Category: News

  • အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက်

    အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက်

    by

    in

    အမ်းမြို့သိမ်းတိုက်ပွဲ နပခ အပါအဝင်စစ်​ကောင်စီတပ်စခန်းများအားလုံးကို AA ပိတ်ဆို့တိုက်ခိုက် အိမ်သွင်/People’s Spring အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်( AA)က ပိတ်ဆို့ထားပြီး အမ်း-ပဒါန်းလမ်းကိုလည်း AAကထိန်း ချုပ်ထားကြောင်း ​ဒေသခံများက​ပြောသည်။ စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခုရက်ပိုင်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီ၏ထွက်ပေါက်များအားလုံးကို AAက ပိတ်ဆို့ထားပြီဖြစ်​ကြောင်း ဒေသခံတဦးကပြောသည်။ “ဒီကနေ့ အပြင်းထန်ဆုံးကတော့ ၉၁၉ တပ်ဘက်မှာ။ (၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)။အဲ့တပ်ကစစ်ကောင်စီတပ်သားတွေ ကစဥ့်ကလျားပဲထွက်ပြေးနေရတယ်။စစ်တပ်က နပခထဲကို ဟက်စကီးတွေနဲ့ လူတွေထပ်ချတယ်။အဓိက ကစစ်ကောင်စီ ချောင်ပိတ်သွားတဲ့အနေအထားပါ”ဟု မြို့ခံတဦးကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့…

  • NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

    NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း

    by

    in

    NUGကို အစိုးရအဖြစ်အသိအမှတ်ပြုသည့် ကယန်းအမျိုးသားတပ်မတော်(KNA) ဖွဲ့စည်း * * * * * ကယန်းလူထုအခြေပြု လက်နက်တော်လှန်ရေးတပ်များစုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ယနေ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တပ်ရင်း(၈)ရင်းဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ(၉)ချက်၊ အမျိုးသားရည်မှန်းချက် (၅)ချက်ဖြင့် ဖွဲ့စည်းထားပြီး ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်နှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည် ဟုဆိုသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည်…

  • ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ

    ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ

    by

    in

    ဟားခါးမြို့အနီး စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ်အရာရှိတစ်ဦးအပါအဝင်လေးဦးကို ချင်းပူးပေါင်းတပ် အရှင်ဖမ်းမိ ▪️စစ်ကောင်စီတပ် ၁၄ဦးသေဆုံးဟု ချင်းသတင်းရင်းမြစ်ပြော ▪️ထန်တလန်မြို့၉၀ ရာခိုင်နှုန်းကို ချင်းပူးပေါင်းတပ် ထိန်းချုပ် ဟန်နွေ/People’s Spring ချင်းပြည်နယ် ဟားခါးမြို့အနီးရှိ စစ်ကောင်စီ၏ ကမ်တောင်း(ဒေသအခေါ် ကမ်တလန်) စခန်းကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရပူးပေါင်းတပ်များက ယမန်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။ ” မနေ့က ဟားခါးမြို့ပြင်အနီးမှာရှိတဲ့ ကမ်တောင်း(ကမ်တလန်း)စခန်းပေါ့နော်။ အဲဒီမှာ CNA ၊CDF ချင်းပြည်အစိုးရ ပူးပေါင်းတပ်တွေ က သိမ်းပိုက်နိုင်ခဲ့တဲ့အထဲမှာ ဖမ်းဆီးနိုင်တဲ့ လေးယောက်ဖြစ်ပါတယ်။ အဲဒီ စကစလေးယောက်မှာ တစ်ယောက်က မေဂျာအဆင့်ဖြစ်ပါတယ်။ နာမည်ကတော့ မသိနိုင်သေးဘူး”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ယမန်နေ့က ဟားခါးမြို့အနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားသည့်…

  • လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

    လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ)

    by

    in

    လေးကေ့ကော်စွယ်တော်ကုန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချ ဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံ Federal Wings ထုတ်ပြန် (ရုပ်/သံ) အောက်တိုဘာ ၂၉၊ ၂၀၂၄ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်းအမြောက်စခန်း လက်နက်တိုက်ကို ဒရုန်းနဲ့ ဗုံးသီးကြဲချဖျက်ဆီးခဲ့တဲ့ မှတ်တမ်းရုပ်သံဖိုင်ကို Federal Wings က ထုတ်ပြန်လိုက်ပါတယ်။ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ စွယ်တော်ကုန်း အမြောက်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၇ လကြာ ပိတ်ဆို့ထားပြီး အောက်တိုဘာ ၁၇ ရက်က ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

  • ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊  “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

    ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့

    by

    in

    ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံး၊ “PDF မကြောက်၍ တစ်ယောက်တည်းသွားလာနေတာကွ” ဟု စာရေး အေးမင်းနိုင်က ကြွေးကြော်ခဲ့ ရန်ကုန်၊ အောက်တိုဘာ ၂၉ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ် စာရင်း လာရောက်ကောက်ယူသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရေး အေးမင်းနိုင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန် ရွှေတောင်မြို့နယ်၊ မမဲကြီးကျေးရွာတွင် စစ်မှုထမ်း တပ်သားသစ်စာရင်း လာရောက်ယူနေစဉ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေး အေးမင်းနိုင် ကို…

  • ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး

    ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး

    by

    in

    ဟဲဟိုး ကနေ မန္တလေး သွားတဲ့ ဘုရားဖူးကား ချောက်ထဲကျပြီး ၇ ဦး ‌ေ-သဆုံး ၂၀၂၄၊အောက်တိုဘာလ၊၂၉ရက် ရှမ်း‌ပြည်နယ်တောင်ပိုင်း၊ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်းမှာ ဟဲဟိုး ကနေ မန္တလေးကို ဘုရားဖူးသွားတဲ့ မီနီ ဘတ်စ်ကား ချောက်ထဲထိုးကျပြီး ၇ ဦး‌ေ-သဆုံးခဲ့ပြီး ၁၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) ကထုတ်ပြန်ထားပါတယ်။ မန္တလေးမြို့ကို ဘုရားဖူးရန်လာတဲ့ ရန်ကုန်မြို့မှ ခြောက်ဘီး Mini Bus ဟာ ရွာငံ – ဟံမြင့်မိုရ်လမ်းပိုင်း ဒေသအခေါ် စခန်းကြီးအတက် အနီးမှာ အမြင့်ပေ ၃၅၀ ခန့်အနက် ချောက်အောက်သို့ ထိုးကျသွားခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ေ-သဆုံးသူ ၇ ဦးထဲမှာ အမျိုးသမီး ၆ ဦးနဲ့ အမျိုးသား…

  • အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ်  ပြတ်တောက်နေဟုဆို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ

    အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ

    by

    in

    အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော် စစ်ရုံး အဆက်အသွယ် ပြတ်တောက်နေဟုဆို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးမှာ စစ်တွေတွင်သာ ရှိနေပြီး အမ်းတွင် ရှိမနေ ရန်ကုန်၊ အောက်တိုဘာ ၂၉ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ “အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။…

  • နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းနေ၊ ပြည်မြို့ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်း အလွန်ရမ်းကားလာဟုဆို

    နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းနေ၊ ပြည်မြို့ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်း အလွန်ရမ်းကားလာဟုဆို

    by

    in

    နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် ခြိမ်းခြောက်တောင်းနေ၊ ပြည်မြို့ မှော်ဇာအုပ်ချုပ်ရေးမှူး အေးထွန်း အလွန်ရမ်းကားလာဟုဆို ရန်ကုန်၊ အောက်တိုဘာ ၂၉ နေပြည်တော်၊ ပျဉ်းမနားနှင့် ဧရာ၀တီတိုင်း အိမ်မဲမြို့နယ်တို့တွင် လာမည့် နိုဝင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် အကြောင်း ပြ၍ ငွေကြေးများ အတင်းအကျပ် တောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နေပြည်တော် ပျဥ်းမနားမြို့နယ်၊ သစ်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဝင်းဘိုက စစ်မှုထမ်းအပတ်စဉ် ၇ တွင် တာဝန်ဆောင်မည့် တပ်သားသစ် စစ်မှုထမ်းများကို ထောက်ပံ့ရန်အတွက်ဟုဆိုကာ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၃၀၀၀၀ ပေးရမည်ဟု တောင်းခံလာကြောင်း၊ လစဉ်လတိုင်း တောင်းခံသည့်ငွေကြေးမှာ…

  • BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ  ဆက်ဆံရေး တည်ဆောက်  စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော

    BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော

    by

    in

    BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော ရန်ကုန်၊ အောက်တိုဘာ ၂၉ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသများတွင် အခြေချ၍ MOD/PDF တပ်ရင်များအပြင် အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် မည်ဖြစ်ပြီး လတ်တလော ရန်သူ၏ အာရုံစိုက်လာမည်စိုးသဖြင့် အကျယ်တဝင့် မပြောလိုသေးကြောင်း BPLA မှ မောင်ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ BPLA မှ မောင်ဆောင်းခက BPLA ၏ ရှေ့ဆက် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရားဝင် ပြည်သူသို့ လူမှုကွန်ရက်များမှတစ်ဆင့် တရားဝင်…

  • မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

    by

    in

    မြဝတီ – ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ စစ်တပ်၏ လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၂၈ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိကာ လက်နက် ၂ လက်နှင့်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသက ယနေ့ သတင်းထုတ်ပြန်သည်။ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးတွင် တော်လှန်ရေး တပ်ဖွဲ့ များက စိုးမိုးထားရာ အာရှလမ်းမကြီး၏ လမ်းပိုင်းများကို ပြန်လည်ထိန်းချုပ်ရန် စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား…