မန္တလေးမြို့နှင့် ၁၀ မိုင်ကျော်အကွာ ပုသိမ်ကြီးမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ၊ ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ မိုင်တွင်လည်း အပြန် အလှန်ပစ်ခတ်မှုဖြစ်
ရန်ကုန်၊ ဇူလိုင် ၂၀
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မြကံဿာကျေးရွာနှင့် သရက်ကိုင်းကျေးရွာတို့ရှိ စစ်တပ်စခန်းတို့ ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF တပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စခန်းတစ်ခုသိမ်း ဆည်းရရှိပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၅ နာရီခန့်အချိန် ပုသိမ်ကြီးမြို့နယ်၊ မြကံသာကျေးရွာနှင့် သရက်ကိုင်း ကျေးရွာတို့ရှိ စစ်တပ်အထိုင်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ ရာ သရက်ကိုင်းကျေးရွာအထိုင်စခန်းကို သိမ်း ပိုက် ရရှိပြီး မြကံသာကျေးရွာအထိုင်စခန်း၌လည်း တိုက်ပွဲဆက်လက်ပြင်းနေဆဲဖြစ်ကြောင်း သိရသည်။
“သရက်ကိုင်းရွာ အထိုင်တပ်စခန်းကတော့ အကုန်သိမ်းပြီးပါပြီ။ စစ်တပ်က လူတွေ အတော် အကျ ဆုံးများတယ်၊ လူနာတွေတောင် မကောက်နိုင်ဘူး။ အခုထိလည်း မြကံသာကို အပြီးသတ် သိမ်းဖို့ တိုက်ပွဲ ပြင်းထန်နေဆဲပဲ” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ပုသိမ်ကြီးမြို့နယ် အခြေစိုက်တပ်ရင်းဖြစ်သည့် ထီး တော်မိုး တပ်က စစ်သားများကို ဆားခါတောင်ကျေးရွာနှင့် ဒဟတ္တောကျေးရွာတို့ဘက်သို့ ပို့ဆောင်ကာ လက်နက်ကြီး များတပ်ဆင်၍ ခံစစ်ဆင်ပြင်ထားကြောင်း သိရသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်တပ်က ခံစစ်ပြင်နေမှုကြောင့် ဒေသနေပြည်သူ အမြောက်အများ ထွက် ပြေးတိမ်းရှောင်နေရပြီး အချို့ပြည်သူများမှာ ကျေးရွာများအတွင်း ပိတ်မိနေသူများလည်းရှိကြောင်း သိ ရသည်။
အလား ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၃၁၈ တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၁ နာရီဝန်းကျင် ကားများ ယာယီ ပိတ်ဆို့သွားခဲ့ကြောင်း ခရီးသွားပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“မနက်ပိုင်း ကင်းစခန်းကို ဝင်ပစ်တာ။ အပြန်အလှန် ပစ်ခတ်မှုဖြစ်တယ်။ ၁ နာရီလောက်တော့ ကားလမ်းတွေ ပိတ်သွားတယ်။ အခု တော့ ပြန်ပွင့်နေပါပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၈ မိုင်တွင် တိုက်ပွဲဖြစ်သဖြင့် ကားများ ပိတ်ဆို့နေစဉ်။
