Category: News
-
ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော
ဖလမ်းမြို့သိမ်းစစ်ဆင်ရေး ချင်းညီနောင်အဖွဲ့ ဆက်လက်ဆင်နွှဲနေဟု CNDF ပြော ဟန်နွေ/People’s Spring ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။ ချင်းညီနောင်သည် ဖလမ်းနှင့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ဒုတိယပတ်တွင် စတင်ခဲ့ရာ ဒီဇင်ဘာ ၂၁ရက်တွင် မင်းတပ်မြို့ကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး ဖလမ်းမြို့ကို ယနေ့(ဖေဖော်ဝါရီ ၂၃ရက်)အထိ ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ ချင်းညီနောင်အဖွဲ့ဝင် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီထံသို့ ယမန်နေ့က ဆက်သွယ်မေးမြန်းရာ “စစ်ဆင်ရေးရှိနေပါသေးတယ်” ဟု ဖြေကြားသည်။ စစ်ရေးအခြေအနေများကို ဆက်လက်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။ ချင်းညီနောင်အနေဖြင့် စစ်ဆင်ရေးသုံးလကျော်အတွင်း ဖလမ်းမြို့နယ် ဧရိယာအများစုကိုသိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ ခလရ(၂၆၈)တပ်ရင်းဌာနချုပ်သာ ကျန်တော့သည်ဟု ဆိုသည်။ ချင်းသတင်းဌာနအချို့၏ဖော်ပြချက်အရ ဖေဖော်ဝါရီ…
-
ဖာပွန် အမှတ် ၄၃၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း (ရုပ်/သံ)
ဖာပွန် အမှတ် ၄၃၄ ခြေလျင်တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက် မြင်ကွင်း (ရုပ်/သံ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၅ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ရှိ စစ်ကောင်စီရဲ့ အမှတ် ၄၃၄ ခြေလျတပ်ရင်းကို PDF တပ်ရင်း တပ်ဖွဲ့တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် မြင်တွေ့ ရတဲ့ ရုပ်သံမှတ်တမ်းကို အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲ က ထုတ်ပြန်လိုက်ပါတယ်။
-
အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီမှ စက်ရုံသူဌေးနဲ့ ပူးပေါင်းကြံစည်နေ အလုပ်သမားများကို အိမ်ပြန်ခွင့် မပြုတော့ပဲ အားလုံး မဲနှိုက်ရမည်ဖြစ်ပြီး>>>>
အထည်ချုပ်စက်ရုံမှ အလုပ်သမားများကို စစ်မှုထမ်းခိုင်းရန် စစ်ကောင်စီမှ စက်ရုံသူဌေးနဲ့ ပူးပေါင်းကြံစည်နေ အလုပ်သမားများကို အိမ်ပြန်ခွင့် မပြုတော့ပဲ အားလုံး မဲနှိုက်ရမည်ဖြစ်ပြီး>>>>
-
ကျောက်ဖြူ ဓညဝတီရေတပ်ဌာနချုပ်ကို AA စတင် တိုက်ခိုက်
သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဖေဖော်ဝါရီ ၂၂/၂၀၂၅ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ သစ်ပုတ်တောင်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို အာရက္ခတပ်တော် (AA)က စတင်တိုက်ခိုက်နေပြီဟု သတင်းရရှိသည်။ ကျောက်ဖြူမြို့နယ်ရှိ အကြီးဆုံးရေတပ်စခန်းတစ်ခုဖြစ်သည့် ဓညဝတီရေတပ်ဌာနချုပ် (ဒေသအခေါ် သစ်ပုတ်တောင်ရေတပ်စခန်း)ကို AA က ယမန်နေ့ ဖေဖော်ဝါရီ ၂၁ ရက်၊ ညဉ့်အချိန်မှစတင်ကာ ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက် ၈ နာရီအထိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။ “မနေ့က ညဉ့်အချိန်စတိုက်တာ မနက် ၈ နာရီလောက်မှာ တိုက်ပွဲရပ်သွားတယ်။ တိုက်ပွဲပြင်းတယ်လို့ ပြောလို့ရတယ်”ဟု ပြောသည်။ အဆိုပါရေတပ်ဌာနချုပ်ထဲရှိ စစ်ကောင်စီတပ်သားများဖက်မှ အထိနာနေခဲ့၍ ရေတပ်ထဲမှလည်း AA ရှိနိုင်သည့်နေရာများကို လက်နက်ကြီးကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ ယင်းအပြင် အပြန်အလှန်ပစ်ခတ်မှုပြီးသည်နှင့်…
-
စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက် ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး၊ သတင်း ဖလှယ်ရေးနှင့် ပူးပေါင်းရေး ကြိုးစား
စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ်တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက် ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ်ရေး၊ သတင်း ဖလှယ်ရေးနှင့် ပူးပေါင်းရေး ကြိုးစား ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ အကြမ်းဖက်စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sanglampongsa နှင့် ထိုင်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Songwit Noonpackdee တို့ကို နေပြည်တော်သို့ ဖိတ်ပြီး ကျားဖြန့် တိုက်ဖျက်ရေး အကြောင်းပြ၍ နှစ်နိုင်ငံ တည် ငြိမ်ရေး၊ သတင်းဖလှယ်ရေးနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းရေး ဆွေးနွေးကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် တပ်သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရှိရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်၏ အထူးလေယာဉ်ဖြင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်းစစ်တပ်…
-
-
မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ
မင်းတုန်းမှာ ကပစ ၁၂ က ထွက်လာသည့် စစ်တပ်ဖောကားနှင့် စစ်ကောင်စီစခန်းကို တိုက်ခိုက်၊ စစ်ကောင်စီတပ်က စစ်သားနှင့် ရဲ ၁၀ ဦးသေပြီး အရာရှိတွေအပါ အများအပြား ထိခိုက်ဒဏ်ရာရ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၅ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စွဲထားတဲ့ ကျောက်တိုင်ဆေးရုံက စစ်ကောင်စီစခန်းနဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ – ကပစ ၁၂ က ထွက်လာတဲ့ စစ်တပ်ဖောကား ၁ စီးကို တိုက်ခိုက်ရာ စစ်သားနဲ့ ရဲ ၁၀ ယောက်သေဆုံးပြီး အရာရှိတွေအပါအဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) တာဝန်ခံ ကိုဗဟိန်းက မောင်းသတင်းဌာနကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၉ ရက်ညနေပိုင်းက သရက်မြို့အခြေစိုက်…
-
စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော
စစ်ကို ဆက်လက်ဆင်နွှဲသွားမယ်လို့ စစ်ခေါင်းဆောင်ပြော ~~~ ■ တည်ငြိမ်အေးချမ်းမှုကို လိုလားကြတဲ့ ပြည်သူတွေနဲ့ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲ သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဗထူးမြို့၊ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတချို့ဟာ NUG၊ CRPH၊ PDF အမည်ခံတွေနဲ့ ပူးပေါင်းပြီး ထိန်းချုပ်နယ်မြေတွေကို ချဲ့ထွင်နိုင်ဖို့ တရားလက်လွတ်ဥပဒေမဲ့နည်းလမ်းတွေနဲ့ လုပ်နေကြတယ်လို့လည်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ လက်ရှိအချိန်မှာ နယ်မြေဒေသတချို့ မတည်မငြိမ်ဖြစ်နေတာနဲ့ ဒေသခံပြည်သူတွေရဲ့ စီးပွားရေးနဲ့ အသက်တွေ ထိခိုက်ဆုံးရှုံးမှုတွေဟာ လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်နိုင်သူတွေကြောင့်လို့ ဆိုပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့…
-
ရန်ကုန်တွင် နှစ်ငါးလုံးနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ)
ရန်ကုန်တွင် နှစ်ငါးလုံးနေ့ အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ် (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ ရန်ကုန်တွင် ယနေ့ ကျရောက်သည့် နှစ်ငါးလုံးနေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင် ဆန့်ကျင်ရေး “ငုံမခံနဲ့ တုံ့ပြန် ၊ အံတု တွန်းလှန် ဖက်ဆစ်ဒဏ်” လှုပ်ရှားမှုပြုလုပ်ကြောင်း သိရှိရသည်။ ယနေ့ရန်ကုန်တွင် စစ်ကောင်စီတပ်များ လုံခြုံရေးအင်မတန်တင်းကြပ်ထားသည့်ကြားမှ နှစ်ငါးလုံးနေ့လှုပ်ရှားမှုအဖြစ် “ငုံ့မခံနဲ့တုံ့ပြန်၊အံတုတွန်းလှန် ဖက်ဆစ်ဒဏ်” စာသားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်တော်လှန်လူငယ်များက ပြုလုပ်ကြခြင်းဖြစ်ကြောင်း၊ ပြည်သူလူထုအပေါင်း ကြုံတွေ့နေရသည့် အထွေထွေကြပ်တည်းမှု၊ကိုယ်စိတ်မလုံခြုံမှု၊အဓမ္မ စစ်သားစုဆောင်းခံရမှု၊ဖိနှိပ်ခံရမှု များ၏ အဓိက လက်သည်တရားခံမှာ ဖက်ဆစ်ကောင်မင်းအောင်လှိုင်နှင့် ၄င်း၏ လက်ဝေခံ များကြောင့်ဖြစ်ကြောင်း တော်လှန်လူငယ်များက ဆိုကြသည်။ စစ်အာဏာရှင်…
-
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ
ကရင်ပြည်နယ်တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂+ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်တို့တွင် စစ်ကောင်စီ၏ အောင်ဇေယျာစစ်ကြောင်းက ဆက်တိုက် စစ်ကြောင်းထိုးနေပြီး ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးသတင်းရင်း မြစ်၏ ပြောဆိုချက်နှင့် Justice Solider PDF ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ အကြမ်းဖက်စစ်ကောင်စီက အောင်ဇေယျာစစ်ကြောင်းက ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အတွင်းရှိ အာရှ လမ်းမကြီးကို နယ်မြေစိုးမိုးမှုရရှိရန်နှင့် မြ၀တီမြို့နယ်သို့ စစ်အင်အားများ ဖြည့်တင်းရောက်ရှိစေရန် ဆက်တိုက် စစ် ကြောင်းထိုးလျက်ရှိကြောင်း၊ အဆိုပါ အောင်ဇေယျာစစ် ကြောင်းကို…