Category: News

  • အာရှလမ်းမကြီးပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    အာရှလမ်းမကြီးပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်

    by

    in

    အာရှလမ်းမကြီးပေါ်ရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက် မေ ၁၄၊၂၀၂၅။ဒီးဒီ/People’s Spring ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး အာရှလမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း နောက်တန်းကွပ်ကဲရေးတပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်များက ယနေ့(မေလ ၁၄ရက်)တွင် သိမ်းပိုက်ရရှိခဲ့သည်။ ကော့ကရိတ်မြို့နှင့် (၂)မိုင်ကျော်အကွာရှိ အောင်ဇေယျစစ်ကြောင်း၏ နောက်တန်းကွပ်ကဲရေးတပ်စခန်းအား အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊PDFပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ” ဒီမနက်လဲ နေရာတစ်ခုထပ်ရတယ်။ အာရှလမ်းပေါ်က ကော့ကရိတ်အနီးတစ်နေရာပါ”ဟု လူထုနွေဦး၏ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ် သေဆုံးမှုရှိသည်ဟုလည်း ၎င်းက ပြောသည်။ သို့သော် စစ်ကောင်စီတပ် သေဆုံးမှုအရေအတွက်နှင့် တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိမှုအပေါ် ပြောဆိုခြင်း မရှိပေ။ ၂၀၂၄ ဧပြီက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် PDF ပူးပေါင်းတပ်များက မြဝတီမြို့ရှိ သင်္ဃန်းညီနောင်ဗျူဟာ၊ လေးကေ့ကော်နှင့် မြဝတီမြို့စောင့်တပ် ခမရ(၂၇၅)တပ်ရင်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။…

  • ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ဆိုင်ကယ်စီးလာစဉ် တော် လှန်ရေးအဖွဲ့က ပစ်ခတ်၊ နီးစပ်ရာ နေအိမ်အတွင်းသို့ ဝင်ပြေးသော်လည်း နယ်ထိန်းရဲ မာန်ဟိန်း  မလွတ်ဘဲ သေ

    ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ဆိုင်ကယ်စီးလာစဉ် တော် လှန်ရေးအဖွဲ့က ပစ်ခတ်၊ နီးစပ်ရာ နေအိမ်အတွင်းသို့ ဝင်ပြေးသော်လည်း နယ်ထိန်းရဲ မာန်ဟိန်း မလွတ်ဘဲ သေ

    by

    in

    ကြို့ပင်ကောက်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ဆိုင်ကယ်စီးလာစဉ် တော် လှန်ရေးအဖွဲ့က ပစ်ခတ်၊ နီးစပ်ရာ နေအိမ်အတွင်းသို့ ဝင်ပြေးသော်လည်း နယ်ထိန်းရဲ မာန်ဟိန်း မလွတ်ဘဲ သေ ရန်ကုန်၊ မေ ၁၄ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင် ပြည်သူ ၂ ဦးကို ပစ်ခတ်သဖြတ်ခဲ့သော နယ်ထိန်းရဲ မာန်ဟိန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မေလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် ပဲခူးတိုင်း၊ ၊ ကြို့ပင်ကောက်မြို့နယ်၊ မြို့တွင်းအုပ်စု၊ အလယ်ကုန်းကျေး ရွာ နယ်မြေရဲစခန်းမှ နယ်ထိန်း မာန်ဟိန်းသည်…

  • NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

    NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့…

    by

    in

    NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ နေပြည်တော် PDF တပ်ရင်း (၉၀၁) ရဲဘော်များ၊ တပ်ရင်းတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့… မေ ၁၄ ၊ ၂၀၂၅ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာန၊ တပ်ရင်း(၉၀၁)ရဲဘော်တွေ၊ တပ်ရင်းမှူးနဲ့ တပ်ရင်းတာဝန်ရှိသူတွေကို တွေ့ဆုံခဲ့တယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ ထုတ်ပြန်ပါတယ်။ ဦးမောင်မောင်ဆွေက တပ်ရင်း (၉၀၁) ရဲဘော်တွေနဲ့ တွေ့ဆုံရာမှာ ရဲဘော်တွေရဲ့ တော်လှန်ရေးအပေါ် အာရုံစိုက်ပါဝင်တိုက်ပွဲဝင်နေမှုကို လေးစားပြီး COC​(၂)ရပ် လိုက်နာနိုင်တဲ့ ရဲဘော်ကောင်းတွေ ဖြစ်ရေး အရေးကြီးသလို တော်လှန်ရေးဟာ လူငယ်ရဲဘော်တွေရဲ့ အားနဲ့ တိုက်ပွဲဝင်ရင်း အနိုင်ရမှာဖြစ်တယ်လို့ အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်…

  • ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ

    ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ

    by

    in

    ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းရွာစာသင်ကျောင်းကို လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် ဒဏ်ရာရရှိသူများအနက်မှ ကလေးငယ် ၂ ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း သေဆုံးသူ ၂၄ ဦးအထိရှိလာ ရန်ကုန်၊ မေ ၁၄ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာစာသင်ကျောင်း ဗုံးကျဲခံရပြီး ဒဏ်ရာရရှိသူများ အနက် ကလေးငယ် ၂ ဦးထပ်မံသေဆုံးသွားသဖြင့် စုစုပေါင်းသေဆုံးသူ ၂၄ ဦးရှိလာပြီဖြစ်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။ မေလ ၁၂ ရက် နံနက် ၉ နာရီ ၃၅ မိနစ်က ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းတွင်းကျေးရွာ စာသင်ကျောင်း ကို အကြမ်းဖက်စစ်ကောင်စီ ၏ မိတ္ထီလာအခြေစိုက် ရှမ်းတဲလေး လေတပ်မှ တက်လာသည့် MiG-29 Fighter အမျိုးအစားတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်…

  • ထိုင်း-မြန်မာနယ်စပ်အနီး  စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ

    ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ

    by

    in

    ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ ခမရ ၂၄ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိ ရန်ကုန်၊ မေ ၁၄ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်အနီး စစ်ကောင်စီ၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြီးသတ် သိမ်းပိုက်ရရှိကြောင်း KNU သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရှိရသည်။ မေလ ၁၀ ရက်နေ့ နံနက်အစောပိုင်းမှစတင်၍ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ KNU တပ်မဟာ ၇ နယ်မြေအတွင်းရှိ စစ်ကောင်စီ ခမရ ၂၄ တပ်ရင်း၏ တာလယ် ဗျူဟာ စစ်စခန်းကို KNLA ပူးပေါင်းတပ်များက အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း စခန်းမကျစေရေးအတွက်…

  • ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော  လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး

    ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး

    by

    in

    ပြည်သူများ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA က သတိပေး ရန်ကုန်၊ မေ ၁၄ အရပ်သား ပြည်သူများကို အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သော လေကြောင်းတိုက်ခိုက်မှုများမှာ စစ်တပ်က စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်၍ စစ်ကောင်စီက တာဝန်ယူမှု တာဝန်ခံမှု ရှိရလိမ့်မည်ဟု AA အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သတိပေးပြောဆိုသည်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ပြည်သူများ သေဆုံးစေခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်၍ AA ၏ သဘောထားကို ဆက်သွယ်မေးမြန်းစဉ် ၎င်းက အထက်ပါအတိုင်းပြောဆို သတိပေးလိုက်ခြင်းဖြစ်သည်။ “ဒီလိုမျိုး ဘာတိုက်ပွဲမှ မရှိတဲ့နေရာမှာ အကြမ်းဖက် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ဦးတည်ပြီးတော့မှ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတာက ဒါဟာ စစ်ရာဇဝတ်မှုကို…

  • တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ  KNU သိမ်းယူ

    တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ

    by

    in

    တာလယ်ဗျုဟာကို စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက်နေ့မှာ KNU သိမ်းယူ မေ – ၁၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring ကရင်ပြည်နယ် ၊ လှိုင်းဘွဲ့မြို့နယ် ၊ ဒေါနတောင်တန်း အရှေ့ခြမ်း ၊ နော်တရာတောင်ခြေမှာရှိတဲ့ တာလယ်ဗျုဟာစခန်းကို KNU က စတင်တိုက်ခိုက်ပြီး ၄ ရက်မြောက် ဒီနေ့ (မေလ ၁၃ ရက် )မှာ သိမ်းယူလိုက်ပြီလို့ ကရင်စစ်ရေးသတင်း ရင်း မြစ်ထံကသိရပါတယ်။ တာလယ်ဗျူဟာစခန်းကို KNU က အပြီးသတ်သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ဝန်းကျင်သေဆုံးသလို ၂၀ ကျော် ထွက်ပြေးသွားခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။ KNU ဘက်ကလည်း တပ်မဟာ (၇)လက်အောက်ခံ…

  • ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို  စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ

    ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ

    by

    in

    ရန်ကုန်တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသား မောင်ထက်ဝေယံ အပါအဝင် လူငယ် ၂ ဦးကို စစ်သားအဖြစ် ရောင်းစားခံရမှု စစ်တပ်လော်ဘီများ ဝန်ခံ၊ လှည်းကူးတွင်လည်း လူစားထိုး စစ်မှုထမ်းများ အရောင်းအဝယ်လုပ်နေ ရန်ကုန်၊ မေ ၁၄ ရန်ကုန်မြို့တွင် စစ်မှုထမ်းခိုင်းရန် အသက်မပြည့်သေးသော ကျောင်းသားမောင်ထက်ဝေယံ အပါအဝင် လူငယ်များကို စစ်သားအဖြစ် ရောင်းစားခံရမှုများရှိနေကြောင်း စစ်တပ်လော်ဘီများဝန်ခံပြောဆိုလိုက်ကြသည်။ မေလ ၁၃ ရက်နေ့ စစ်တပ်လော်ဘီ နောင်တော်ကလေး လုပ်ကိုင်နေသည့် Myanmar National Post တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် ကွမ်းခြံကုန်းမြို့နယ် ပကောက်ကျေးရွာအုပ်စု ပဒုံစောကျေးရွာမှ ကျောင်းသား မောင်ထက်ဝေယံနှင့် မောင်မိုးချစ်နောင်တို့ ၂ ဦး ရန်ကုန်တွင် သွားရောက် အလုပ်ရှာရာမှ စစ်မှုထမ်း တပ်သားများအဖြစ် ဖမ်းဆီးရောင်းစားခံလိုက်ရကြောင်း မိဘဆွေမျိုးများနှင့်တွေ့ဆုံမေးမြန်း၍ ထုတ်ပြန်ထားသည်။…

  • ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့

    ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့

    by

    in

    ရေစကြိုမှာ ပျူရွာကထွက်လာတဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေစောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့် သေ၊ တော်လှန်ရေးရဲဘော်တစ်ဦး ကျဆုံးပြီး ၁၀ ခန့် ဒဏ်ရာရရှိခဲ့ အီသာရမ်/MFP ၊ မေ-၁၃ မကွေးတိုင်း ရေစကြိုမှာ ပျူစောထီးရွာက ထွက်လာတဲ့ စစ်အုပ်စုစစ်ကြောင်းကို တော်လှန်ရေးတပ်တွေအသင့် စောင့်ဆိုင်းတိုက်ခိုက်လို့ စစ်အုပ်စု ၃၀ ခန့်သေဆုံးခဲ့တယ်လို့ Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်း က ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၉ ရက် မနက် ၇ နာရီခန့်မှာ ဆင်ချောင်းပျူစောထီးကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို ဆန်းသစ်ကျေးရွာမြောက်ဘက်မှာ တော်လှန်ရေးတပ်တွေက အသင့်စောင့်ဆိုင်းတိုက် ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ၁ နာရီခွဲခန့်…

  • စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား

    စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား

    by

    in

    စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောက်လုပ်ရမည်ဟု အမိန့် ထုတ်ပြန်ပြီး စစ်ကောင်စီထိပ်ပိုင်းက စိစစ်မည်၊ ဗလီအပြိုအပျက်များကို ပြင်ဆင်ခွင့်ပိတ်ပင်ထား ရန်ကုန်၊ မေ ၁၃ စစ်ကိုင်းငလျင်ကြောင့် ပြိုကျပျက်စီးသွားသော ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းများကို မူလအတိုင်းသာ ဆောင်လုပ်ရမည်ဟု စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ်ပြန်လိုက်သော်လည်း စစ်ကောင်စီက ဆောက်လုပ်ခွင့်နှင့်ဖြိုဖျက်ခွင့်များ လုံး၀ ချထားမပေးဘဲ ပိတ်ပင်ထားကြောင်း ရမည်းသင်းအခြေစိုက် ဗလီကျောင်းတော်အဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။ စစ်ကောင်စီက ငလျင်ကြောင့် ပြိုပျက်သွားသော ဗုဒ္ဓဘာသာ ဘုရားစေတီပုထိုးနှင့်ကျောင်းတိုက်များကိုမူ ကြိုက် နှစ်သက်လို ပြန်လည် တည်ထားခွင့်ပေးထားသော်လည်း ဗလီနှင့်ခရစ်ယာန် ဘုရားရှိခိုးကျောင်းများကိုမူ မူလအတိုင်းသာ ဆောက်လုပ်ရန်၊ ဆောက်လုပ်ခြင်းနှင့်ဖြိုဖျက်ခြင်းများကိုလည်း စစ်ကောင်စီက ခွင့်ပြုမှသာ လုပ် ဆောင်ရန် ညွှန်ကြားချက်ထုတ်ပြန်ထားကြောင်း၊ အမှန်တကယ် ခွင့်ပြုချက်တောင်းခံသောအခါ ဖြိုဖျက် ရှင်းလင်းခွင့်ပင် မပေးဘဲ ပြန်လည်တည်ဆောက်ခွင့်မှာ…