Category: News

  • တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက  ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား

    တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား

    by

    in

    တရုတ်စီးပွားရေးလုပ်ငန်းများ တည်ရှိရာ ကျောက်ဖြူတွင် စစ်ကောင်စီက ခံစစ်ပြင်ဆင်နေပြီး ဘဏ်များပါပိတ်သွား ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ရက် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ရခိုင်တောင်ပိုင်းတွင် ပြင်းထန်လာသည့်အတွက် စစ်ကောင်စီက စစ်ရေးမရောက်လာသေးသည့် ကျောက်ဖြူတွင် ခံစစ်ပြင်ဆင်နေကြောင်း သိရသည်။ ရခိုင်တောင်ပိုင်းရှိ တောင်ကုတ်နှင့် ဂွမြို့နယ်တို့တွင် စစ်ကောင်စီ၏ ထိုးစစ်အထူးပြင်းထန်လာပြီး နယ်မြေအချို့ပါ လက် လွှတ်လိုက်ရချိန်တွင် စစ်ကောင်စီက ကျောက်ဖြူမြို့၌ ခံစစ်ပြင်လာကြောင်း ဒေသခံများထံက သိရသည်။ “ဂွမှာ စစ်ရေးက မြို့နားကပ်သွားပြီဆိုတော့ ကျောက်ဖြူကို စစ်ရေးရောက်လာမှာ စစ်တပ်က စိုးရိမ်နေပြီ။ မြို့ပြင်ကတပ်တွေကိုပါ လုံခြုံရေးချတာတွေလုပ်လာတယ်” ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်နေ့ကစတင်ပြီး KBZ ဘဏ်၊ CBဘဏ်၊ ကမ္ဘာ့ရတနာဘဏ်စသည့် ပုဂ္ဂလိကဘဏ်များ…

  • MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို

    MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို

    by

    in

    MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်က အကျယ်ချုပ် ဖမ်းဆီးထားသည် ဆိုသော သတင်းကို MNDAA က ငြင်းပယ်လိုက်ပြီး လားရှိုးတွင် ကိုးကန့်တပ်များက မြို့ပုံမှန်အတိုင်း ပြန်လည်ပတ်ရေး အားသွန်ခွန်စိုက် ဆောင်ရွက်နေဟုဆို ရန်ကုန်၊ နိုဝင်ဘာ ၁၈ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းကို MNDAA သတင်းရင်းမြစ်တစ်ခုက ငြင်းဆိုသည်။ ယနေ့ လူမှုကွန်ရက်တွင် လားရှိုးကို စစ်ကောင်စီထံသို့ ပြန်မပေးမှုဖြင့် တရုတ်အစိုးရက MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းဆီးထားပြီဆိုသော သတင်းများ ပြန့်နှံ့လာပြီး ယင်းသတင်းနှင့်ပတ်သက်၍ MNDAA သတင်းရင်းမြစ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “မဟုတ်ပါဘူး။ အဲဒီသတင်းက” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။ စစ်မြေပြင်တွင်ရှိနေသော MNDAA အခြားတပ်မှူး…

  • “မြို့သိမ်းထိုးစစ်အတွက် မန္တလေးPDF ဒီနေ့ပဲ ကြေငြာလိုက်ပြီ😍💪”

    “မြို့သိမ်းထိုးစစ်အတွက် မန္တလေးPDF ဒီနေ့ပဲ ကြေငြာလိုက်ပြီ😍💪”

    by

    in

    “မြို့သိမ်းထိုးစစ်အတွက် မန္တလေးPDF ဒီနေ့ပဲ ကြေငြာလိုက်ပြီ😍💪” .

  • တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ်

    by

    in

    တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက် လက်နက်ခဲယမ်းပြည့်စုံနေမှု အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိထားခြင်းဖြစ် နိုဝင်ဘာ ၁၈၊ ၂၀၂၄ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ လက်နက်ခဲယမ်းပြည့်စုံနေပြီဖြစ်ပြီး အများစုဟာ စစ်ကောင်စီထံက သိမ်းဆည်းရရှိတဲ့ ကပစထုတ် လက်နက်တွေဖြစ်ကြောင်း CDM တပ်မတော်အရာရှိတွေက ပြောကြားလိုက်ပါတယ်။ စစ်ကောင်စီကို စတင်တော်လှန်စဉ်က တစ်တောင့်ထိုး၊ တူမီး၊ လက်လုပ်သေနတ်တွေနဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးအင်အားစုတွေဟာ မောင်းပြန်ရိုင်ဖယ်တွေနဲ့အတူ စစ်ကောင်စီထံက ရရှိတဲ့ လက်နက်တွေနဲ့ ပြန်လည်တိုက်ပွဲဝင်နေတယ်လို့ CDM ဗိုလ်မှူး ထင်လင်းအောင်က Breaking Brainwashed အစီအစဉ်မှာ ထည့်သွင်းပြောကြားခဲ့တာပါ။ လက်နက်ပြည့်စုံမှုဟာ တပ်ဖွဲ့တိုင်းမှာ မဟုတ်ပေမယ့် အများစုမှာတော့ ပြည့်စုံလုံလောက်မှု အတိုင်းအတာတစ်ခုအထိ ရှိလာတယ်လို့ CDM ဗိုလ်ကြီး ထက်မြက်က ဆိုပါတယ်။ ကာလရှည်ဆင်နွှဲရမယ့် တော်လှန်ရေးဖြစ်တာကြောင့် စစ်လက်နက်ခဲယမ်း…

  • တာမွေ မြို့ဦးဘုန်းကြီးကျောင်းတွင် ဗုံးပေါက်၊ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

    တာမွေ မြို့ဦးဘုန်းကြီးကျောင်းတွင် ဗုံးပေါက်၊ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူ

    by

    in

    ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက် သံသုမာလမ်း၊ မြန်မာ့ဂုဏ်ရောင် အိမ်ရာဝန်းရှိ မြို့ဦးပရိပတ္တိစာသင်တိုက်အတွင်းမှာ နိုဝင်ဘာ ၁၈ ရက် ဒီနေ့မနက် ၉ နာရီက ဗုံးပေါက်ခဲ့တာကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီနေ့မနက် ၉ နာရီက ကျောင်းထိုင်ဆရာတော် သီတင်းသုံးနေထိုင်တဲ့ အခန်းဘေးမှာ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုဖြစ်စဥ်ကြောင့် အခင်းဖြစ်နေရာမှာပဲ ပျံလွန်တော်မူသွားတယ်လို့ ဒကာတဦးက ပြောပါတယ်။ “ဆရာတော် သီတင်းသုံးနေထိုင်တဲ့ အခန်းဘေးက ဗုံးပေါက်တာ၊ အဲ့နေရာမှာပဲ ဆရာတော် ပျံလွန်တော်မူသွားတာ။ စစ်တပ်ရော၊ ရဲရော လာပြီးစစ်ဆေးနေတယ်” လို့ ပြောပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကျောင်းတိုက်အတွင်းမှာရှိတဲ့ ဆရာတော်၊ သံဃာတော်တွေကို စစ်တပ်နဲ့ ရဲတွေက စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။…

  • အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက်

    အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက်

    by

    in

    အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက် ဧရာ၀တီတိုင်းမ် နိုဝင်ဘာ ၁၈ ရက် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ရက်နေ့ကတည်းက ထပခ ၉၂၆ကို သိမ်းယူခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ် သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်‌ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက…

  • မုန်တိုင်းများကြောင့် ဖျက်မိုးသတိ

    မုန်တိုင်းများကြောင့် ဖျက်မိုးသတိ

    by

    in

    မုန်တိုင်းများကြောင့် ဖျက်မိုးသတိ အိမ်သွင်/People’s Spring ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင် လယ်ဘက်၌ မုန်တိုင်းဆက်ရှိနေပြီး မြန်မာနိုင်ငံဘက်တွင် ဖျက်မိုးသတိပြုရန်လိုအပ်နေသေးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကယနေ့ သတင်းထုတ်ပြန်သည်။ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှအစပြုသော လေပွေလှိုင်းတစ်ခုသည် နိုဝင်ဘာလ ၂၁ ရက်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး နိုဝင်ဘာလ ၂၄ရက် နှင့်၂၅ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု ခန့်မှန်းထားသည်။ အဆိုပါမုန်တိုင်းသည် သီရိလင်္ကာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသည်။ ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းဗီယက် နမ်ကမ်းခြေသို့ဦးတည်လာသော“မုန်တိုင်းမန်ရီ” (MAN-YI)သည် နိုဝင်ဘာလ (၂၁)ရက်တွင် အင် အားလျော့ကျသွားနိုင်သည်ဟု လည်းအသိ​ပေးထားသည်။ ယခုလက်တ​လောတွင် MAN-YI, USAGI, SARA, BHEKIအမည်ရှိသောမုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သောလေပွေလှိုင်းများသည် အာရှတိုက်ကုန်းမြေဘက်သို့…

  • “ဘပု နိုင်ငံခြားတပ်တွေပါခေါ်လာပြီဟေ့တော်လှရေးအတွက်တော့ အရင်းနှီးများပြီ”
  • အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ

    အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ

    by

    in

    အမရပူရမြို့နယ်ထဲက Denko ဆီဆိုင် ဓားပြတိုက်ခံရ ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊အမရပူရမြို့နယ်ရှိ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို နိုဝင်ဘာလ ၁၇ ရက် က အမျိုးသားတစ်ဦး သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ထံကနေ သိရပါတယ်။ ထုံးဘို-ပြင်ဦးလွင် လမ်းဘေး နတ်ရေကန် ကျေးရွာအုပ်စု ၊မုတ်ပုလဲကျေးရွာမှာဖွင့်လှစ်ထားတဲ့ Denko စက်သုံးဆီအရောင်းဆိုင်ထဲကို မနေ့ နိုဝင်ဘာလ ၁၇ရက် နေ့ခင်း ၂နာရီခန့်က အမျိုးသားတစ်ဦးဟာ သေနတ်ကိုင်ဆောင်ပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။ အဲဒီအမျိုးသားဟာ ဆိုင်ကယ်နဲ့ရောက် လာပြီး သေနတ်အရှည်နဲ့ ၅ ချက်ခန့် ပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်။ ” နေ့ခင်းအချိန်ကြီး ဆီထည့်နေတဲ့သူတွေလည်းရှိတယ်၊ သေနတ်သံတော်တော်ကျယ်တယ်”လို့ ဆီဆိုင်အနီးနေသူတစ်ဦးကပြောပါတယ်။ အဲဒီနောက် ကောင်တာအတွင်းက စက်သုံးဆီရောင်းရငွေကျပ် ၁၂သိန်းကျော်ကို ယူဆောင်ပြီး…

  • မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည်

    မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည်

    by

    in

    မုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ရွာမည် ~~~ ■ ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း မန်ရီရဲ့ အရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေမှာ နေရာကွက်ကြား မိုးရွာနိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေသ၀နဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက နိုဝင်ဘာလ ၁၈ ရက်နေ့ မနက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံ တောင်ပိုင်း မွန်၊ ကရင်၊ တနင်္သာရီ၊ ရန်ကုန်နဲ့ ပဲခူးတိုင်းတို့ အပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယားပြည်နယ်တို့မှာ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် နေရာကွက်ကြားမိုးရွာနိုင်ပြီး ရွာရန်ရာနှုန်း ၈၀ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တနင်္သာရီတိုင်းအတွင်း မိုးတိမ်တောင်တွေလည်း ဖြစ်ထွန်းနေတာကြောင့် မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ မိုးရွာတာအပြင် လေပြင်းတိုက်တာ၊ မိုးကြိုးပစ်တာနဲ့ မိုးသီးကြွေတာတွေ ဖြစ်နိုင်တယ်လို့ မိုး/ဇလက…