Category: News

  • တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို…

    တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို…

    by

    in

    တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့သည့်အပေါ် MDY-PDF ထောက်ခံကြိုဆို… ဇွန် ၉၊ ၂၀၂၅ တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို အတည်ပြုပြီး တအာင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ခဲ့တဲ့အပေါ် ထောက်ခံကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်ပါတယ်။ တအာင်းပြည်ရဲ့ အရေးပါတဲ့ အင်အားစုတွေဖြစ်တဲ့ တအာင်းအမျိုးသားပါတီ(TNP) ၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၊ တအာင်းအရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) ရဲ့ ဦးဆောင်မှုနဲ့ တအာင်းပြည်နယ် နိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကို ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါနိုင်ငံရေးထိပ်သီးဆွေးနွေးပွဲကြီးကနေ တအာင်းပြည်နယ် တော်လှန်ရေးကာလအစိုးရအစီအမံကို တညီတညွတ်တည်း အတည်ပြုကာ ဦးဆောင်အကောင်အထည်ဖော်မယ့် တအာင်းပြည်ကောင်စီ (TLC) ကို ဖွဲ့စည်းနိုင်ခဲ့တာဟာ တအာင်းပြည်နယ်အတွက် အလွန်အရေးပါတဲ့ နိုင်ငံရေးအရွေ့တစ်ခုဖြစ်တယ်လို့ MDY-PDF က…

  • လိုင်စင်မဲ့ယာဥ် ဖမ်းဆီးရာတွင် အတွင်းခံမဝတ်ထားသည့် အမျိုးသမီးများကိုပါ ဒဏ်ငွေ ရိုက်နေ

    လိုင်စင်မဲ့ယာဥ် ဖမ်းဆီးရာတွင် အတွင်းခံမဝတ်ထားသည့် အမျိုးသမီးများကိုပါ ဒဏ်ငွေ ရိုက်နေ

    by

    in

    မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ယာဥ်ထိန်းရဲအဖွဲ့တွေက လိုင်စင်မဲ့ မော်တော်ယာဥ်တွေနဲ့ ယာယီလိုင်စင်ဆိုင်ကယ်တွေကို ဖမ်းဆီး အရေးယူနေရာမှာ အမျိုးသမီး အတွင်းခံ ဘရာစီယာ မဝတ်ဆင်ဘဲ ဆိုင်ကယ်စီးနင်းလာသူတွေကိုပါ အရေးယူ ဒဏ်ရိုက်နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။ လိုင်စင်မဲ့ယာဥ်တွေ ဖမ်းဆီးအရေးယူနေတာကြောင့် လိုင်စင်ပါဆိုင်ကယ်ကို အပြည့်အစုံ ယူဆောင်ပြီး အရေးကြီးကိစ္စနဲ့ အပြင်သွားခဲ့ရာမှာ အတွင်းခံဘရာစီယာ မဝတ်ဆင်နိုင်ဘဲ မောင်းနှင်ခဲ့တာကြောင့် စစ်ကောင်စီ လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးဒဏ်ရိုက်တာ ခံခဲ့ရ​ကြောင်း ပေါင်မြို့ခံတယောက်က ပြောပါတယ်။ “လွန်ခဲ့တဲ့ ၅ ရက်လောက်က ဖြစ်သွားတာ။ ရုံးက ကောင်မလေးတယောက်ရဲ့ အဒေါ်ပါ။ အရေးကြီးကိစ္စနဲ့ အပြင်ကိုထွက်သွားတာ ဘော်လီဝတ်ဖို့ မေ့သွားတယ်ထင်တယ်။ သူ့ဆိုင်ကယ်မှာလည်း ယာဥ်နဲ့ပတ်သက်တာအားလုံး အစုံရှိလျက်နဲ့ ဘော်လီမဝတ်ဘဲ စီးလို့ဆိုပြီး ဒဏ်ငွေ ၅၀,၀၀၀ ရိုက်လိုက်တယ်။” လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးအရေးယူဖို့ ပြီးခဲ့တဲ့…

  • သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန် MNDAA သဘောတူထား

    သိန္နီမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန် MNDAA သဘောတူထား

    by

    in

    ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထားတဲ့ မြို့တွေထဲက သိန္နီမြို့ကို အာဏာသိမ်းစစ်ကောင်စီဆီကို စက်တင်ဘာလထဲမှာ ပြန်လည်လွှဲအပ်ပေးဖို့ နှစ်ဖက်ဆွေးနွေးမှုအရ သဘောတူထားတာ ရှိတယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ MNDAA က သူတို့ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကိုလည်း တရုတ်နိုင်ငံရဲ့ ဖိအားပေး တိုက်တွန်းမှုကြောင့် အာဏာသိမ်းစစ်ကောင်စီကို ပြန်လည်ပေးအပ်ခဲ့ပြီး စစ်ကောင်စီတပ်ဟာ လားရှိုးမြို့ထဲကို ဧပြီ ၂၂ ရက်မှာ ဝင်ရောက်နေရာယူခဲ့ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဘက်က တရုတ်ကြားဝင်မှုနဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ ဆွေးနွေးတဲ့အခါမှာ ကိုးကန့်တပ်ဖွဲ့ တောင်းဆိုတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ သတ်မှတ်ထားတဲ့ နယ်မြေအတိုင်းသာ လက်ခံဖို့ ဆွေးနွေးခဲ့တာဖြစ်ပြီး ကုန်းကြမ်းမြို့နယ်နဲ့ လောက်ကိုင်မြို့နယ်ကလွဲပြီး ကျန်သိမ်းပိုက်ထားတဲ့မြို့တွေကို ပြန်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ MNDAA…

  • နောင်ချိုတွင် PDF တပ်ဖွဲ့များကို TNLA က ပြန်ဆုတ်ခိုင်းနေ

    နောင်ချိုတွင် PDF တပ်ဖွဲ့များကို TNLA က ပြန်ဆုတ်ခိုင်းနေ

    by

    in

    ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ PDF တော်လှန်ရေးတပ်ဖွဲ့တွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့တွေက နောက်ပြန်ဆုတ်ခိုင်းနေတယ်လို့ PDF နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ နောင်ချိုမြို့နယ်ထဲမှာရှိတဲ့ ကျောက်မဲမြို့မှာသာ PDF တော်လှန်ရေးတပ်ဖွဲ့တွေ ကျန်ရှိပြီး တခြားနယ်တွေက PDF တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ပြန်ဆုတ်ပေးလိုက်ကြတာ ရှိတယ်လို့ ဆိုပါတယ်။ PDF တပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူက “ကြားနေရတဲ့အခြေအနေက နောင်ချိုကြီးဆိုရင် ၃ ရက်အတွင်း ရွှေ့ပေး၊ နောင်အုန်း ဆိုရင် ၂ ရက်အတွင်း ရွှေ့ပေးဆိုပြီး ဆိုင်ကယ်တွေနဲ့ လိုက်ပြောတယ်။ ပြီးတော့ PDF တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကတော့ ရွှေ့ထားလိုက်ပြီ။ အခြေအနေအရ TNLA က စစ်ကောင်စီကို ပြန်ပေးမယ့်သဘော ရှိတယ်။ မန္တလေး PDF တွေက ကူဖို့ပြောတာတောင် အကူမခံဘူး။ သူတို့ရဲ့ပစ္စည်းတွေကို…

  • ဆီဆိုင်မြို့နယ်မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းအတွင်းတွင် ထိန်းသိမ်းထား

    ဆီဆိုင်မြို့နယ်မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းအတွင်းတွင် ထိန်းသိမ်းထား

    by

    in

    ဆီဆိုင်မြို့နယ်မှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်းထုတ်ပြီး မွေတော်ဘုရားဝင်းအတွင်းတွင် ထိန်းသိမ်းထား ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၂ ခုအတွင်းမှ ပြည်သူ ၆၀၀၀ ကျော်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်များက မောင်း ထုတ်ပြီး မွေတော်ဘုရားဝန်းအတွင်း ဖမ်းဆီးထိန်းသိမ်းထားကြောင်း PNLA သတင်းနှင့် ပြန်ကြား ရေးဌာန သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။ ဇွန်လ ၇ ရက်နေ့ ဆီဆိုင်မြို့နယ် ၊နောင်ကျောကျေးရွာအုပ်စုအတွင်းရှိ တပူးထိုရွာ၊ ကောင်ထိုရွာ၊ လွယ်ငွန်းရွာ၊ နောင်ဗိုရွာ၊ ပင်စက်ရွာ နှင့် တောင်ရှေ့ကျေးရွာအုပ်စုအတွင်းရှိ နောင်ထော် ၆ ရွာ…

  • မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ

    မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ

    by

    in

    မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးလို့ ဆိုပြီးအမျိုးသမီးတွေပါ အဖမ်းခံနေရ ဇွန်-၁၀၊၂၀၂၅။ဇေအောင်/People’s Spring3. မန္တလေးနဲ့ စစ်ကိုင်းမှာ လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရသူတွေထဲ အမျိုးသမီးတွေပါ ပါဝင်နေကြောင်း မြို့ခံတွေက ပြောပါတယ်။ ဇွန်လဆန်းကတည်းက စစ်ကောင်စီတပ်က တပြည်လုံးအတိုင်းအတာနဲ့ လိုင်စင်မဲ့ မော်တော်ယာဥ်တွေကို ဖမ်းဆီးခဲ့ရာမှာ စီးနင်းလာတဲ့သူတွေကိုပါ ဖမ်းဆီးခဲ့ကြောင်း၊ မန္တလေးနဲ့ စစ်ကိုင်းမြို့တွေမှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလို့ဆိုပြီး ဆိုင်ကယ်သိမ်းရုံတင်မက လူကိုပါ ဖမ်းဆီးခဲ့ရာမှာ အမျိုးသမီးတွေပါ ဖမ်းဆီးခံလိုက်ရကြောင်း မြို့ခံတွေက ပြောပါတယ်။ “စစ်ကိုင်းတံတားမှာ စျေးသည်အမျိုးသမီးက ဆိုင်ကယ်အဖမ်းခံရတယ်။ ဆိုင်ကယ်သိမ်းတော့ တောကလာတဲ့လူတွေဘာနားလည်မလဲ။ ကျမဆိုင်ကယ်မပါဘဲ မပြန်ဘူးလို့ပြောတော့ လူကိုပါဖမ်းသွားတာ။”လို့ စစ်ကိုင်းဒေသခံ အမျိုးသမီးတဦးက ပြောပြပါတယ်။ အလားတူ မန္တလေးမြို့ပေါ်မှာလည်း လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာသူတွေကို စစ်တပ်က လှည့်လည်ကာ ဖမ်းဆီးနေပြီး အမျိုးသမီးတွေပါ ဖမ်းဆီးခံနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။…

  • ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား  ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရခိုင်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း အင်အားအသင့် အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့

    ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရခိုင်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း အင်အားအသင့် အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့

    by

    in

    ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီးသို့ ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင်လှုပ်ခတ်၊ ရခိုင်တွင် ရက်ပေါင်း ၂၀ ကျော်အတွင်း အင်အားအသင့် အတင့်ရှိသော ငလျင် ၂ ကြိမ်လှုပ်ခတ်ခဲ့ ရန်ကုန်၊ ဇွန် ၉ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး၊ ဧရာ၀တီတိုင်း၊ မြန်အောင်မြို့ အနောက်ဘက် ၇၆ ကီလိုမီတာအကွာကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၉ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း အမေရိကန်ငလျင်စောင့်ကြည့်ရေးဘူမိဒေသအဖွဲ့- USGS က သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၉ ရက်နေ့၊ နံနက် ၉ နာရီ ၄၄ မိနစ်အချိန် ရခိုင်ပြည်နယ်၊သံတွဲမြို့အနီး ဧရာ၀တီတိုင်း၊ မြန်အောင်မြို့၏ အနောက်ဘက် ၇၆ ကီလိုမီတာအကွာ…

  • ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်

    ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင်

    by

    in

    ဒေသအများစု တကျော့ပြန် မိုးကောင်းနိုင် ဇွန်-၉၊၂၀၂၅။အိမ်သွင်/People’s Spring မုတ်သုန်လေအားကောင်းနေ၍ အလယ်ပိုင်းဒေသများအပါအဝင် မြန်မာနိုင်ငံနေရာအနှံ့၌ မိုးပြန်ကောင်းလာနိုင်ပြီး ရေဘေးနှင့်မြေပြိုမှု ဘေးသတိပြုရန်အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတ်ိပေးထားသည်။ ဇွန်လ ၉ရက်မှ ဇွန်လ ၁၅ရက်အတွင်း မိုးကောင်းနိုင်ခြင်းနှင့်အတူ ရေဘေးသတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။ အဆိုပါကာလအတွင်း ဒေသအ များအပြား၌မိုးကောင်းပြီး နေရာကွက်မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။ ရွှေဘိုမြို့အပါအဝင်စစ်ကိုင်းတိုင်းအတွင်းမြို့နယ်အချို့တွင် ဇွန်လ ၈ရက်မှစ၍ မိုးကောင်းခဲ့သည်။ ရွှေဘိုမြို့ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင် နေ၍ လူသုံးကုန်ပစ္စည်းများနေရာရွှေ့ပြောင်းနေရသည်ဟု ဒေသခံအချို့ကပြောသည်။ လာမည့် ဇွန်လ ၁၃ရက်မှစ၍ မိုးပိုကောင်းလာနိုင်ပြီး ဧရာ၀တီတိုင်း၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ လေပြင်းတိုက်ခတ်ခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊လျှပ်စီးလက်ခြင်း၊မိုးကြိုးပစ်ခြင်း၊ လျှပ် တပြက်ရေကြီးခြင်း၊ ကမ်းပါးပြိုခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ အထူးသတိပြုနေထိုင်ကြရန် MOHADMက သတိပေးထားသည်။…

  • နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော

    နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော

    by

    in

    နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ဟု အကြမ်းဖက် မင်းအောင်လှိုင် ထုတ်ပြော ရန်ကုန်၊ ဇွန် ၉ နိုင်ငံတကာစာမျက်နှာတွင် စစ်ကောင်စီဘက်မှ ရပ်တည်ထောက်ခံပေးမှုအတွက် တရုတ်ကိုကျေးဇူးတင်ကြောင်း အကြမ်း ဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သည့် တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုအခမ်းအနားတွင် အထက်ပါအတိုင်း ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။ မြန်မာနိုင်ငံအရေးကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာစာမျက်နှာတွင် ရပ်တည်ထောက်ခံ ပေး လျက်ရှိသည့်အတွက် ကျေးဇူးတင်ကြောင်း၊ တရုတ်နိုင်ငံ၏ မိမိတို့နိုင်ငံအပေါ်တွင် စဉ်ဆက်မပြတ် အပြုသဘော ဆောင်သည့် ထိတွေ့ဆောင်ရွက်မှု၊ စိတ်ကောင်းစေတနာဖြင့် အားပေးထာက်ခံမှုများအတွက်လည်း များစွာ တန်ဖိုးထားကျေးဇူးတင်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဖော်ဆောင်နေသည့် ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၊ တရုတ်-မြန်မာ…

  • နောင်ချိုတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာပြေး၊ စစ်တပ် သိမ်းယူထားသော ကံကြီးရွာကို တော်လှန်ရေးတပ်များ ပြန်လည်ရရှိ

    နောင်ချိုတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာပြေး၊ စစ်တပ် သိမ်းယူထားသော ကံကြီးရွာကို တော်လှန်ရေးတပ်များ ပြန်လည်ရရှိ

    by

    in

    နောင်ချိုတွင် ထိုးစစ်ဆင်လာသော စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများစွာဖြင့် ဆုတ်ခွာပြေး၊ စစ်တပ် သိမ်းယူထားသော ကံကြီးရွာကို တော်လှန်ရေးတပ်များ ပြန်လည်ရရှိ ရန်ကုန်၊ ဇွန် ၉ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ကံကြီးရွာကို ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်နှင့် TNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ထိခိုက်မှုများပြား၍ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၈ ရက်နေ့တွင် နောင်ချိုမြို့နယ်၊ တောင်းခမ်းရွာမှ ကံကြီးရွာကို ထိုးစစ်ဆင်လာသော အကြမ်း ဖက် စစ်တပ်နှင့် TNLA ဦးဆောင်‌သော တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ…