Author: admin

  • စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်းရပ်တည်သည့် တရုတ်အစိုးရဆန့်ကျင်ရေး ရန်ကုန်မြို့နေလူငယ်များစတင်ပြုလုပ်

    စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်းရပ်တည်သည့် တရုတ်အစိုးရဆန့်ကျင်ရေး ရန်ကုန်မြို့နေလူငယ်များစတင်ပြုလုပ်

    by

    in

    စစ်အုပ်စုဘက် ပြောင်ပြောင်တင်းတင်းရပ်တည်သည့် တရုတ်အစိုးရဆန့်ကျင်ရေး ရန်ကုန်မြို့နေလူငယ်များစတင်ပြုလုပ် အာရုဏ်ဦး/People’s Spring အာဏာသိမ်းစစ်အုပ်စုဘက် ပြောင်ပြောင် တင်းတင်းရပ်တည်နေသည့် တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်မှုကို ရန်ကုန်မြို့ရှိ လူငယ်အချို့က ယနေ့(အောက်တိုဘာ ၁၉) စတင်ပြုလုပ်ခဲ့ကြသည်။ “ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေးမူကြီး၅ချက် ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ပြီး မြန်မာပြည်သူလူထုအပေါ် မတရားသဖြင့် ဗိုလ်ကျစိုးမိုး အကြမ်းဖက်ယုတ်မာနေသည့် အာဏာသိမ်းစစ်အုပ်စုဘက် ရပ်တည်သော တရုတ်အစိုးရအား ဆန့်ကျင်ကန့်ကွက်ကြောင်း ရန်ကုန်မြို့ထဲပြည်သူများဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်”ဟု တရုတ်အစိုးရအား ဆန့်ကျင် ကန့်ကွက်သည့် လူငယ်များက ပြောသည်။ တရုတ်နိုင်ငံသည် နွေဦးတော်လှန်ရေးအစပိုင်းတွင် ကြားဝင်ဖျန်ဖြေပေးသလိုလို မြန်မာပြည်တည်ငြိမ်အေးချမ်းရေး လိုလားသလိုလို ဟန်ဆောင်နေခဲ့ရာမှ တကယ်တမ်းတွင်မြန်မာပြည်ကို တည်ငြိမ်အေးချမ်းစေလိုပါက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ဖိအားပေး၍ စစ်မတိုက်ရန်ပြောရမည်မဟုတ်ကြောင်းလည်း ထောက်ပြသည်။ “အကြမ်းဖက်စစ်အုပ်စုကို ပြည်သူတွေခေါင်းတည့်တည့်သေနတ်နဲ့မပစ်အောင်၊ ပေါင်၅၀၀, ၁၀၀၀ ဗုံးတွေနဲ့ စာသင်ကျောင်းတွေ၊ ဘုန်း ကြီးကျောင်းတွေ၊ ပြည်သူ့နေအိမ်တွေအပေါ်ဗုံးမကြဲအောင်၊ မြို့တွေ၊ရွာတွေကိုမီးမရှို့အောင်ပြောရမှာ”ဟု…

  • မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်း ကျရောက်နိုင်

    မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်း ကျရောက်နိုင်

    by

    in

    မုန်တိုင်းကြောင့် ကမ်းရိုးတန်းဒေသ တိုင်းနှင့်ပြည်နယ်များတွင် မိုးသက်လေပြင်း ကျရောက်နိုင် YT မဇ္ဈိမ။ ။ထိုင်းပင်လယ်ကွေ့တွင်ဖြစ်ပေါ်နေသည့် လေပွေလှိုင်းကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုန် တိုင်းဖြစ်ပေါ်နိုင်ပြီး မြန်မာနိုင်ငံအလယ်ပိုင်းနှင့်တောင်ပိုင်းရှိ တိုင်းနှင့်ပြည်နယ်များတွင် သက်ရောက်မှုရှိ နိုင်ကြောင်း မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေးထား သည်။ ယနေ့(အောက်တိုဘာလ ၁၉ ရက်) နံနက် ၈ နာရီခွဲအချိန်ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၂၂ ရက် နေ့ ညနေပိုင်းမှစတင်၍ ဘင်္ဂလားပင်လယ်အော်တွင် ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀ ရာခိုင်နှုန်းရှိ နေကြောင်း ဆိုသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မြိတ်မြို့၏ အနောက် ဘက် ၃၂၆ မိုင်၊ ပုသိမ်မြို့၏ တောင်ဘက် ၂၆၆ မိုင်ခန့်အကွာတွင် လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်…

  • လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက သောင်းသောင်းဖျဖျကြို ဆို (ရုပ်/သံ)

    လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက သောင်းသောင်းဖျဖျကြို ဆို (ရုပ်/သံ)

    by

    in

    လေးကေ့ကော်အနီးရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက သောင်းသောင်းဖျဖျကြို ဆို (ရုပ်/သံ) ရန်ကုန်၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ် တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို သိမ်းပိုက်မှုအတွက် KNLA ၊ PDF ပူးပေါင်းတပ်များကို ကရင်ပြည်သူလူထုက ယနေ့ သောင်းသောင်းဖျဖျကြိုဆိုကြသည်။ အောက်တိုဘာလ ၁၇ ရက်နေ့တွင် လေးကေ့ကော်မြို့အနီးရှိ အကြမ်းဖက်စစ်ကောင်စီ၏ စွယ် တော်ကုန်း ဗျူဟာအမြောက်တပ်စခန်းကို KNLA ဦးဆောင်သော တပ်များက တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းစစ်စခန်းသည် ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ် သတ် ဖြတ်ခဲ့သော မဟာဗျူဟာမြောက်စစ်စခန်းကြီးတစ်ခုလည်းဖြစ်သည်။ အောင်ပွဲရ ရဲဘော်များကို မြ၀တီမြို့နယ်၊ မေတ္တာလင်းမြိုင်၊…

  • ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

    ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း

    by

    in

    ပြင်ဦးလွင် – လားရှိုးလမ်းပိုင်း၌တိုက်ပွဲဖြစ်နေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များလှည့်ပြန်ခိုင်း အင်ကြင်း/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ မန္တလေး – လားရှိုးလမ်းပိုင်း၌ တိုက်ပွဲဖြစ်ပွားနေ၍ လမ်းပိတ်ပြီး မော်တော်ယာဥ်များအား လှည့်ပြန်ခိုင်းနေကြောင်း သတင်းရရှိသည်။ ယနေ့(အောက်တိုဘာ ၁၉ရက်) နံနက်ပိုင်းက မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။ ” ဒီနေ့မနက်ခင်း နောင်ချို အုမ္မသီးလမ်းခွဲမှာ ထိတွေ့မှုဖြစ်လို့ မန္တလေးမှကျောက်မဲ သီပေါ လားရှိုးအတက်ကားတွေ ပြန်လှည့်ရတယ်။”ဟု ယာဥ်မောင်းတစ်ဦးက ပြောသည်။ လူနာတင်ယာဥ်များ၊ ဘုန်းကြီးကားများပါ လှည့်ပြန်နေရပြီး ပြင်ဦးလွင် – မန္တလေးယာဥ်များကိုမူ ပြင်ဦးလွင်မြို့အထိ သွားလာခွင့်ပြုထားကြောင်း နယ်ခံအချို့က ဆိုသည်။ ” နောင်ချို…

  • ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး

    ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး

    by

    in

    ပန်ဝါမြို့ကို KIA က သိမ်းပိုက်ပြီးနောက် ညတွင်းချင်း တရုတ်က KIA နယ်မြေနှင့်ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ရုတ်တရက် ပိတ်ချ၊ တိုက်ပွဲနှင့် ထိုးစစ်များ ရပ်ရန် KIA ကို တရုတ် ဖိအားပေး ရန်ကုန်၊ အောက်တိုဘာ ၁၉ ကချင်ပြည်နယ်၊ ပန်ဝါမြို့ကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ညတွင်းချင်းပင် တရုတ်က KIA ထိန်းချုပ်နယ်မြေများနှင့် ဆက်စပ်နေသော နယ်စပ်ဂိတ်များကို ပိတ်ချလိုက်ကြောင်း KIA သတင်းရင်းမြစ်နှင့် ကချင်ဒေသသတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၈ ရက်နေ့ ည ၁၂ နာရီအချိန် ကချင်ပြည်နယ်၊ KIA ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၊ လိုင်ဇာနယ်မြေများနှင့် ထိစပ်လျက်ရှိသော နဘန်-လိုင်ဇာ ဂိတ်၊၊ ဆီမား-လိုင်စင် ဂိတ်၊ ခရှန်…

  • “အဆိုတော် ယုန်လေး ဒီတစ်ခါတော့ ဇတ်သိမ်းပြီဟေ့ ဗီဒီယိုသက်သေနဲ့ကို တက်လာတာ😱”

    “အဆိုတော် ယုန်လေး ဒီတစ်ခါတော့ ဇတ်သိမ်းပြီဟေ့ ဗီဒီယိုသက်သေနဲ့ကို တက်လာတာ😱”

    by

    in

    “အဆိုတော် ယုန်လေး ဒီတစ်ခါတော့ ဇတ်သိမ်းပြီဟေ့ ဗီဒီယိုသက်သေနဲ့ကို တက်လာတာ😱” .

  • စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော

    စစ်ကောင်စီ ရှေ့နေချုပ်အပါအဝင် တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေဟု မြန်မာသံအမတ်ကြီးပြော ထားအိ/People’s Spring ပြည်ထောင်စုရှေ့နေချုပ်ဆိုသူ အပါအဝင် အကြမ်းဖက်စစ်တပ်၏ တရားစီရင်ရေးနှင့် ဥပဒေကဏ္ဍကို ဦးဆောင်နေသူများကိုယ်တိုင် စစ်တပ်၏ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်နေကြကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။ လတ်တလော လေ့လာတွေ့ရှိရသော အချက်အလက်များသည် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်ထားသော ပြင်းထန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားစီရင်ရေးဆိုင်ရာ ကဏ္ဍတွင် အလွဲသုံးစားပြုမှုများ၏ စိုးရိမ်ဖွယ်ရာ အတိုင်းအတာကို မီးမောင်းထိုးပြနေသည်ဟု သံအမတ်ကြီးဦးကျော်မိုးထွန်းက အောက်တိုဘာ ၁၆ရက်တွင်ကျင်းပသော(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ အစည်းအဝေး၌ ပြောသည်။ အဆိုပါအစည်းအဝေး အစီအစဉ်အမှတ် ၈၅ – ” ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အခြေခံမူ၏ နယ်ပယ်နှင့်…

  • မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး  ၁ ဦး အပြင်းအထန်ဒဏ်ရာရ

    မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ

    by

    in

    မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရ ရန်ကုန်၊ အောက်တိုဘာ ၁၉ ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချင်းချင်း စကားများရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပွားပြီး ရာအိမ်မှူး ၁ ဦးသေဆုံးပြီး အခြားရာအိမ်မှူး ၁ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် မြ၀တီမြို့၊ အမှတ် ၅ ရပ်ကွက်ရုံးတွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များအကြား အချင်းချင်း စကားများ ရန်ဖြစ်ကြကြောင်း၊ မြ၀တီမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကို ပြည်သူ့စစ်(ခေါ်) ပျူစောထီးများအဖြစ် သတ်မှတ်ပြီး…

  • Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို

    Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို

    by

    in

    Breaking News- မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး ပစ်ခတ်ခံရ၊ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပြည်သူ့စစ်နှင့်ပျူစောထီးများ လိုက်ပါသော စစ်ကားတစ်စီး အတင်းမောင်းပြေးသွားဟု မျက်မြင်တချို့ပြောဆို ရန်ကုန်၊ အောက်တိုဘာ ၁၉ မန္တလေးရှိ တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးကို ယမန်နေ့ ညနေပိုင်း ပစ်ခတ်ခံရကြောင်း မန္တလေးရှိ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း၊ သိပ္ပံလမ်းနှင့် ငုရွှေဝါလမ်းအကြား ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအတွင်းသို့ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပေါက်ကွဲသံလည်း ကျယ်လောင်စွာ ထွက်ပေါ်ခဲ့ကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ပြည်သူ့ စစ်နှင့်ပျူစောထီးများ လိုက်ပါသော Double Cab စစ်ကားတစ်စီးမှာလည်း အတင်းမောင်းပြေးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။…

  • တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ  ▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက်

    တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက်

    by

    in

    တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကို KIA သိမ်းပိုက် ▪️လက်နက်များစွန့် ထွက်ပြေးသည့် စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်များစွာရှိ ▪️KIA ဦး​ဆောင်​သော ပူး​ပေါင်းတပ်ဖွဲ့ဝင်များ ပန်ဝါမြို့အတွင်းဝင်​ရောက် ဟန်နွေ/People’s Spring တရုတ် – မြန်မာနယ်စပ် ပန်ဝါမြို့ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ယမန်နေ့(​အောက်တိုဘာ ၁၈) ညတွင် သိမ်းပိုက်နိုင်ပြီဖြစ်ပြီး လက်ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ရှင်းလင်းရေးလုပ်ဆောင်လျက်ရှိသည်ဟု စစ်ရေး သတင်းရင်းမြစ်တို့က ပြောသည်။ စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက ကချင်အထူးဒေသ(၁)နယ်မြေရှိ ချီဖွေနှင့် ဆော့လော်မြို့ကို သိမ်းပိုက်ထားပြီးဖြစ်သည့် KIA ပူးပေါင်းတပ်သည် ပန်ဝါမြို့ကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိရာ ပန်ဝါအနီးရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်း၊ နယ်ခြားစောင့်စခန်းများကို တစ်ခုပြီးတစ်ခု သိမ်းပိုက်ပြီးအောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကို ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ “စခ စခန်းကုန်ပြီ မရှိတော့ဘူး။…