ပုသိမ်တွင် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီးက ဓါးနှင့်ထိုး၍ ဒုရဲမှူးတစ်ဦးသေဆုံး၍ အရာရှိအချို့ထိခိုက်ဒဏ်ရာရ

by

in

ပုသိမ်သတင်းရဲတပ်ဖွဲ့ထံလာစစ်​ဆေး​သော​နေပြည်​တော်မှ ရဲမှူး ၂ ဦးကို အစစ်ခံရ​သောရဲကဓါးဖြင့်ထိုး ၁ ဦး​သေ၊၁ဦးဒဏ်ရာရ
ရဲခေါင်/People’s Spring
.

ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်ရှိ စစ်ကောင်စီ သတင်းရဲတပ်ဖွဲ့ ကို သတင်းပေါက်ကြားမှု​နေပြည်​တော်မှ လာရောက်စစ်ဆေးသည့် ​အထူးစစ်​ဆေး​ရေးအဖွဲ့မှ ရဲမှူးအဆင့်ရှိသူ နှစ်ဦးအား ပုသိမ်မြို့နယ် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီး မင်းမင်း
နှင့် အဖွဲ့ကဓါးဖြင့်တိုက်ခိုက်၍ ဒုရဲမှူး တစ်ဦး​သေ
ဆုံးပြီး တစ်ဦးပြင်းထန်စွာဒဏ်ရာရခဲ့ကြောင်းသိရသည်။
စက်တင်ဘာ ၁၇ ရက်ညက ဖြစ်ပွားခဲ့သည့်အ
ထက်ပါ ဖြစ်စဥ်တွင် ပုသိမ်သတင်းရဲတပ်ဖွဲ့
၁၅ မှတပ်​ကြပ်ကြီး မင်းမင်း နှင့် တပ်သား ဇော်ကြီး တို့အားသတင်းပေါက်ကြားမှုဖြင့်​​နေပြည်​တော်မှလာသည့် အထူးစစ်​ဆေး​ရေးအဖွဲ့မှ
ဒုရဲမှူးအောင်ကိုမင်း နှင့် ဒုရဲမှူးဇော်မင်းလတ်တို့ကလာ​ရောက်စစ်ဆေးခဲ့သည်ဟုဆိုသည်။
ထိုသို့လာ​ရောက်စစ်​ဆေးရင်း တပ်ကြပ်ကြီးမင်းမင်းက သတင်းရဲတပ်ဖွဲ့၏ ဒုရဲမှူးအဆင့်ရှိသူဇော်မင်းလတ်အားဓါးဖြင့်တိုက်ခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး၊ ဒုရဲမှူးအောင်ကိုမင်းအားနားထင်ကို ဓါးဖြင့်ထိုးသတ်ခဲ့ကြောင်း ပုသိမ်မြို့ စစ်ကောင်စီနှင့် ဆက်စပ်သူက အသိပေးသည်။
“ပုသိမ်က ရဲတပ်ဖွဲ့တွေကို ရခိုင်ကိုလွှတ်မယ်ဆိုပြီး သတင်းပေါက်တာ နဲ့ ရခိုင်ထဲကိုစက်သုံးဆီ မှောင်
ခိုလမ်းကြောင်း ဖောက်လို့ ဆိုပြီးစစ်တာလို့သိရတယ်။အဲဒီနှစ်ခု ကြားတယ်။တပ်ကြပ်ကြီး မင်းမင်းနဲ့ တပ် ကြပ် ဇော်ကြီးတို့တော့ လွတ်သွားတယ်ပြောတယ်။အဲဒါကြောင့် ပုသိမ်မြို့မှာ အစစ်ဆေး တွေ ကြမ်းနေတယ်”ဟု အထက်ပါသတင်းရင်းမြစ်က People’s Spring သို့ပြောသည်။
လက်ရှိတွင် ပုသိမ် ရဲသတင်းတပ်ဖွဲ့(၁၅)သတင်းပေါက်ကြားမှုနှင့် အုပ်ချုပ်မှု့လျော့နည်းဖြစ်စဉ်ကိုစုံခုံဖွဲ့စစ်ဆေးရန် စစ်ကောင်စီ၏ ဒုရဲမှူးကြီးအောင်နေမျိုးကို ဆက်လက် တာဝန်ပေးလိုက်ကြောင်းလည်း စုံစမ်းသိရသည်။
အထူးစစ်ဆေးရေးအဖွဲ့မှ ဝင်ရောက်စစ်ဆေးစဉ် SB-ဇော်ကြီးမှ ထွက်ပြေးတိမ်းရှောင်သွားသော
ကြောင့် SB-မင်းမင်းကို ရုံးတွင်ထိန်းသိမ်းထားပြီး ဖမ်းဆီးစစ်ဆေး‌နေစဥ်စက်တင်ဘာ(၁၈)ရက်
မနက်အ​စော ၄ နာရီ တွင် SB-မင်းမင်းက ဓားဖြင့်ထိုး၍ဒုရဲမှူးအောင်ကိုမင်း သေဆုံးပြီး ကျန် (၁)ဦး သည် အူများထွက်ကျပြီး ပုသိမ်ဆေးရုံကြီးတွင် အရေးပေါ်‌ဆေးဝါးကုသမှုခံယူနေရသည်ဟု ကနဦးသိရပြီး အဖွဲ့တွင်ပါလာသည် နောက်
ထပ်(၂)ဦးပါ ဒဏ်ရာအနည်းငယ်ရသွားကြောင်း စစ်​ကောင်စီဝါဒဖြန့် သတင်းဌာနအချို့က​ဖော်ပြထားသည်။ ဓါးဖြင့်ထိုး၍ထွက်ပြေးသွား​သောမင်းမင်းကို ယခုအခါဖမ်းဆီးမိသွားကြောင်း စစ်​ကောင်စီဘက်ကဆိုသည်။အမှန်တကယ်မိခြင်းရှိ ၊မရှိကိုမူ People’s Springကသီးခြားအတည်မပြုနိုင်​သေး​ပေ။
အရက္ခတပ်​တော် (AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု​ကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု ဆုံးရှုံးနေရသည့် စစ်ကောင်စီက ဧရာဝတီတိုင်းရှိ ၎င်း၏ တပ်ရင်းများကို စစ်ကူအဖြစ်အများဆုံးပို့လျှက်ရှိသည်။
ထိုအနက် ပုသိမ်မြို့အခြေစိုက် အမှတ် ၂၇၁ ​ခြေလျင်တပ်ရင်း( ခလရ ၂၇၁) မှ စစ်ကောင်စီ အရာရှိ စစ်သည်များ အပါအဝင် အယောက် ၄၀ ကျော် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်။ထိုအပြင် ဖျာပုံမြို့အခြေစိုက် ခလရ ၉၈ မှ တပ်သား ၁၀ ဦး ထက်မနည်း ရခိုင်ပြည်နယ်စစ်
ဆင်ရေး၌ သေဆုံးအဆက်အသွယ်ပြတ်တောက်မှုများရှိကြောင်း DVB သတင်းဌာနကစက်တင်ဘာ
၁၇ ရက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်တိုက်ပွဲတွင် စစ်ကူပို့ခံရ​သောစစ်
သားများ ၊စစ်မှုမထမ်းမ​နေရဥပ​ဒေဖြင့်စု​ဆောင်းသင်တန်း​ပေးပြီး​​ရှေ့တန်း​စေလွှတ်ခံရ​သော စစ်
သားသစ်များ အများဆုံး​သေဆုံး​နေ​ကြောင်း AAကလည်းထုတ်ပြန်ထားသည်။
(ဒုရဲမှူး ၂ ဦးကို ဓါးဖြင့်ထိုးခဲ့​သောတပ်ကြပ်ကြီးမင်းမင်း)

ပုသိမ်တွင် သတင်းရဲတပ်ဖွဲ့ တပ်ကြပ်ကြီးက ဓါးနှင့်ထိုး၍ ဒုရဲမှူးတစ်ဦးသေဆုံး၍ အရာရှိအချို့ထိခိုက်ဒဏ်ရာရ
ဧရာဝတီတိုင်းမ်
စက်တင်ဘာ ၁၈ ရက်
ဧရာ၀တီတိုင်း ၊ ပုသိမ်မြို့ ၊ အမှတ်(၅)ရပ်ကွက်သစ္စာလမ်းတွင်ရှိသော သတင်းတပ်ဖွဲ့ရုံးတွင် စက်တင်ဘာလ ၁၈ရက်နေ့နံနက်ပိုင်းက သတင်းရဲတပ်ဖွဲ့တပ်ကြပ်ကြီးက ဓါးဖြင့်ထိုးသောကြောင့် ဒုရဲမှူး တစ်ဥဦးသေဆုံးသွားကြောင်းနှင့် အရာရှိအချို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရှိရသည်။
“ဖြစ်စဥ်ကမှန်တယ် တရားခံကိုလဲမိသွားပြီး ဖြစ်စဥ်ကိုတော့ပြောပြလို့မရဘူး။ အထက်ကလဲသတင်းကိုဖုံးထားဖို့ညွန်ကြားထားတယ်”ဟု မြို့နယ်ရဲတပ်ဖွဲ့ နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
တိုင်စာကိစ္စကြောင့် စစ်ဆေးခံနေရသောတပ်ကြပ်ကြီးမင်းမင်းသည် မနက်လေးနာရီဝန်းကျင်က ဓါးဖြင့်ထိုးသောကြောင့် ဒုရဲမှူး အောင်ကိုမင်းသေဆုံးပြီး၊ ဒုရဲမှူး ဇော်မင်းနှင့် ဒုရဲမှူးကြီးနေအောင်လင်းဆိုသူတို့ ဓါးဒဏ်ရာများရရှိခဲ့ကာ ပုသိမ်ဆေးရုံသို့ ပို့ခဲ့ရခြင်းဖြစ်သည်။
ဓါးနှင့်ထိုးခဲ့သော တပ်ကြပ်ကြီးမင်းမင်းသည် ပုသိမ်မြို့တွင် သတင်းတပ်ဖွဲ့ ၀င်အဖြစ် ၁၈နှစ်ကြာ တာ၀န်ထမ်းဆောင်ခဲ့သူဖြစ်ပြိီး လောင်းကစား၊ မူးယစ်ဆေး၊သစ်မှောင်ခိုများကို ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုသိမ်မြို့ရှိ တော်လှန်ရေးအင်အားစုများကိုဖမ်းဆီးခြင်းနှင့် အချို့မိသားစု၀င်များကို ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့သူဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားဟောင်းများထံမှသိရှိရသည်။
ပုံစာ- တပ်ကြပ်ကြီးမင်းမင်း