုင်စခန်းကုန်းအား မေလ ၁၈ရက်မှ မေလ ၂၀ရက်အထိ တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ ” လက်နက်ကြီးသံတွေက မြို့ပေါ်ကလည်း ကြားရတယ်။ ဂျက်ဖိုက်တာတွေလည်းလာတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာရဲ့ အသေးစိတ်အခြေအနေကိုတော့ ကျနော်တို့မသိရဘူး။ နောက်ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးသတင်းတွေ ထိန်းချုပ်ထားတယ်ဗျ”ဟု နတ်တလင်းဒေသခံတစ်ဦးကပြောသည်။ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်းက သတင်းထုတ်ပြန်ရာတွင် ကွင်းကျယ်ကျေးရွာမှ စစ်ကောင်စီစခန်း တိုက်ခိုက်သည့်တိုက်ပွဲအတွင်း စစ်ကောင်စီက စစ်ကူအများပြား ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကူလမ်းကြောင်းများကို မိုင်းကွင်းများဖော်၍ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း…
-
မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန်
မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှု နှင့် NLD ၏ အာဏာရှင်ဆန်မှုကြောင့် တိုင်းပြည်ပြိုကွဲမည့်အဖြစ် ထပ်မံမဖြစ်ရန် လိုအပ်ဟု မင်းအောင်လှိုင် ပြောပြန် ရန်ကုန်၊ မေ ၂၂ မြန်မာနိုင်ငံကို တည်ကြက်ထား၍ ဒေသတွင်း ထိန်းချုပ်လိုသော နိုင်ငံများကို ထိန်းချုပ်ရန် ကြံစည်မှုများနှင့် NLD အစိုးရလက် ထက် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ဒီမိုကရေစီအမည်ခံ ဥပဒေမဲ့ လုပ်ဆောင်မှု၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုကြောင့် တိုင်းပြည် ညီညွတ်မှုနှင့် ဟန်ချက်ညီမှု ပြိုကွဲမည့် အဖြစ်များ ထပ်မံမဖြစ်ပေါ်စေရေး လုပ် ဆောင်ရန် လိုအပ်ကြောင်း အကြမ်း ဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုပြန်သည်။ ယမန်နေ့ နေပြည်တော်တွင် လေကြောင်းနှင့် ရေကြောင်းလေ့လာရေးသင်တန်းမှ လူငယ်များနှင့်တွေ့ဆုံစဉ်…
-
ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး 🟥 ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု
ဗန်းမော်တွင် စစ်ရဟတ်ယာဉ် ပစ်ချခံရမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ စစ်ဗျူ ဟာမှူးနှင့်အဖွဲ့ဝင်များအားလုံး သေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားပြီး စက်ချို့ယွင်း၍ ပျက်ကျဟုသာ တပ်တွင်း ရှင်းလင်းအသိပေး 🟥 ရဟတ်ယာဉ်မှူး ဗိုလ်ကြီးမျိုးထက်အောင်၊ ဗိုလ်ကြီး ကျော်မြင့်ထူးနှင့် ဗိုလ်ကြီးချမ်းသာတို့ သေဆုံးမှု အတည်ပြု ရန်ကုန်၊ မေ ၂၂ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း စစ်ရဟတ်ယာဉ် ပစ်ချခံရမှုတွင် ရဟတ်ယာဉ်မှူးများနှင့်လေတပ်အဖွဲ့ဝင်များ အပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါသည့် စစ်ဗျူဟာမှူးနှင့်အဖွဲ့ဝင်များအားလုံးသေဆုံးမှုကို စစ်ကောင်စီက သတင်းဖုံးကွယ်ထားသည့်အပြင် ရဟတ်ယာဉ်မှာလည်း ပစ်ချခံရခြင်းမဟုတ်ဘဲ စက်ချို့ယွင်း၍သာ ပျက်ကျခြင်း ဖြစ်သည်ဟု သတင်းဖြန့်လာကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ မေလ ၂၀ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ဗန်းမော်မြို့ စကခ ၂၁ သို့ စစ်ကူ၊ ရိက္ခာ၊ လက်နက်ခဲယမ်းများ…
-
အမေရိကန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်သင်တန်း ရုပ်သံ Tanzim AI Nahyan က ဒီရုပ်သံကို အောက်ပါ စာတန်းနဲ့ အတူ ဖော်ပြလာပါတယ်။
အမေရိကန်စစ်တပ်နဲ့ ဘင်္ဂလားဒေ့ရှ်စစ်တပ်သင်တန်း ရုပ်သံ Tanzim AI Nahyan က ဒီရုပ်သံကို အောက်ပါ စာတန်းနဲ့ အတူ ဖော်ပြလာပါတယ်။ အချိန်နဲ့ နေရာတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။ This is the picture of Bangladesh today..