Category: News
-
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို ရောက်ရှိနေသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံး
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို ရောက်ရှိနေသော စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံး ရန်ကုန်၊ ဇွန် ၁၀ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်ကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မှော်ဆီဇာ ဘုရားကုန်း၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မှော်ဆီဇာ၊ သာယာကုန်း၊ လုံးခင်းသုဿန်၊ လုံးခင်းဆေးရုံ နှင့် လုံခင်းကျေးရွာတို့အတွင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးလာသောကြောင့် KIA…
-
ထိုင်း -မြန်မာနယ်စပ်ရှိ ဗောဓိ စခန်း (ခေါ်) ပွိုင့် ၂၅၆၆ စခန်းကို သိမ်းပိုက်ရရှိပြီး ထားဝယ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံးကို KNU က ထိန်းချုပ်ထား
ထိုင်း -မြန်မာနယ်စပ်ရှိ ဗောဓိ စခန်း (ခေါ်) ပွိုင့် ၂၅၆၆ စခန်းကို သိမ်းပိုက်ရရှိပြီး ထားဝယ်ခရိုင်အတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်လုံးကို KNU က ထိန်းချုပ်ထား ရန်ကုန်၊ ဇွန် ၁၀ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ထိုင်း -မြန်မာနယ်စပ်ရှိ ပွိုင့် ၂၅၆၆ စစ်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်ရှိ (အမို နယ်စပ် (သို့) ပွိုင့် ၂၅၆၆ တွင် ရှိသော စစ်ကောင်စီ၏ ရှေ့တန်းစစ် စခန်းကို KNLA ဦးဆောင်သော တပ်ဖွဲ့များက သိမ်းပိုက်ရရှိခဲ့ ခြင်းဖြစ်ကြောင်း၊ ယင်းတပ်စခန်းကို ဇွန်လ ၈ ရက်နေ့ကတည်းက…
-
■ စစ်တွေ ကံ့ကော်ကျွန်းက စစ်ကောင်စီ စစ်စခန်းကို AA စီးနင်းတိုက်ခိုက်၊ သေဆုံးထိခိုက် များပြား
■ စစ်တွေ ကံ့ကော်ကျွန်းက စစ်ကောင်စီ စစ်စခန်းကို AA စီးနင်းတိုက်ခိုက်၊ သေဆုံးထိခိုက် များပြား (စစ်ကောင်စီ သံချပ်ကာ နှစ်စီးကို AA က မီးရှို့ပြီး ပြန်ဆုတ်) ဇွန်လ ၁၀ ရက် ရခိုင်ပြည်၊ စစ်တွေမြို့နယ် ကံ့ကော်ကျွန်းကျေးရွာတွင် အခြေချတပ်စွဲထားသော စစ်ကောင်စီ စစ်စခန်းကို အာရက္ခတပ်တော် AA က မေလ နောက်ဆုံးအပတ်အတွင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီတပ်သားများ အလစ်အငိုက်ဖြစ်နေချိန်တွင် ညတွင်းချင်း AA က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်းနှင့် သံချပ်ကာ စစ်ကားနှစ်စီးကိုလည်း မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း စစ်တွေသတင်းရင်းမြစ်က ပြောသည်။ “မေလ ကုန်နီး ဇွန်လ အစောပိုင်းရက်လောက်ကပေါ့ ရက်တော့ တိတိကျကျ မပြောဘူး။ မိုးအရမ်းရွာနေတဲ့အချိန်မှာ စစ်ကောင်စီတပ်သားတွေ…
-
စစ်ကောင်စီက စက်ချို့ယွင်း၍ တိုက်လေယာဉ် ပျက်ကျဟု လိမ်လည် သတင်းထုတ်ပြန်ချိန် PLA က ပျက်ကျ တိုက်လေယာဉ်၏ ဓာတ်ပုံများကို ဝေဝေဆာဆာ ထပ်မံ ထုတ်ပြ
စစ်ကောင်စီက စက်ချို့ယွင်း၍ တိုက်လေယာဉ် ပျက်ကျဟု လိမ်လည် သတင်းထုတ်ပြန်ချိန် PLA က ပျက်ကျ တိုက်လေယာဉ်၏ ဓာတ်ပုံများကို ဝေဝေဆာဆာ ထပ်မံ ထုတ်ပြ ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပစ်ချခံရ၍ တိုက်လေယာဉ်ပျက်ကျမှုကို စက်ချို့ယွင်း၍ ပျက်ကျဟု စစ်ကောင်စီက လိမ်လည် သတင်းထုတ်ပြန်သည်။ ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ပစ်ချခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက စက်ချို့ယွင်း၍ တိုက်လေယာဉ် ပျက်ကျဟု စစ်ကောင်စီက…
-
ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား
ပုလဲမြို့နယ်တွင် ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထား ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ယနေ့ မွန်းတည့်ပိုင်း ပစ်ချခံရသည့် စစ်တိုက်လေယာဉ်မှ လေယာဉ်မှူး၏ ဦးခေါင်းခွံ့နှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများ ရရှိထားကြောင်း ဒေသတော်လှန်ရေးရဲဘော်များက ပြောဆိုသည်။ “ဦးခေါင်းခွံ့ ရတယ်။ ဦးနှောက်တွေလားတော့မသိဘူး အပုံလိုက်လေး အဲဒါလည်း တွေ့တယ်။ အလောင်း အကောင်လိုက်တော့ မရဘူး။ ပေါက်ကွဲပြီး လေယာဉ်မှူး ကိုယ်ခန္ဓာတွေက အကုန်ပြန့်ကျဲကုန်တာထင်တယ်။ မီးလောင်နေတာက ဘုန်းကြီးကျောင်းထဲ လေယာဉ်ပျက်ကျပြီး လောင်တာ” ဟု ဒေသတော်လှန်ရေးရဲဘော်က ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်အချိန် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို…
-
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ
ရန်ကုန် မှော်ဘီလေတပ်စခန်းဌာနချုပ်ကို အသေခံ ဒရုန်းဖြင့် တိုက်ခိုက်မှု ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရ ရန်ကုန်၊ ဇွန် ၁၀ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ရှိ လေတပ်စခန်းဌာနချုပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ဗိုလ်မိုးဝေကျော်အပါအဝင် ၂ ဦးသေ ဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် Civilian Military – SRDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီခန့်အချိန် မှော်ဘီမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လေတပ် စခန်းဌာနချုပ်ကို အိုး ထိန်းတွင်းရွာ စစ်ဆင်ရေးအဖြစ် Jammer ကျော်ဖြတ်နိုင်သော အဆင့်မြင့် အသေခံ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ လေတပ်စခန်းကင်းစင်ကို ထိမှန်ပေါက်ကွဲခဲ့ပြီး…
-
Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ
Breaking News- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းတွင် စစ်တပ်တိုက် လေယာဉ် ၁ စီးကို ပစ်ချ ရန်ကုန်၊ ဇွန် ၁၀ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးကို ပစ်ချ နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇွန်လ ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲကို ဗုံးလာကျဲသည့် အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁…
-
တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နှင့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် တို့ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို နန်းတွင်း စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေ
တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့် နှင့် တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော် တို့ကို စစ်ကောင်စီက ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်မှူးချုပ်ကျော်ဆက်မြင့်ကို နန်းတွင်း စစ်ကြောရေးတွင် ဖမ်းဆီးစစ်ဆေးနေ ရန်ကုန်၊ ဇွန် ၁၀ အကြမ်းဖက် စစ်ကောင်စီက တပ်မ ၉၉ တပ်မမှူး ဗိုလ်မှူးချုပ် တင်မောင်ကျော်နှင့် တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူးချုပ် ကျော်ဆက်မြင့်တို့ကို ရာထူးတာဝန်များမှ ဖယ်ရှားလိုက်ကြောင်း စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက တပ်မ ၉၉ တပ်မှူး တင်မောင်ကျော်ကို စစ်ရှုံးမှုဖြင့် နေပြည်တော်သို့ ချက်ချင်း ပြန်ခေါ်၍ ရာထူးတာဝန်မှ ဖယ်ရှားကာ အရန်အင်အားအဖြစ် ထားရှိကြောင်း၊ ယင်းနောက်…
-
မင်းအောင်လှိုင် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့သော်လည်း ယခု ရုရှားအကူအညီဖြင့် ပြန်ကြိုးစားနေမှု အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေဟု NUG ပြော
မင်းအောင်လှိုင် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရ က ရပ်တန့်ခဲ့သော်လည်း ယခု ရုရှားအကူအညီဖြင့် ပြန်ကြိုးစားနေမှု အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေဟု NUG ပြော ရန်ကုန်၊ ဇွန် ၁၀ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်အဆက်ဆက် ၏ နျူကလီးယား လက်နက်ပိုင်ဆိုင်ရေး အိပ်မက်ကို NLD အစိုးရက ရပ်တန့်နိုင်ခဲ့သော်လည်း ယခုစစ်အာဏာသိမ်းပြီးနောက် ရုရှားအကူအညီဖြင့် အဆိုပါ အိပ်မက်ကို အကောင် အထည်ဖော်ရန် ပြန်လည်ကြိုးစားနေမှုမှာ အာဆီယံနှင့်ဒေသတွင်းနိုင်ငံများကို ခြိမ်းခြောက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း ၁၂/၂၀၂၅ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရွေးကောက်ခံ NLD…
-
နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော
နယ်စပ်ရှိ လက်ကျန်စစ်တပ်စခန်းများကိုနေ့စဉ်နီးပါး စစ်ဆင်နေဟု KNU သတင်းရင်းမြစ်ပြော ဇွန်-၁၀၊၂၀၂၅။ထားမြတ်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ (၆)နယ်မြေ၊မြဝတီမြို့တောင်ဘက် မြန်မာ-ထိုင်းနယ်စပ်ရှိ လက်ကျန်စခန်းများကို စနိုက်ပါ၊ ဒရုန်းများ အသုံးပြု၍ နေ့စဥ် တိုက်ခိုက်နေကြောင်း KNU သတင်းရင်းမြစ်ကပြောသည်။ KNU တပ်မဟာ(၆)နယ်မြေရှိ ဘလယ်ဒို၊ ကနဲလေး၊ သေ့ဘောဘိုး စခန်းများ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို မေလ နောက်ဆုံးပတ်နှင့် ဇွန်လဆန်းတွင် ဆက်တိုက်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဝေါ်လေ၊ ဥကရစ်ထ၊ ထီးကပလယ်စခန်းများအပါအဝင် စစ်တပ်စခန်း ၄ခုသာ ကျန်တော့သည့် အခြေအနေတွင် လက် ကျန်စခန်းများကိုဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။ “ထီးကပလယ်တော့ ထိုးတာကြာပြီ။ နည်းနည်း နည်းနည်းလေ။အခုက ကိုယ့်လူမထိအောင် နည်းနည်းနည်းနည်း ထိုးလာတာကြာပြီ။” ဟု KNU သတင်းရင်းမြစ်က ပြောသည်။ စခန်းသိမ်းပိုက်နိုင်ရေး တက်ရောက်တိုက်ခိုက်သည့် ပုံစံမဟုတ်ဘဲ စစ်ကောင်စီတပ်စခန်းကို…