Author: admin

  • ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး

    ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး

    by

    in

    ခင်ဦးမြို့နယ် မဒေါင်းလှပျူစောထီးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ထွက်ပြေး ဇေအောင်/People’s Sprin စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ပျူစောထီးအင်အားကောင်းရာ မဒေါင်းလှကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သတင်းရရှိသည်။ ခင်ဦးမြို့နယ်ရှိ မဒေါင်းလှပျူစောထီးကျေးရွာ၌ ၃နှစ်ကျော်တပ်စွဲထားသော စစ်ကောင်စီတပ်သားများနှင့်ပျူစောထီးများသည် သြဂုတ်လကုန်ပိုင်းက တိုက်ပွဲပြင်းထန်ကာ ထိခိုက်မှုများပြီးနောက် စက်တင်ဘာ ၁၇ရက် ညနေပိုင်းက စစ်ကောင်စီ​၏ ဇီးကုန်းသကြားစက်သို့ ဆုတ်ခွာထွက်ခွာပြေးသွားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ ” ပျူတွေအားလုံး ဒဏ်ရာရတဲ့သူတွေကော သက်ရှိထင်ရှားရှိတဲ့ကောင်တွေအကုန်လုံးကို ကန့်ဘလူဘက်ကို ခေါ်သွားပြီ”ဟု ဒေသကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။ ပြန်လည်ဆုတ်ခွာသွားသည့် စစ်ကြောင်းတစ်ကြောင်းမှာလည်း ကန့်ဘလူမြို့နယ်ဘက်ရှိ ကာကွယ်ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အထိအခိုက်ရှိကြောင်း ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။ ယမန်နေ့ (စက်တင်ဘာ ၁၈ရက်)တွင် အဆိုပါ ပျူစောထီးကျေးရွာအား ကာကွယ်ရေးတပ်များ ရှင်းလင်းရေးဝင်ရောက်ရာ ဒေသခံပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊သိုးအုပ်များနှင့်…

  • “ဆန်တစ်အိတ်သယ်ခ ၇၀၀၀၀တောင်းတဲ့ မိုက်ရိုင်းလွန်းတဲ့ ရွာသားတွေအကြောင်း ရန်ကုန်က ပရဟိတညီအစ်ကိုတွေ ဒဲ့ရှင်းပြီ”

    “ဆန်တစ်အိတ်သယ်ခ ၇၀၀၀၀တောင်းတဲ့ မိုက်ရိုင်းလွန်းတဲ့ ရွာသားတွေအကြောင်း ရန်ကုန်က ပရဟိတညီအစ်ကိုတွေ ဒဲ့ရှင်းပြီ”

    by

    in

    “ဆန်တစ်အိတ်သယ်ခ ၇၀၀၀၀တောင်းတဲ့ မိုက်ရိုင်းလွန်းတဲ့ ရွာသားတွေအကြောင်း ရန်ကုန်က ပရဟိတညီအစ်ကိုတွေ ဒဲ့ရှင်းပြီ”

  • စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

    by

    in

    စစ်ကောင်စီ၏ တံတားဦးလေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ တံတားဦးမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။ စက်တင်ဘာ ၁၇ရက် ည ၁၀နာရီကျော်တါင် တံတားဦးလေတပ်စခန်းအတွင်း လက်နက်ကြီးကျရောက်ကာ ပြင်းထန်စွာပေါက်ကွဲခဲ့ကြောင်း မန္တလေးတော်လှန်ရေးဖြစ်စဥ်များ အသိပေးနေသည့် MDY Revolution က ဖော်ပြသည်။ လက်နက်ကြီး တစ်လုံးမှာ လေတပ်စခန်း သိုလှောင်ရုံအတွင်း ကျရောက်ပေါက်ကွဲကာ ကျန်တစ်လုံးမှာ လယ်ကွင်းအတွင်း ကျရောက်ခဲ့ကြောင်း၊ လူထိခိုက်မှုမရှိခဲ့ကြောင်း MDY Revolutionက ဆိုသည်။ “ကြားလိုက်တယ်။ ညလည်း ညဖြစ်နေတော့ ဘာမှတော့မသိရဘူး။ ကြားရသလောက်ကတော့ ထိခိုက်တာတွေ မကြားဘူး။”ဟု တံတားဦးဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်မှုဖြစ်စဥ်အား မည်သည့်အဖွဲ့များက လုပ်ဆောင်သည်ကို သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ တံတားဦးလေတပ်စခန်းသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်း၊ မကွေး၊…

  • ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့

    ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့

    by

    in

    ရန်ကုန်မှာ အိမ်ငှားခတွေ ဆက်လက်မြင့်တက်နေတာကြောင့် ငှားရမ်းနေထိုင်သူတွေ အခက်တွေ့ KG(VOM) စက်တင်ဘာ ၁၉ – ၂၀၂၄. ရန်ကုန်မြို့မှာအိမ်ငှားခစျေးနှုန်းတွေ ဆက်လက်မြင့်တက်လာတာကြောင့် လခနည်း၀န်ထမ်းတွေနဲ့ အခြေခံပြည်သူတွေအပါအဝင် အိမ်ငှားရမ်းနေထိုင်ရသူများအခက်တွေ့ ကြုံနေရတယ်လို့ ရန်ကုန်အိမ်အငှားစျေးကွက်အတွင်းကနေသိရပါတယ်။ ရန်ကုန်မြို့ရဲ့ အိမ်ငှားရမ်းခစျေးနှုန်းတွေဟာဆင်ခြေဖုံးရပ်ကွက်တွေမှာ အခုလပိုင်းအတွင်း ကျပ်နှစ်သောင်းကနေကျပ်ငါးသောင်းနီးပါးထိမြင့်တက်လာခဲ့တာဖြစ်ပြီး လူစည်ကားတဲ့မြို့နယ်အတွင်း ရပ်ကွက်တွေမှာဆိုရင်တော့ အိမ်ငှားရမ်းခက ကျပ်သိန်းဂဏန်းနီးပါးထိ စျေးနှုန်းတွေမြင့်တက်လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်ဟိုနေ့ကမေးကြည့်တာ တသိန်းနှစ်သောင်းတန်အငှားအခန်းကို အခုတသိန်းခွဲဖြစ်သွားတယ်။အိမ်ရှင်တွေကလည်း ကုန်စျေးနှုန်းနဲ့အကြောင်းအမျိုးမျိုးပြပြီး အိမ်ငှားခတွေကိုတိုးတောင်းနေကြတယ်။ ကျွန်တော်တို့မြို့နယ်ဘက်မှာစပေါ်သိန်း ၁၀၀ တောင်းတဲ့အခန်းတောင် အိမ်ငှားခက တလကို တသိန်းနှစ်သောင်းလောက်တောင်းတဲ့သူတွေယူတဲ့သူတွေရှိပါတယ်”လို့ ရန်ကုန်မြို့တွင် အိမ်ငှားရမ်းနေထိုင်သူတယောက်က ပြောပါတယ်။ တချို့ မြို့နယ်တွေမှာတော့ အိမ်ရှင်နဲ့ အိမ်ငှားပူးပေါင်းပြီးတော့ မလိမ့်တပတ်လုပ်ဆောင်မှုတွေ လူလည်ကျမှုတွေ ကိုလည်း အိမ်ငှားအများစုကြုံတွေ့ခံစားနေရပြီး အိမ်ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲအချို့ကိုရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။ “ကျွန်မတို့ဆိုအိမ်ငှားတာ ၆ လစာချုပ်နဲ့ချုပ်ထားတယ်၊အိမ်ငှားထားတယ်၊…

  • “Soulikမုန်တိုင်းတဲ့ဟေ့မိုးမင်းသမီးလေးစုစုစံပြည်နဲ့နဲ့တိုင်း ၆ခုကို သတိပေးလိုက်ပြီ”

    “Soulikမုန်တိုင်းတဲ့ဟေ့မိုးမင်းသမီးလေးစုစုစံပြည်နဲ့နဲ့တိုင်း ၆ခုကို သတိပေးလိုက်ပြီ”

    by

    in

    “Soulikမုန်တိုင်းတဲ့ဟေ့မိုးမင်းသမီးလေးစုစုစံပြည်နဲ့နဲ့တိုင်း ၆ခုကို သတိပေးလိုက်ပြီ”

  • ရွှေကူမှ ဗန်းမော်သို့လာသော စစ်သင်္ဘော ၇ စီးအနက်မှ ၂ စီး လက်နက် ကြီးထိမှန် နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီး၊ စစ်သင်္ဘော ၁ စီးသာ ဗန်းမော်သို့ ရောက်ရှိ

    ရွှေကူမှ ဗန်းမော်သို့လာသော စစ်သင်္ဘော ၇ စီးအနက်မှ ၂ စီး လက်နက် ကြီးထိမှန် နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီး၊ စစ်သင်္ဘော ၁ စီးသာ ဗန်းမော်သို့ ရောက်ရှိ

    by

    in

    ရွှေကူမှ ဗန်းမော်သို့လာသော စစ်သင်္ဘော ၇ စီးအနက်မှ ၂ စီး လက်နက် ကြီးထိမှန် နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီး၊ စစ်သင်္ဘော ၁ စီးသာ ဗန်းမော်သို့ ရောက်ရှိ ရန်ကုန်၊ စက်တင်ဘာ ၁၉ ကချင်ပြည်နယ်၊ ရွှေကူမြို့မှ ဗန်းမော်သို့ ဆန်တက်လာသော စစ်ကောင်စီသင်္ဘော ၇ စီးကို KIA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ သင်္ဘော ၂ စီးမှာ နစ်မြုပ်ပြီး ၄ စီးမှာ မီးလောင်ပျက်စီးသွားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်း ရွှေကူမှ ဗန်းမော်သို့ လာသော စစ်သင်္ဘော ၇ စီးကို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော…

  • ပြင်ဦးလွင် တိုက်ခိုက်ခံရပါက စစ်တပ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်ကို  ရွှေ့ပြောင်းနိုင်ရန် စီမံထား

    ပြင်ဦးလွင် တိုက်ခိုက်ခံရပါက စစ်တပ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်ကို ရွှေ့ပြောင်းနိုင်ရန် စီမံထား

    by

    in

    ပြင်ဦးလွင် တိုက်ခိုက်ခံရပါက စစ်တပ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ်ကို ရွှေ့ပြောင်းနိုင်ရန် စီမံထား ရန်ကုန်၊ စက်တင်ဘာ ၁၉ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္က သိုလ် တည်ရှိရာ ပြင်ဦးလွင်တွင် တိုက်ခိုက်မှုများဖြစ်ပေါ်လာပါက ရွှေ့ ပြောင်းနိုင်ရန် စီမံထားကြောင်း ပြင်ဦးလွင် အခြေစိုက် တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ပြင်ဦးလွင်နှင့်အနီးစပ်ဆုံး နောင်ချိုမြို့နယ်ကို TNLA က သိမ်းပိုက်ပြီးနောက် ပြင်ဦးလွင်ကို ဆက်လက်၍ တိုက်ခိုက်မှုများ ရှိလာပါက စစ်တက္ကသိုလ်နှင့် စစ်နည်းပညာတက္ကသိုလ် ၂ ခုကိုလည်း အရေးပေါ် ပြောင်းရွှေ့နိုင်ရေးအတွက် စီမံထားရှိကြောင်း၊ သို့ရာတွင် မည်သည့်နေရာသို့ ပြောင်းရွှေ့မည်ကို မသိရှိရသော်လည်း အထက်က အမိန့်ပေးလာမည့် နေရာကို ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားကြောင်း၊ လက်ရှိတွင် တက္ကသိုလ် ၂ ခုစလုံးတွင် လုံခြုံရေး အထူးတင်း…

  • NUGနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်ရန် မရှိသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်ထားမည်ဟု MNDAA က ကြေညာ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအပေါ် တရုတ်၏ ဖိအား အလွန်ကြီးမားနေဟုဆို

    NUGနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်ရန် မရှိသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်ထားမည်ဟု MNDAA က ကြေညာ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအပေါ် တရုတ်၏ ဖိအား အလွန်ကြီးမားနေဟုဆို

    by

    in

    NUGနှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်း ပြုလုပ်ရန် မရှိသော်လည်း မိမိကိုယ်ကိုခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်ထားမည်ဟု MNDAA က ကြေညာ၊ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များအပေါ် တရုတ်၏ ဖိအား အလွန်ကြီးမားနေဟုဆို ရန်ကုန်၊ စက်တင်ဘာ ၁၉ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းခြင်း၊ မန္တလေးနှင့်တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ ပြုလုပ်ရန် မရှိသော်လည်း MNDAA အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ခွင့် ဆက်လက်စွဲကိုင်သွားမည်ဖြစ်ကြောင်း MNDAA က တရားဝင် ထုတ်ပြန်ကြေညာသည်။ MNDAA ၏ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟူသော နိုင်ငံရေးရပ်တည်ချက်ကို လုံး၀ ပြောင်းလဲမည်မဟုတ်ကြောင်း၊ နိုင်ငံတော်မှ ခွဲထွက်ခြင်း၊ နိုင်ငံတော်အာဏာကို လုယူခြင်း၊ လွတ်လပ်ရေးရယူပြီး နိုင်ငံတော်အသစ် ထူထောင်ခြင်းများကို လုံး၀ ပြုလုပ်မည်မဟုတ်ကြောင်း၊…

  • သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

    သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး

    by

    in

    သံဖြူဇရပ်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ၄ ကြိမ်တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး ရန်ကုန်၊ စက်တင်ဘာ ၁၉ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာနှင့် ရဲတံခွန်ရွကြားတွင် အကြမ်းဖက်စစ် ကောင်စီ တပ် စစ် ကြောင်းကို ၃ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်တွင် သံဖြူဇရပ်မြို့နယ်၊ အတွင်းစခန်းကြီးရွာ ဘက်သို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တောင်ညိုစစ်ကြောင်းက ပထမအကြိမ်ပြောက်ကျားပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယင်းနေ့ ညနေ ၃ နာရီ…

  • ပုသိမ်တွင် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီးက ဓါးနှင့်ထိုး၍ ဒုရဲမှူးတစ်ဦးသေဆုံး၍ အရာရှိအချို့ထိခိုက်ဒဏ်ရာရ

    ပုသိမ်တွင် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီးက ဓါးနှင့်ထိုး၍ ဒုရဲမှူးတစ်ဦးသေဆုံး၍ အရာရှိအချို့ထိခိုက်ဒဏ်ရာရ

    by

    in

    ပုသိမ်သတင်းရဲတပ်ဖွဲ့ထံလာစစ်​ဆေး​သော​နေပြည်​တော်မှ ရဲမှူး ၂ ဦးကို အစစ်ခံရ​သောရဲကဓါးဖြင့်ထိုး ၁ ဦး​သေ၊၁ဦးဒဏ်ရာရ ရဲခေါင်/People’s Spring . ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်း နှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေ ဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။ စက်တင်ဘာ ၁၇ ရက်ညက ဖြစ်ပွားခဲ့သည့်အ ထက်ပါ ဖြစ်စဥ်တွင် ပုသိမ်သတင်းရဲတပ်ဖွဲ့ ၁၅ မှတပ်​ကြပ်ကြီး မင်းမင်း နှင့် တပ်သား ဇော်ကြီး တို့အားသတင်းပေါက်ကြားမှုဖြင့်​​နေပြည်​တော်မှလာသည့် အထူးစစ်​ဆေး​ရေးအဖွဲ့မှ ဒုရဲမှူးအောင်ကိုမင်း နှင့် ဒုရဲမှူးဇော်မင်းလတ်တို့ကလာ​ရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။ ထိုသို့လာ​ရောက်စစ်​ဆေးရင်း တပ်ကြပ်ကြီးမင်းမင်းက သတင်းရဲတပ်ဖွဲ့၏ ဒုရဲမှူးအဆင့်ရှိသူဇော်မင်းလတ်အားဓါးဖြင့်တိုက်ခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး၊ ဒုရဲမှူးအောင်ကိုမင်းအားနားထင်ကို ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ပုသိမ်မြို့ စစ်ကောင်စီနှင့်…