Author: admin
-
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွားသောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး
ခြေလျင်တပ်ရင်းမှူးသင်တန်းတက်ရန်သွားသောစစ်ဆရာဝန်ဗိုလ်မှုးတစ်ဦးကို ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီး “ယခုဖမ်းဆီးရမိတဲ့စစ်ကောင်စီဗိုလ်မှူးဟာ စစ်ကောင်စီ အရာရှိကြီးများ နဲ့ ဆွေမျိုးတွေကို ကျန်း မာရေးကြည့်ရှု့စောင့်ရှောက်မှုပေးနေတဲ့သူလည်း ဖြစ်တယ်။လက်ရှိဖြစ်စဉ်အရ စစ်ကောင်စီဟာ စစ်ဘက်ဆိုင်ရာဆရာဝန်တွေကိုလည်း ခြေလျင်သင် တန်းတက်ခိုင်းနေတယ်ဆိုတဲ့အချက်ကို ကနဦးစစ်ဆေးဖော်ထုတ်ချက်များမှာတွေ့မြင်ရတယ်” -ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူ သတိုး / People’s Spring သံတောင်ကြီးရှိ စစ်ကောင်စီ၏ တိုက်ခိုက်ရေးကျောင်း သို့သင်တန်းတက်ရောက်ရန်လာသည့် စစ်ကောင်စီအရာရှိ ဗိုလ်မှုးတစ်ဦးကို ဖရဲသီး၏ သတင်းပေးချက်အရ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းစစ်ဌာနမှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ ရန်ကုန်တိုင်းစစ်ဌာန၊ တပ်ရင်း ၅၁၀၂ က အောက်တိုဘာလ ၃၁ ရက်နေ့တွင်စစ်ကောင်စီ၏ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(သံ တောင်ကြီး)သို့ ခြေလျင်တပ်ရင်းမှူးသင်တန်း တက်ရောက်ရန်အတွက် ခရီးထွက်လာသော တဆရ – ၁၂/၁၀၀ (ထားဝယ်)မှ ပါရဂူသမားတော် ဗိုလ်မှူး ထိန်တောက်ဆိုသူကို…
-
အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင်
အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင် အိမ်သွင်/People’s Spring ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။ အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ” ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်”ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။ ထို့ကြောင့်…
-
NUG တပ်များပူးပေါင်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟုဆို
NUG တပ်များပူးပေါင်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟုဆို 2 Nov 2024 By Htet Soe Lin/ MPA NUG တပ်များဖြင့်ပူးပေါင်းကာ မန္တလေးမြို့သိမ်းပိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၂၂၂)တပ်ရင်းတာဝန်ခံ ကိုနွယ်နီကပြောသည်။ မန္တလေး PDF ကမန္တလေးမြို့ကိုသိမ်းခြင်းထက် မန္တလေးရှိတပ်များအပါအဝင် အားလုံးစုပေါင်းကာ မဟာဗျူဟာမြောက်သိမ်းပိုက်ခြင်းကို မျှော်လင့်ကြတာဖြစ်ပြီး MOD တပ်များတစ်စုတစ်စည်းတည်း ပူးပေါင်းသိမ်းပိုက်သည့်ပုံရိပ်ကို မျှော်လင့်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ Video Edited- Mm Editor – Ko Lin
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦး မိခင်အတွက် စိုးရိမ်နေ “မေမေလွတ်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောတယ်။”
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦး မိခင်အတွက် စိုးရိမ်နေ “မေမေလွတ်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောတယ်။” “မေမေက အခု အသက် ၇၉ နှစ်ပါ။ .. အသက်အရွယ်အရရော၊ ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အခြေအနေမျိုးမှာ ထောင်ထဲမှာပဲ မေမေ သေဆုံးသွားမှာကို ကျွန်တော် အထူးစိုးရိမ်နေမိတယ်။” “မေမေလွတ်တာနဲ့ ကျွန်တော် သွားတွေ့မှာပါ။ မေမေနဲ့အတူ နေချင်သေးတယ်။” နေပြည်တော်မှာ အကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းနဲ့ သားကြီး အလက်ဇန္ဒား အဲရစ် (ခ) ကိုမြင့်ဆန်းအောင်တို့ဟာ မိခင် အတွက် စိုးရိမ်နေကြောင်း ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတု JC မဇ္ဈိမ။…
-
ရခိုင်-မြန်မာ အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက စစ်ကြောရေးလုပ်ပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထားကာ သူမ၏လက်ကိုင်ဖုန်းကို နေပြည်တော်သို့ပို့ဆောင် စစ်နေ
ရခိုင်-မြန်မာ အဆိုတော် ဆုမြတ်ထက်ကို စစ်ကောင်စီက စစ်ကြောရေးလုပ်ပြီးနောက် တာမွေရဲစခန်းတွင် ချုပ်နှောင်ထားကာ သူမ၏လက်ကိုင်ဖုန်းကို နေပြည်တော်သို့ပို့ဆောင် စစ်နေ ရန်ကုန်| နိုဝင်ဘာ ၂ ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏…
-
“ပြည်သူတွေ မျှော်လင့်ကြသလို ပူးပေါင်းပြီ🤝 ဆူနာမီလိုလှိုင်းကြီး လာတော့မယ်💪”
“ပြည်သူတွေ မျှော်လင့်ကြသလို ပူးပေါင်းပြီ🤝 ဆူနာမီလိုလှိုင်းကြီး လာတော့မယ်💪”
-
လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်
လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်တွေအများကြီး မြင်ရဖတ်ရပါတယ်။ အဓိက နှစ်ချက်ပြောရရင် မိုးရာသီမကုန်ခင် LDC များရခြင်းနဲ့ လာမည့်နွေအတွက် စိုးရိမ်သောကဖြစ်ကြရခြင်းဆိုပြီး နှစ်ချက် တွေ့ရပါတယ်။ (က)မိုးမကုန်ခင် LDCများနေရခြင်း မှန်ပါတယ်။ Install Capacity အရဖြစ်စေ။ ရေအားကို အားထားရတယ်ဆိုပေမဲ့ လက်ရှိ Generation အချိုးအဆအရ သိပ်မကွာလှပါပု။ လက်ရှိထုတ်လုပ်မှု Update အရဆိုရင် ရေအား 54%နဲ့ GTက 43%နဲ့ အခြား (Solar+ Coal) 3%လောက်နဲ့ မောင်းနှင်နေပါတယ်။ ဒါကိုကြည့်ရင်ပဲ ရေအားသည် ဓာတ်အားစနစ်၏ တဝက်ကျော်ယုံပဲ အလုပ်လုပ်နေရတဲ့လဏ္ခာကို ရှင်းလင်းစွာ မြင်ရပါမယ်။ ရေတမံများ၏ ရေဝင်ရောက်မှု အခြေအနေများကို လေ့လာကြည့်တဲ့အခါမှာလည်း ရေပိုလွှဲမှ ရေကျော်နေတဲ့အခြေအနေဟာ ယနေ့အထိရှိနေပြီး ရေအားစက်တွေ၏ သဘောသဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းအပြည့် လိုက်ပြီး မောင်းနှင်ပေးထားပါတယ်။…
-
ခေါပုပ်စခန်းသိမ်းတိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်များသိမ်းဆည်းရရှိ၊ စခန်းတွင်းစစ်ကောင်စီ ၁၆ ဦးသေဆုံး၊ ထွက်ပြေးသည့်စစ်သားများလိုက်လံရှင်းလင်း
ခေါပုပ်စခန်းသိမ်းတိုက်ပွဲတွင်လက်နက်ကြီးလက်နက်ငယ်များသိမ်းဆည်းရရှိ၊ စခန်းတွင်းစစ်ကောင်စီ ၁၆ ဦးသေဆုံး၊ ထွက်ပြေးသည့်စစ်သားများလိုက်လံရှင်းလင်း Salween Press နို၀င်ဘာလ ၂ ရက်၊ ၂၀၂၄ KNU မူတြော်ခရိုင် အမှတ်၅တပ်မဟာ ဘူးသိုမြို့နယ် ခေါပုပ်အခြေစိုက်စခန်းကို KNLAမဟာမိတ်ပူးပေါင်း တပ်များဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် လက်နက်ကြီးအပါအဝင် လက်နက်ငယ်နှင့် ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့ စခန်းသိမ်းတွင်ပါဝင်သူနဲ့နီးစပ်သည့်သတင်းရင်းမြစ်ထံမှသိရသည်။ “စခန်းသိမ်းဝင်တိုက်တဲ့အချိန်မှာစခန်းထဲမှာစစ်ကောင်စီတပ်သား ၁၆ ေယာက်လောက်သေပြီး ကျန်နေတယ်။ ကျန်တဲ့စစ်သားတွေက စခန်းဆုတ်ပြေးသွားတယ်။ ပြေးသွားတဲ့စစ်သားတွေကို အပြင်မှာလိုက်ပြီးရှင်းလင်းလိုက်တာက စခန်းတွင်းမှာသေဆုံးတဲ့အရေအတွက်ထက်များတယ်။ ဖမ်းဆီးခံရတာလည်းရှိတယ်” လို့ စခန်းသိမ်းတွင်ပါဝင်သူနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။ ခေါပုပ်စခန်းတွင်စုပေါင်းနေထိုင်သည့်စစ်ကောင်စီအင်အားသည် ၁၀၇ဦးသာရှိသည်ဟု အဆိုပါ သတင်းရင်းမြစ်ကဆိုပါတယ်။ “သိမ်းဆည်းရမိတဲ့လက်နက်မှာတော့ 60mm, RPG 7နှင့် 81mm အားလုံး လက်နက် ၂၀ လောက်ရပါတယ်။ လက်နက်ငယ်နဲ့ခဲယမ်းအများအပြားရပါတယ် မိုင်းတွေ၊ ဆက်သွယ်ရေးစက်တွေလည်း သိမ်းဆည်းရမိ ပါတယ်” လို့…
-
ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ
ရခိုင်ကို ပို့ထားတဲ့ စစ်သားတွေ အသေအပျောက်များမှု၊ ထွက်ပြေးနေမှုတွေကြောင့် စစ်မှုထမ်း အပတ်စဉ် (၇) အတွက် ဧရာဝတီတိုင်းမှာ ဖိအားပေးလုပ်ဆောင်နေ နိုဝင်ဘာ ၁၊ ၂၀၂၄ ရခိုင်ပြည်နယ် စစ်မြေပြင်ကို ပို့ခံထားရတဲ့ စစ်သားတွေဟာ အသေအပျောက် များနေကြသလို တချို့လည်း ထွက်ပြေးနေတာကြောင့် စစ်ကောင်စီက အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုကို ပိုမိုလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ အထူးသဖြင့် ဧရာဝတီတိုင်းထဲမှာ ဖိအားပေးလုပ်ဆောင်နေပြီး ဝါးခယ်မမြို့နယ်က ကျေးရွာတချို့မှာဆိုရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းအပတ်စဉ် (၇) အတွက် နိုဝင်ဘာ ၁ရက် ဒီနေ့ နေ့လည်မှာ အစည်းအဝေးပြုလုပ်ကြတယ်လို့ သိရပါတယ်။ “အခု ရခိုင်ဒေသစစ်ပွဲတွေမှာ စစ်သားသစ်တွေအရေးပေါ်လိုနေလို့ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေက စစ်တပ်ထဲဝင်ဖို့ လူသစ်စုဆောင်းပေးနေတာ။ စစ်မှုထမ်းအပတ်စဥ် ၇ အတွက်ဆိုပြီး အစည်းဝေးတွေပါလုပ်နေတယ်”…
-
အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ
အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AA သိမ်းပိုက်ရရှိ ရန်ကုန်၊ နိုဝင်ဘာ ၂ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိတွင်…